“ေလယာဥ္ငယ္ ၊သေဘၤာငယ္မ်ားျပဳလုပ္ျပီး ျမန္မာျပည္အႏွံ႔ ပို႔ေဆာင္ ေရာင္းခ်ေနတဲ႔ ျမန္မာလူငယ္ တစ္ဦး”(ရုပ္သံ)

ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္၊ ကြင္းဝိုက္ေက်းရြာမွ အသက္ ၃ဝ အရြယ္ ဦးကိုကိုရဲထြဋ္မွ သူ၏ဝါသနာအရ အခ်ိန္အတန္ၾကာ ေလထဲဝဲပ်ံနိုင္သည့္ ေလယာဥ္ငယ္ အေသးစားမ်ားႏွင့္ ေရေပၚ ခုတ္ေမာင္း နိုင္သည့္ သေဘၤာမ်ားကို ဖန္တီးကာ လာေရာက္ဝယ္ယူသူမ်ားအား ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။ဦးကိုကိုရဲထြဋ္သည္ Remote control ျဖင့္ ေမာင္းနိုင္သည့္ အလ်ား ၁ဝ လက္မ မွ ၈ ေပအထိ ရွည္လ်ားေသာ သေဘၤာအေသးစားမ်ား၊ ၄ ေပမွ ၆ ေပအထိ ရွည္လ်ားေသာ ခရီးသည္တင္ ေလယာဥ္ပုံစံ၊ တိုက္ေလယာဥ္ပုံစံ ေလယာဥ္ငယ္မ်ား၊ လူစီးကိုယ္ပိုင္ေလယာဥ္ငယ္ ပုံစံ စသည့္ ေလယာဥ္အေသးစားမ်ားႏွင့္ ေရျပင္ေပၚတြင္ မိနစ္အနည္းငယ္ၾကာ ခုတ္ေမာင္သြားၿပီးမွ ေလေပၚသို႔ ပ်ံတက္သည့္ ေလယာဥ္ငယ္မ်ားအားဖန္တီး ျပဳလုပ္ကာ ေရာင္းခ်လ်က္ရွိေၾကာင္း ၄င္းက ေျပာသည္။“ ေလယာဥ္ေတြက ပ်ံနိုင္တဲ့ အျမင့္ေပက အတိက် ေျပာမရဘူး။ ေလယာဥ္ဒီဇိုင္း၊ ေလတိုက္ႏႈန္းေတြအေပၚမွာ မူတည္တယ္။ အဲဒါေတြကို လက္ႏွိပ္ကိရိယာ ရီမုတ္နဲ႔ အသုံးျပဳရတာပါ။ ဒါေပမယ့္ လူတက္စီးလို႔ေတာ့ အဆင္မေျပဘူး။အဲဒါေတြကို ေလယာဥ္ကြင္းနဲ႔ နီးတဲ့ေနရာေတြမွာ မေမာင္းရဘူး။ လူအရမ္းမ်ားတဲ့ ေနရာေတြမွာ ဥပေဒအရ မေမာင္းရဘူး။

အေပ်ာ္တမ္းအေနနဲ႔ပဲ သုံးဖို႔အတြက္ပါ။ တခ်ိဳ႕က အမွတ္တရအျဖစ္ သိမ္းထားၾကဖို႔အတြက္လည္း ပါတယ္ေပါ့ ” ဟု ဦးကိုကိုရဲထြဋ္က နိရဥၥရာသို႔ ေျပာသည္။ ၄င္း သေဘၤာႏွင့္ ေလယာဥ္အေသးစားမ်ား ျပဳလုပ္ဖန္တီးရန္ အြန္လိုင္းမွတစ္ဆင့္ ကုန္ၾကမ္းပစၥည္းမ်ားကို မွာယူရျခင္းျဖစ္ၿပီး ျပဳလုပ္ၿပီးျဖစ္ေသာ ၎အေသးစားယာဥ္ငယ္မ်ားအား ျမစ္ႀကီးနား၊ ဘားအံ၊ ျမဝတီ၊ တနသၤာရီ၊ ရန္ကုန္၊ မႏၲေလး၊ မိတၳီလာတို႔မွ ေအာ္ဒါမွာယူသူမ်ားထံ ပို႔ေပးရေၾကာင္းလည္း သူက ဆက္ေျပာသည္။ ဦးကိုကိုရဲထြဋ္မွာ စတုတၳတန္းအရြယ္မွစၿပီး အဆိုပါ ယာဥ္မ်ား

