တစ်ချို့လူတွေဆီမှာ ကိုယ်သတိမထားမိလိုက်ခင်မှာ လုပ်မိနေတတ်တဲ့ အကျင့်ဆိုးလေးတွေ ရှိနေတတ်ပါတယ်။ ဒီအကျင့်ဆိုးတွေက အစကတော့ သတိမထားမိပဲ လုပ်မိရာကနေ တဖြည်းဖြည်း စွဲသွားတတ်ပြီး ဖျောက်ရခက်စေတတ်ပါတယ်။ ဒီလိုအကျင့်ဆိုးတွေထဲကမှ လက်သည်းကိုက်တတ်တဲ့ အကျင့်ဆိုးကို မလုပ်မိအောင် ထိန်းထားပေးမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
လက်သည်းရှည်မထားပါနဲ့
လက်သည်းရှည်ထားတဲ့အခါ လက်သည်းကိုက်ဖို့ကို ပိုလှုံဆော်သလို ဖြစ်စေပါတယ်။ ရှည်နေတဲ့ လက်သည်းတွေဟာ ကိုက်ရ ပိုလွယ်ကူစေတဲ့အတွက်ပါ။ ဒါကြောင့် ကိုယ့်မှာ လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် လက်သည်းကို တတ်နိုင်လောက် တိုတိုလေး ညှပ်ထားပါ။ ဒီလိုတိုတိုလေးညှပ်ထားတဲ့အခါ ကိုက်စရာလက်သည်းမရှိတဲ့အတွက် လက်သည်းကိုက်တဲ့အကျင့်ကို ထိန်းပေးနိုင်ပါတယ်။
ရာဘာကွင်းလေးတွေ လက်မှာ ဝတ်ထားပါ
ရာဘာကွင်းလေးတွေကို လက်မှာဝတ်ထားပြီး လက်သည်းကိုက်ချင်လာတဲ့အခါမှာ အာရုံပြောင်းတဲ့အနေနဲ့ အဲဒီ့ရာကွင်းလေးတွေကို ဆော့ပေးလို့ ရပါတယ်။ ဒီနည်းလမ်းကလည်း လက်သည်းကိုက်ခြင်းကို ကာကွယ်နိုင်တဲ့ နည်းလမ်းထဲက တစ်ခုဖြစ်ပါတယ်။
ပီကေဝါးပါ
လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ဖို့အတွက် ပီကေဝါးပါ။ ပါးစပ်က အလုပ်လုပ်နေတဲ့အခါမှာ လက်သည်းကိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးနော်။ ပါးစပ်ထဲမှာ ဘာမှရှိမနေမှ လက်သည်းကိုက်ချင်တဲ့ စိတ်က ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လက်သည်း မကိုက်မိအောင်လို့ ပီကေဆောင်ထားပြီး လက်သည်းကိုက်ချင်စိတ်ဖြစ်လာပြီိဆိုရင် ပီကေဝါးတာမျိုး လုပ်ပေးသင့်ပါတယ်။
လက်လှုပ်ရှားမှု တစ်ခုခု လုပ်နေပါ
လက်က အားနေရင် လက်သည်းကိုက်ချင်စိတ်က ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် လက်ကို အလုပ်ရှုပ်နေအောင် ထားပါ။ ဥပမာ- ဖုန်းကလိနေတာမျိုး၊ ဂိမ်းဆော့နေတာမျိုး ဒါမှမဟုတ် တစ်ခြားလက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်နေတာမျိုး လုပ်ပေးခြင်းက လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ပျောက်သွားစေမှာပါနော်။
Moisturizer လိမ်းပါ
လက်သည်းမကိုက်မိအောင်လို့ လက်မှာ moisturizer လိမ်းပေးထားသင့်ပါတယ်။ လက်က စေးကပ်ကပ်ဖြစ်နေပြီး moisturizer တွေပါးစပ်ထဲရောက်သွားမှာ စိုးတဲ့စိတ်ကြောင့် လက်သည်းမကိုက်မိအောင် ကိုယ့်ကိုယ်ကို တားမိစေမှာဖြစ်ပါတယ်။
Credit to AuntyMay