အေမရိကန္မွာ ဆႏၵျပ ဆူပူအုံႂကြမႈေတြ သမၼတအိမ္ျဖဴေတာ္အျပင္ဘက္အထိ ျဖစ္ပြားလာခဲ့

အေမရိကန္ႏိုင္ငံတစ္ဝွမ္း ဆႏၵျပ ဆူပူအုံႂကြမႈမ်ား ေျခာက္ရက္ေျမာက္ေန႔အျဖစ္ ဆက္လက္ ျဖစ္ပြားေနခဲ့ပါတယ္။ရဲကဖမ္းဆီးစဥ္ လူမည္းအမ်ိဳးသား ေသဆုံးမႈအေပၚ အေမရိကန္ႏိုင္ငံတစ္ဝွမ္း ဆႏၵျပ ဆူပူအုံႂကြမႈမ်ား ေျခာက္ရက္ေျမာက္ေန႔အျဖစ္ ဆက္လက္ ျဖစ္ပြားေနၿပီး သမၼတအိမ္ျဖဴေတာ္အျပင္ဘက္မွာပင္ တနဂၤေႏြေန႔ (ေမ ၃၁ ရက္) ေႏွာင္းပိုင္းက ဆႏၵျပမႈေတြ ျပင္းထန္ခဲ့ပါတယ္။သမၼတေဒၚနယ္ထရန႔္ အစိုးရကေတာ့ ယခု ျဖစ္ပြားေနတဲ့ ဆူပူအုံႂကြမႈေတြကို ျပည္တြင္းအၾကမ္းဖက္သမားေတြရဲ႕ ေသြးထိုးလႈံ႕ေဆာ္မႈအျဖစ္ ေျပာဆိုထားပါတယ္။ အိမ္ျဖဴေတာ္ေဘးကပ္လ်က္ရွိ ပန္းၿခံငယ္တစ္ခုအတြင္း ဆႏၵျပလူအုပ္နဲ႔ လုံၿခဳံေရးမ်ား အၾကမ္းဖက္ ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။လုံၿခဳံေရးေတြက ဆႏၵျပသူေတြကို မ်က္ရည္ယိုဗုံးမ်ား၊ င႐ုပ္ေကာင္းစပေရးမ်ားနဲ႔ အလင္းဗုံးမ်ားသုံးကာ လူစုခြဲရန္ လုပ္ေဆာင္ခဲ့ၾကပါတယ္။ ဆႏၵျပလူအုပ္က အိမ္ျဖဴေတာ္အနီး မီးရႈိ႕ခဲ့ၾကၿပီး ပစၥည္းမ်ားကို ဖ်က္ဆီးခဲ့ပါတယ္။ မင္နီဆိုးတားျပည္နယ္ မင္နီယာပိုလစ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ေမ ၂၅ ရက္ေန႔က အသက္ ၄၆ ႏွစ္အ႐ြယ္ လူမည္းအမ်ိဳးသား ေဂ်ာ့ဂ်္ဖလြိဳက္ဒ္ကို ရဲကဖမ္းဆီးစဥ္ ရဲအရာရွိတစ္ဦးက ၎ရဲ႕လည္ပင္းအား ဒူးေခါင္းျဖင့္ ဖိနင္းထားခဲ့ရာမွ ေသဆုံးသြားခဲ့ပါတယ္။