ဖန္တီးရျခင္းကို ဝါသနာပါခဲ့ကာ ၂ဝ၁၆ ခုႏွစ္မွစၿပီး သူ၏ ဝါသနာအား အေကာင္ထည္စေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ေျပာသည္။ “ငယ္ငယ္ကတည္းက အရမ္းဝါသနာပါခဲ့တာပါ။ ကၽြန္ေတာ္ ေလးတန္းတုန္းကဆိုရင္ ေက်ာင္းေနသူငယ္ခ်င္းနဲ႔ ဖိနပ္ေတြမွာ ေမာ္တာေတြ တပ္ၿပီး ေရမွာ ေမ်ာခဲ့ဖူးတယ္။သေဘၤာလုပ္ရတာက ခက္တယ္။ ေလယာဥ္က သိပ္မခက္ဘူး။ သေဘၤာေတြဆိုရင္ သုံးသိန္း၊ ေလးသိန္း၊ ႏွစ္သိန္းခြဲ အဲဒီလို အခ်ိဳ႕ခ်ိဳ႕ ေရာင္းပါတယ္။ ကာဗာအေပၚ မူတည္တာေပါ့။” ဟု ၄င္းက ဆက္ေျပာသည္။

ရုပ္သံၾကည့္ရန္(၁)

ရုပ္သံၾကည့္ရန္ (၂)

ဦးကိုကိုရဲထြဋ္သည္ အသက္ ၃ဝ အရြယ္ခန္႔ရွိၿပီး လက္ရွိတြင္ ယင္း ယာဥ္မ်ားျပဳလုပ္ကာ ေရာင္းခ်ျခင္းျဖင့္ သူ႔မိသားစု၏ စားဝတ္ေနေရးအတြက္ ႀကိဳးပမ္းေနရသူျဖစ္ေၾကာင္းလည္း သိရသည္။

Credit ေဆာင္းဇာျခည္နိရဥၥရာ၊ ေမ ၂၆/ ၂ဝ၂ဝ

UNICODE

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကွင်းဝိုက်ကျေးရွာမှ အသက် ၃ဝ အရွယ် ဦးကိုကိုရဲထွဋ်မှ သူ၏ဝါသနာအရ အချိန်အတန်ကြာ လေထဲဝဲပျံနိုင်သည့် လေယာဉ်ငယ် အသေးစားများနှင့် ရေပေါ် ခုတ်မောင်း နိုင်သည့် သင်္ဘောများကို ဖန်တီးကာ လာရောက်ဝယ်ယူသူများအား ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။ဦးကိုကိုရဲထွဋ်သည် Remote control ဖြင့် မောင်းနိုင်သည့် အလျား ၁ဝ လက်မ မှ ၈ ပေအထိ ရှည်လျားသော သင်္ဘောအသေးစားများ၊ ၄ ပေမှ ၆ ပေအထိ ရှည်လျားသော ခရီးသည်တင် လေယာဉ်ပုံစံ၊ တိုက်လေယာဉ်ပုံစံ လေယာဉ်ငယ်များ၊ လူစီးကိုယ်ပိုင်လေယာဉ်ငယ် ပုံစံ စသည့် လေယာဉ်အသေးစားများနှင့် ရေပြင်ပေါ်တွင် မိနစ်အနည်းငယ်ကြာ ခုတ်မောင်သွားပြီးမှ လေပေါ်သို့ ပျံတက်သည့် လေယာဉ်ငယ်များအား

