ဒီေန႔မနက္ပိုးေတြ႕သူတပ္မေတာ္သားေလးဦးကိုႏွစ္ႀကိမ္ေဆးစစ္ခဲ့ရၿပီး ဒုတိယအႀကိမ္မွPositiveအေျဖထြက္

အိႏၵိယကျပန္လာသူ တပ္မေတာ္သား ၁၈ ဦးအနက္ ၄ ဦးမွာ ပိုးေတြ႕ခဲ့တာပါ။ဒီေန႔ ဇြန္လ ၁ ရက္မနက္က ေတြ႕ရွိခဲ့တဲ့ အိႏၵိယျပန္ပိုးေတြ႕လူနာ ၄ ဦးမွာ တပ္မေတာ္သားေတြျဖစ္ၿပီး ပထမအႀကိမ္ ဓာတ္ခြဲနမူနာရယူတုန္းက ေရာဂါပိုးမေတြ႕ရွိခဲ့ဘဲ အခု ဒုတိယအႀကိမ္ စစ္ေဆးေတာ့မွ ေရာဂါပိုးေတြ႕ရွိခဲ့ရတာလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။အိႏၵိယႏိုင္ငံမွာ သင္တန္းတက္ေရာက္ေနတဲ့ တပ္မေတာ္သား ၁၈ ဦးဟာ ေမလ ၂၄ ရက္က အစိုးရရဲ႕ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာႏိုင္ငံကို ျပန္ေရာက္လာၾကၿပီး အဲဒီေန႔မွာပဲ ပထမအႀကိမ္စစ္ေဆးခဲ့ရာ ေရာဂါပိုးမေတြ႕ရွိခဲ့ဘူးလို႔သိရပါတယ္။အဆိုပါတပ္မေတာ္သားေတြနဲ႔ ေလယာဥ္တစ္စီးတည္း စီးလာသူ အိႏၵိယျပန္ ၁၇ ဦးမွာ ေရာဂါပိုးေတြ႕ရွိတယ္လို႔ ေမလ ၃၀ ရက္က က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ေနာက္ ယင္းတပ္မေတာ္သား ၁၈ ဦးကို ဒုတိယအႀကိမ္ ဓာတ္ခြဲစစ္ေဆးခဲ့ရာ ၄ ဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ဇြန္လ ၁ ရက္ေန႔ မနက္ ၇ နာရီမွာ သတင္းထုတ္ျပန္ထားပါတယ္။

“သုေတသနျပဳခ်က္ေတြအရ ပိုးကူးစက္ခံရၿပီးရင္ ခ်က္ခ်င္း ပိုးမေတြ႕ဘူးလို႔ သိရတယ္။ အနည္းဆုံး ငါးရက္ကေန ခုႏွစ္ရက္ေလာက္မွာမွ ပိုးေတြ႕ႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္တယ္။ ေမလ ၃၀ ရက္က အိႏၵိယျပန္ ၁၇ ေယာက္မွာ ပိုးေတြ႕တယ္ဆိုေတာ့ ဒီတပ္မေတာ္သားေတြကလည္း ေလယာဥ္တစ္စီးတည္းစီးလာတာေတာ့ Positive ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုၿပီး ထပ္စစ္ေတာ့ တပ္မေတာ္သား ၄ ေယာက္မွာ Positive ေတြ႕လာတာပါ။ ေလယာဥ္ေပၚမွာကူးတာလို႔ေတာ့ အၾကမ္းဖ်င္းေတာ့ ယူဆရပါတယ္ ” လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

ဒါ့အျပင္ အဆိုပါ ပိုးေတြ႕လူနာ တပ္မေတာ္သား ၄ ဦးနဲ႔ အတူထိေတြ႕ခဲ့သူ က်န္ရွိတဲ့ တပ္မေတာ္သား ၁၄ ဦးကိုလည္း ေနာက္ထက္ ၃ ရက္ သို႔မဟုတ္ ၅ ရက္ၾကာရင္ ထပ္မံၿပီး ေရာဂါပိုးရွိမရွိစစ္ေဆးသြားဖို႔လည္း ရွိေနတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ဆိုပါတယ္။လက္ရွိအခ်ိန္အထိ တပ္မေတာ္သား ငါးဦးအထိ ေရာဂါပိုးေတြ႕ရွိထားၿပီး ပထမဆုံး ပိုးေတြ႕လူနာ တပ္မေတာ္သားကေတာ့ လူနာအမွတ္ ၁၅၆ ျဖစ္ကာ ကုသမႈခံယူၿပီး ပိုးကင္းစင္သြားၿပီလည္းျဖစ္ပါတယ္။ ယခုပိုးေတြ႕လူနာ တပ္မေတာ္သား ၄ ဦးကိုေတာ့ တပ္မေတာ္အသည္းေရာဂါကုအထူးကုေဆး႐ုံႀကီးမွာ ကုသမႈပးမယ္လို႔လည္းသိရပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ ဇြန္လ ၁ ရက္ေန႔အထိ ျပည္ပက ျပန္လာသူ ၄၆ ဦးမွာ ေရာဂါပိုးေတြ႕ထားၿပီး အိႏၵိယကျပန္လာသူ ၂၅ ဥိး၊ မေလးရွားျပန္ ၁၂ ဦး၊ ယူေအအီးျပန္ ၈ ဦးနဲ႔ အီတလျပန္ ၁ ဦးတို႔ျဖစ္ပါတယ္။