ေဂ်ာ့ဂ်္က အသက္ရႉလို႔မရေတာ့ေၾကာင္း ေတာင္းပန္ေျပာၾကားခဲ့ေပမဲ့ ထိုရဲအရာရွိက လည္ပင္းကို ငါးမိနစ္ သို႔မဟုတ္ ၉ မိနစ္ခန႔္အထိ ဖိနင္းထားခဲ့တယ္လို႔ ဆိုပါတယ္။ ထိုျဖစ္ရပ္အေပၚ မေက်မနပ္ျဖစ္ၿပီး ေမ ၂၆ ရက္ မြန္းလြဲပိုင္းက မင္နီယာပိုလစ္ၿမိဳ႕မွာ ဆႏၵျပမႈေတြ စတင္ေပၚေပါက္လာခဲ့ပါတယ္။ ထို႔ေနာက္ ဆႏၵျပမႈေတြကေန ဆူပူအုံႂကြ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားလာခဲ့ၿပီး အေျခအေန ဆိုး႐ြားလာခဲ့ပါတယ္။မင္နီယာပိုလစ္မွာ စတင္ျဖစ္ပြားခဲ့တဲ့ ဆႏၵျပ ဆူပူအုံႂကြမႈေတြဟာ ဝါရွင္တန္ဒီစီ၊ နယူးေယာ့ခ္၊ ေလာ့စ္အိန္ဂ်လိစ္၊ ခ်ီကာဂိုနဲ႔ အတၱလန္တာ အပါအဝင္ အေမရိကန္ႏိုင္ငံတစ္ဝွမ္း ၿမိဳ႕ေပါင္း ၃၀ ထက္မနည္းမွာ ျဖစ္ပြားလာခဲ့ပါတယ္။ ဆႏၵျပမႈမ်ားအျပင္ ဆိုင္မ်ားကို ဖ်က္ဆီးလုယက္မႈ၊ ရဲကားမ်ားကို မီးရႈိးမႈ၊ အေဆာက္အအုံမ်ားကို မီးရႈိ႕မႈ အပါအဝင္ အၾကမ္းဖက္ ဆူပူအုံႂကြမႈေတြ အေမရိကန္တစ္ဝွမ္းမွာ ျဖစ္ပြားေနခဲ့ပါတယ္။

ဆူပူအုံႂကြမႈေတြေၾကာင့္ အေမရိကန္ ၿမိဳ႕ ၂၅ ၿမိဳ႕ထက္မနည္းမွာ ညမထြက္ရအမိန႔္မ်ား ထုတ္ျပန္ထားပါတယ္။ ဆူပူအုံႂကြမႈေတြေၾကာင့္ အေစာင့္တပ္ဖြဲ႕ဝင္ ၅,၀၀၀ ကို ျပည္နယ္ ၁၅ ခုမွာ ျဖန႔္က်ခ်ထားေၾကာင္းလည္း သိရပါတယ္။ ဆႏၵျပ ဆူပူအုံႂကြမႈမ်ားအတြင္း လုယက္ခံရတဲ့ ဆိုင္ရွင္ေတြကို လူအုပ္စုက ဝိုင္းဝန္းထိုးႀကိတ္ ႐ိုက္ႏွက္မႈ၊ ဆႏၵျပလူအုပ္စုအတြင္း ေလာင္စာဆီတင္ယာဥ္ျဖင့္ ဝင္တိုက္မႈေတြ၊ ရဲကားက ဆႏၵျပလူအုပ္ကို ဝင္တိုက္မႈေတြလည္းရွိခဲ့ၿပီး ဝ႐ုန္းသုန္းကား အေျခအေနျဖစ္ေနခဲ့ပါတယ္။

မင္နီယာပိုလစ္မွာ လူမည္းအမ်ိဳးသား ေဂ်ာ့ဂ်္ ေသဆုံးမႈအတြက္ ၎ရဲ႕လည္ပင္းကို ဒူးေခါင္းျဖင့္ ဖိနင္းထားခဲ့တဲ့ အသက္ ၄၄ ႏွစ္အ႐ြယ္ ရဲအရာရွိ Derek Chauvin ကို လူသတ္မႈျဖင့္ စြဲခ်က္တင္ထားပါတယ္။ Derek Chauvin အပါအဝင္ ထိုစဥ္က အတူရွိေနခဲ့တဲ့ ရဲအရာရွိ သုံးဦးကို အလုပ္မွထုတ္ပယ္ခဲ့ေၾကာင္း သိရပါတယ္။ေဂ်ာ့ဂ်္ျဖစ္ရပ္မွာ ပါဝင္ခဲ့ၾကတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြဟာ Derek Chauvin, Thomas Lane, Tou Thao နဲ႔ J Alexander Kueng တို႔ျဖစ္ေၾကာင္း မင္နီယာပိုလစ္ၿမိဳ႕ အာဏာပိုင္ေတြက ထုတ္ျပန္ထားပါတယ္။ Derek Chauvin ကိုေတာ့ ယေန႔ (ဇြန္ ၁ ရက္) ႐ုံးထုတ္စစ္ေဆးမယ္လို႔ ဆိုပါတယ္။ေဂ်ာ့ဂ်္ ေသဆုံးမႈဟာ လတ္တေလာအတြင္း ေဂ်ာ္ဂ်ီယာမွာ Amhaud Arbery နဲ႔ ကင္တက္ကီမွာ Breonna Taylor အမည္ရွိ လူမည္းမ်ား အပါအဝင္ ရဲတပ္ဖြဲ႕ေၾကာင့္ လူအမည္းအေမရိကန္မ်ား ေသဆုံးရမႈအေပၚ ကာလရွည္ၾကာ ေဒါသျဖစ္ေနၾကမႈကို ပိုမိုဆိုး႐ြားလာေစခဲ့ပါတယ္။ ယခုျဖစ္ရပ္ဟာ အေမရိကန္မွာ ဆယ္စုႏွစ္မ်ားအတြင္း အဆိုး႐ြားဆုံး ျပည္သူလူထု ဆူပူအုံႂကြမႈေတြအနက္ တစ္ခုျဖစ္လာခဲ့ပါတယ္။