ဖန်တီး ပြုလုပ်ကာ ရောင်းချလျက်ရှိကြောင်း ၎င်းက ပြောသည်။“ လေယာဉ်တွေက ပျံနိုင်တဲ့ အမြင့်ပေက အတိကျ ပြောမရဘူး။ လေယာဉ်ဒီဇိုင်း၊ လေတိုက်နှုန်းတွေအပေါ်မှာ မူတည်တယ်။ အဲဒါတွေကို လက်နှိပ်ကိရိယာ ရီမုတ်နဲ့ အသုံးပြုရတာပါ။ ဒါပေမယ့် လူတက်စီးလို့တော့ အဆင်မပြေဘူး။အဲဒါတွေကို လေယာဉ်ကွင်းနဲ့ နီးတဲ့နေရာတွေမှာ မမောင်းရဘူး။ လူအရမ်းများတဲ့ နေရာတွေမှာ ဥပဒေအရ မမောင်းရဘူး။အပျော်တမ်းအနေနဲ့ပဲ သုံးဖို့အတွက်ပါ။ တချို့က အမှတ်တရအဖြစ် သိမ်းထားကြဖို့အတွက်လည်း ပါတယ်ပေါ့ ” ဟု ဦးကိုကိုရဲထွဋ်က နိရဉ္စရာသို့ ပြောသည်။ ၎င်း သင်္ဘောနှင့် လေယာဉ်အသေးစားများ ပြုလုပ်ဖန်တီးရန် အွန်လိုင်းမှတစ်ဆင့် ကုန်ကြမ်းပစ္စည်းများကို မှာယူရခြင်းဖြစ်ပြီး ပြုလုပ်ပြီးဖြစ်သော ၎င်းအသေးစားယာဉ်ငယ်များအား မြစ်ကြီးနား၊ ဘားအံ၊ မြဝတီ၊ တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာတို့မှ အော်ဒါမှာယူသူများထံ ပို့ပေးရကြောင်းလည်း သူက ဆက်ပြောသည်။ ဦးကိုကိုရဲထွဋ်မှာ စတုတ္ထတန်းအရွယ်မှစပြီး အဆိုပါ ယာဉ်များ

ဖန်တီးရခြင်းကို ဝါသနာပါခဲ့ကာ ၂ဝ၁၆ ခုနှစ်မှစပြီး သူ၏ ဝါသနာအား အကောင်ထည်စဖော်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောသည်။ “ငယ်ငယ်ကတည်းက အရမ်းဝါသနာပါခဲ့တာပါ။ ကျွန်တော် လေးတန်းတုန်းကဆိုရင် ကျောင်းနေသူငယ်ချင်းနဲ့ ဖိနပ်တွေမှာ မော်တာတွေ တပ်ပြီး ရေမှာ မျောခဲ့ဖူးတယ်။သင်္ဘောလုပ်ရတာက ခက်တယ်။ လေယာဉ်က သိပ်မခက်ဘူး။ သင်္ဘောတွေဆိုရင် သုံးသိန်း၊ လေးသိန်း၊ နှစ်သိန်းခွဲ အဲဒီလို အချို့ချို့ ရောင်းပါတယ်။ ကာဗာအပေါ် မူတည်တာပေါ့။” ဟု ၎င်းက ဆက်ပြောသည်။

ဦးကိုကိုရဲထွဋ်သည် အသက် ၃ဝ အရွယ်ခန့်ရှိပြီး လက်ရှိတွင် ယင်း ယာဉ်များပြုလုပ်ကာ ရောင်းချခြင်းဖြင့် သူ့မိသားစု၏ စားဝတ်နေရေးအတွက် ကြိုးပမ်းနေရသူဖြစ်ကြောင်းလည်း သိရသည်။

Credit ဆောင်းဇာခြည်နိရဉ္စရာ၊ မေ ၂၆/ ၂ဝ၂ဝ

Leave a Comment