COVID-19 ကူးစက္သူဦးေရ ျပန္မ်ားလာသျဖင့္ ေတာင္ကိုရီးယား၌ စာသင္ေက်ာင္းမ်ား ျပန္ပိတ္

ေတာင္ကိုရီးယားႏိုင္ငံ၌ COVID-19 ကူးစက္သူဦးေရ ျပန္တက္လာေသာေၾကာင့္ ႏိုင္ငံတြင္း ဖြင့္လွစ္ခြင့္ျပဳထားသည့္ စာသင္ေက်ာင္းမ်ားကို ျပန္လည္ပိတ္သိမ္းရန္ ၫႊန္ၾကားခ်က္ထုတ္ခဲ့ရသည္။ေတာင္ကိုရီးယား၌ COVID-19 ကူးစက္မႈေလွ်ာ့ခ်ေရး ခ်မွတ္ထားသည့္ ကန္႔သတ္ခ်က္မ်ားကို ေျဖေလွ်ာ့ခဲ့ၿပီးေနာက္ ေမ ၂၇ ရက္တြင္ စာသင္ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့သည္။သို႔ေသာ္ တစ္ရက္အၾကာတြင္ ကူးစက္သူသစ္ ၇၉ ဦးရွိခဲ့ၿပီး ယင္းသည္ ႏွစ္လအတြင္း တစ္ရက္လွ်င္ရွိတတ္သည့္ ကူးစက္သူဦးေရအနက္ အမ်ားဆုံးျဖစ္ခဲ့သည္။ကူးစက္မႈအမ်ားစုသည္ ဆိုးလ္ၿမိဳ႕အျပင္ဘက္ရွိ ကုန္ေလွာင္႐ုံတစ္ခုႏွင့္ ဆက္စပ္ေနသည္။ ဘူခြၽန္ၿမိဳ႕ရွိ သိုေလွာင္႐ုံကို ႏိုင္ငံတြင္းရွိ အႀကီးဆုံးအြန္လိုင္းစီးပြားေရးလုပ္ငန္း Coupang က ပိုင္ဆိုင္ျခင္းျဖစ္သည္။

သိုေလွာင္႐ုံသည္ က်န္းမာေရးဆိုင္ရာလမ္းၫႊန္ခ်က္မ်ားကို လိုက္နာျခင္းမျပဳခဲ့ေၾကာင္း အစိုးရအရာရွိမ်ားကေျပာဆိုခဲ့သည္။ သိုေလွာင္႐ုံရွိ ဝန္ထမ္းမ်ား၏ဖိနပ္မ်ား၊ အဝတ္အစားမ်ားႏွင့္ ကြန္ပ်ဴတာမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္မ်ားကို ေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ထမ္းမ်ားကေျပာဆိုခဲ့သည္။

သိုေလွာင္႐ုံရွိ ဝန္ထမ္းေထာင္ေပါင္းမ်ားစြာကို COVID-19 ရွိမရွိစစ္ေဆးမည္ျဖစ္ေသာေၾကာင့္ ကူးစက္သူဦးေရ ထပ္တိုးလာဦးမည္ျဖစ္သည္။ ေမ ၂၉ ရက္တြင္ ကူးစက္သူသစ္ ၅၈ ဦးရွိခဲ့ေသာေၾကာင့္ ႏိုင္ငံတစ္ဝန္းကူးစက္သူ ၁၁၄၀၂ ဦးရွိခဲ့သည္။ဘူခြၽန္းရွိ စာသင္ေက်ာင္း ၂၅၁ ကို ပိတ္သိမ္းခဲ့ၿပီးျဖစ္သည္။ ၿမိဳ႕ေတာ္ ဆိုးလ္ရွိ စာသင္ေက်ာင္း ၁၁၇ ခုတို႔ကို ဖြင့္မည့္ရက္ေ႐ႊ႕ဆိုင္းရန္ ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနကေျပာဆိုခဲ့သည္ဟု ကိုရီးယားတိုင္းမ္သတင္းစာက ေဖာ္ျပခဲ့သည္။Coupang သိုေလွာင္႐ုံတြင္ လုပ္ကိုင္ေနသည့္ အမ်ိဳးသမီးတစ္ဦး၏ သားသည္လည္း COVID-19 ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ၿပီး ၎သည္ ဆိုးလ္ရွိ စာသင္ေက်ာင္းတစ္ေက်ာင္းတြင္ တက္ေရာက္သင္ယူေနသူျဖစ္သည္။

Credit MyanmarTimes

UNICODE

တောင်ကိုရီးယားနိုင်ငံ၌ COVID-19 ကူးစက်သူဦးရေ ပြန်တက်လာသောကြောင့် နိုင်ငံတွင်း ဖွင့်လှစ်ခွင့်ပြုထားသည့် စာသင်ကျောင်းများကို ပြန်လည်ပိတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ခဲ့ရသည်။တောင်ကိုရီးယား၌ COVID-19 ကူးစက်မှုလျှော့ချရေး ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ပြီးနောက် မေ ၂၇ ရက်တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။သို့သော် တစ်ရက်အကြာတွင် ကူးစက်သူသစ် ၇၉ ဦးရှိခဲ့ပြီး ယင်းသည် နှစ်လအတွင်း တစ်ရက်လျှင်ရှိတတ်သည့် ကူးစက်သူဦးရေအနက် အများဆုံးဖြစ်ခဲ့သည်။ကူးစက်မှုအများစုသည် ဆိုးလ်မြို့အပြင်ဘက်ရှိ ကုန်လှောင်ရုံတစ်ခုနှင့် ဆက်စပ်နေသည်။ ဘူချွန်မြို့ရှိ သိုလှောင်ရုံကို နိုင်ငံတွင်းရှိ အကြီးဆုံးအွန်လိုင်းစီးပွားရေးလုပ်ငန်း Coupang က ပိုင်ဆိုင်ခြင်းဖြစ်သည်။

သိုလှောင်ရုံသည် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာခြင်းမပြုခဲ့ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။ သိုလှောင်ရုံရှိ ဝန်ထမ်းများ၏ဖိနပ်များ၊ အဝတ်အစားများနှင့် ကွန်ပျူတာများတွင် ကိုရိုနာဗိုင်းရပ်စ်များကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများကပြောဆိုခဲ့သည်။

သိုလှောင်ရုံရှိ ဝန်ထမ်းထောင်ပေါင်းများစွာကို COVID-19 ရှိမရှိစစ်ဆေးမည်ဖြစ်သောကြောင့် ကူးစက်သူဦးရေ ထပ်တိုးလာဦးမည်ဖြစ်သည်။ မေ ၂၉ ရက်တွင် ကူးစက်သူသစ် ၅၈ ဦးရှိခဲ့သောကြောင့် နိုင်ငံတစ်ဝန်းကူးစက်သူ ၁၁၄၀၂ ဦးရှိခဲ့သည်။ဘူချွန်းရှိ စာသင်ကျောင်း ၂၅၁ ကို ပိတ်သိမ်းခဲ့ပြီးဖြစ်သည်။ မြို့တော် ဆိုးလ်ရှိ စာသင်ကျောင်း ၁၁၇ ခုတို့ကို ဖွင့်မည့်ရက်ရွှေ့ဆိုင်းရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်ဟု ကိုရီးယားတိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။Coupang သိုလှောင်ရုံတွင် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦး၏ သားသည်လည်း COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ၎င်းသည် ဆိုးလ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် တက်ရောက်သင်ယူနေသူဖြစ်သည်။

Credit MyanmarTimes

Leave a Comment