Credit Duwun

UNICODE

အိန္ဒိယကပြန်လာသူ တပ်မတော်သား ၁၈ ဦးအနက် ၄ ဦးမှာ ပိုးတွေ့ခဲ့တာပါ။ဒီနေ့ ဇွန်လ ၁ ရက်မနက်က တွေ့ရှိခဲ့တဲ့ အိန္ဒိယပြန်ပိုးတွေ့လူနာ ၄ ဦးမှာ တပ်မတော်သားတွေဖြစ်ပြီး ပထမအကြိမ် ဓာတ်ခွဲနမူနာရယူတုန်းက ရောဂါပိုးမတွေ့ရှိခဲ့ဘဲ အခု ဒုတိယအကြိမ် စစ်ဆေးတော့မှ ရောဂါပိုးတွေ့ရှိခဲ့ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ တပ်မတော်သား ၁၈ ဦးဟာ မေလ ၂၄ ရက်က အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ရောက်လာကြပြီး အဲဒီနေ့မှာပဲ ပထမအကြိမ်စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါတပ်မတော်သားတွေနဲ့ လေယာဉ်တစ်စီးတည်း စီးလာသူ အိန္ဒိယပြန် ၁၇ ဦးမှာ ရောဂါပိုးတွေ့ရှိတယ်လို့ မေလ ၃၀ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့နောက် ယင်းတပ်မတော်သား ၁၈ ဦးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၄ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဇွန်လ ၁ ရက်နေ့ မနက် ၇ နာရီမှာ သတင်းထုတ်ပြန်ထားပါတယ်။

“သုတေသနပြုချက်တွေအရ ပိုးကူးစက်ခံရပြီးရင် ချက်ချင်း ပိုးမတွေ့ဘူးလို့ သိရတယ်။ အနည်းဆုံး ငါးရက်ကနေ ခုနှစ်ရက်လောက်မှာမှ ပိုးတွေ့နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ မေလ ၃၀ ရက်က အိန္ဒိယပြန် ၁၇ ယောက်မှာ ပိုးတွေ့တယ်ဆိုတော့ ဒီတပ်မတော်သားတွေကလည်း လေယာဉ်တစ်စီးတည်းစီးလာတာတော့ Positive ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီး ထပ်စစ်တော့ တပ်မတော်သား ၄ ယောက်မှာ Positive တွေ့လာတာပါ။ လေယာဉ်ပေါ်မှာကူးတာလို့တော့ အကြမ်းဖျင်းတော့ ယူဆရပါတယ် ” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ပိုးတွေ့လူနာ တပ်မတော်သား ၄ ဦးနဲ့ အတူထိတွေ့ခဲ့သူ ကျန်ရှိတဲ့ တပ်မတော်သား ၁၄ ဦးကိုလည်း နောက်ထက် ၃ ရက် သို့မဟုတ် ၅ ရက်ကြာရင် ထပ်မံပြီး ရောဂါပိုးရှိမရှိစစ်ဆေးသွားဖို့လည်း ရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုပါတယ်။လက်ရှိအချိန်အထိ တပ်မတော်သား ငါးဦးအထိ ရောဂါပိုးတွေ့ရှိထားပြီး ပထမဆုံး ပိုးတွေ့လူနာ တပ်မတော်သားကတော့ လူနာအမှတ် ၁၅၆ ဖြစ်ကာ ကုသမှုခံယူပြီး ပိုးကင်းစင်သွားပြီလည်းဖြစ်ပါတယ်။ ယခုပိုးတွေ့လူနာ တပ်မတော်သား ၄ ဦးကိုတော့ တပ်မတော်အသည်းရောဂါကုအထူးကုဆေးရုံကြီးမှာ ကုသမှုပးမယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံမှာတော့ ဇွန်လ ၁ ရက်နေ့အထိ ပြည်ပက ပြန်လာသူ ၄၆ ဦးမှာ ရောဂါပိုးတွေ့ထားပြီး အိန္ဒိယကပြန်လာသူ ၂၅ ဥိး၊ မလေးရှားပြန် ၁၂ ဦး၊ ယူအေအီးပြန် ၈ ဦးနဲ့ အီတလပြန် ၁ ဦးတို့ဖြစ်ပါတယ်။

Credit Duwun

Leave a Comment