အေမရိကန္သမၼတ ထရန႔္ကေတာ့ ယခု ျဖစ္ပြားေနတဲ့ အၾကမ္းဖက္ ဆူပူအုံႂကြမႈေတြကို လက္ဝဲစြန္းဝါဒီ ANTIFA နဲ႔ အျခား လက္ဝဲအုပ္စုေတြက ဦးေဆာင္ခဲ့ေၾကာင္းနဲ႔ ၎တို႔က အျပစ္မဲ့သူေတြကို အၾကမ္းဖက္ျခင္း၊ အလုပ္အကိုင္ေတြကို ဖ်က္ဆီးျခင္း၊ စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ေစျခင္းနဲ႔ အေဆာက္အအုံေတြကို မီးရႈိ႕ျခင္းမ်ား လုပ္ေဆာင္ေနၾကေၾကာင္း မွတ္ခ်က္ျပဳ ေျပာခဲ့ပါတယ္။ ေဂ်ာ့ဂ်္ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ၿဗိတိန္၊ နယူးဇီလန္နဲ႔ ဂ်ာမနီတို႔မွာလည္း ဆႏၵျပမႈေတြရွိခဲ့ေၾကာင္း သိရပါတယ္။

Credit Duwun
Source: The Guardian, AFP,

UNICODE

အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြ ဆူပူအုံကြွမှုများ ခြောက်ရက်မြောက်နေ့အဖြစ် ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ရဲကဖမ်းဆီးစဉ် လူမည်းအမျိုးသား သေဆုံးမှုအပေါ် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြ ဆူပူအုံကြွမှုများ ခြောက်ရက်မြောက်နေ့အဖြစ် ဆက်လက် ဖြစ်ပွားနေပြီး သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာပင် တနင်္ဂနွေနေ့ (မေ ၃၁ ရက်) နှောင်းပိုင်းက ဆန္ဒပြမှုတွေ ပြင်းထန်ခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့် အစိုးရကတော့ ယခု ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေကို ပြည်တွင်းအကြမ်းဖက်သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုအဖြစ် ပြောဆိုထားပါတယ်။ အိမ်ဖြူတော်ဘေးကပ်လျက်ရှိ ပန်းခြံငယ်တစ်ခုအတွင်း ဆန္ဒပြလူအုပ်နဲ့ လုံခြုံရေးများ အကြမ်းဖက် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။လုံခြုံရေးတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးများ၊ ငရုပ်ကောင်းစပရေးများနဲ့ အလင်းဗုံးများသုံးကာ လူစုခွဲရန် လုပ်ဆောင်ခဲ့ကြပါတယ်။ ဆန္ဒပြလူအုပ်က အိမ်ဖြူတော်အနီး မီးရှို့ခဲ့ကြပြီး ပစ္စည်းများကို ဖျက်ဆီးခဲ့ပါတယ်။ မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ရဲကဖမ်းဆီးစဉ် ရဲအရာရှိတစ်ဦးက ၎င်းရဲ့လည်ပင်းအား ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့ရာမှ သေဆုံးသွားခဲ့ပါတယ်။

ဂျော့ဂျ်က အသက်ရှူလို့မရတော့ကြောင်း တောင်းပန်ပြောကြားခဲ့ပေမဲ့ ထိုရဲအရာရှိက လည်ပင်းကို ငါးမိနစ် သို့မဟုတ် ၉ မိနစ်ခန့်အထိ ဖိနင်းထားခဲ့တယ်လို့ ဆိုပါတယ်။ ထိုဖြစ်ရပ်အပေါ် မကျေမနပ်ဖြစ်ပြီး မေ ၂၆ ရက် မွန်းလွဲပိုင်းက မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ထို့နောက် ဆန္ဒပြမှုတွေကနေ ဆူပူအုံကြွ အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့ပြီး အခြေအနေ ဆိုးရွားလာခဲ့ပါတယ်။မင်နီယာပိုလစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြ ဆူပူအုံကြွမှုတွေဟာ ဝါရှင်တန်ဒီစီ၊ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ အတ္တလန်တာ အပါအဝင် အမေရိကန်နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၃၀ ထက်မနည်းမှာ ဖြစ်ပွားလာခဲ့ပါတယ်။ ဆန္ဒပြမှုများအပြင် ဆိုင်များကို ဖျက်ဆီးလုယက်မှု၊ ရဲကားများကို မီးရှိုးမှု၊ အဆောက်အအုံများကို မီးရှို့မှု အပါအဝင် အကြမ်းဖက် ဆူပူအုံကြွမှုတွေ အမေရိကန်တစ်ဝှမ်းမှာ ဖြစ်ပွားနေခဲ့ပါတယ်။

ဆူပူအုံကြွမှုတွေကြောင့် အမေရိကန် မြို့ ၂၅ မြို့ထက်မနည်းမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပါတယ်။ ဆူပူအုံကြွမှုတွေကြောင့် အစောင့်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြည်နယ် ၁၅ ခုမှာ ဖြန့်ကျချထားကြောင်းလည်း သိရပါတယ်။ ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း လုယက်ခံရတဲ့ ဆိုင်ရှင်တွေကို လူအုပ်စုက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်မှု၊ ဆန္ဒပြလူအုပ်စုအတွင်း လောင်စာဆီတင်ယာဉ်ဖြင့် ဝင်တိုက်မှုတွေ၊ ရဲကားက ဆန္ဒပြလူအုပ်ကို ဝင်တိုက်မှုတွေလည်းရှိခဲ့ပြီး ဝရုန်းသုန်းကား အခြေအနေဖြစ်နေခဲ့ပါတယ်။

မင်နီယာပိုလစ်မှာ လူမည်းအမျိုးသား ဂျော့ဂျ် သေဆုံးမှုအတွက် ၎င်းရဲ့လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို လူသတ်မှုဖြင့် စွဲချက်တင်ထားပါတယ်။ Derek Chauvin အပါအဝင် ထိုစဉ်က အတူရှိနေခဲ့တဲ့ ရဲအရာရှိ သုံးဦးကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ဂျော့ဂျ်ဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ Derek Chauvin, Thomas Lane, Tou Thao နဲ့ J Alexander Kueng တို့ဖြစ်ကြောင်း မင်နီယာပိုလစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ Derek Chauvin ကိုတော့ ယနေ့ (ဇွန် ၁ ရက်) ရုံးထုတ်စစ်ဆေးမယ်လို့ ဆိုပါတယ်။ဂျော့ဂျ် သေဆုံးမှုဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ပြည်သူလူထု ဆူပူအုံကြွမှုတွေအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရန့်ကတော့ ယခု ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူအုံကြွမှုတွေကို လက်ဝဲစွန်းဝါဒီ ANTIFA နဲ့ အခြား လက်ဝဲအုပ်စုတွေက ဦးဆောင်ခဲ့ကြောင်းနဲ့ ၎င်းတို့က အပြစ်မဲ့သူတွေကို အကြမ်းဖက်ခြင်း၊ အလုပ်အကိုင်တွေကို ဖျက်ဆီးခြင်း၊ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခြင်းနဲ့ အဆောက်အအုံတွေကို မီးရှို့ခြင်းများ လုပ်ဆောင်နေကြကြောင်း မှတ်ချက်ပြု ပြောခဲ့ပါတယ်။ ဂျော့ဂျ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဗြိတိန်၊ နယူးဇီလန်နဲ့ ဂျာမနီတို့မှာလည်း ဆန္ဒပြမှုတွေရှိခဲ့ကြောင်း သိရပါတယ်။

Credit Duwun
Source: The Guardian, AFP,

Leave a Comment