အိႏၵိယမွာ သန္း(၈၀)ပမာဏရွိတဲ့ က်ိဳင္းေကာင္ကပ္ဆုိးက်ေရာက္၊ သီးႏွံဧက(၁၂)သိန္းေက်ာ္ပ်က္စီး

အိႏၵိယႏုိင္ငံမွာ က်ိဳင္းေကာင္ေရ သန္းေပါင္း (၈၀)ေလာက္ က်ေရာက္ေနလုိ႔ ေတာင္သူလယ္သမားေတြ အေတာ္ေလး ထိခိုက္နစ္နာေနရပါတယ္။ အာဖရိက ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာလည္း က်ိဳင္းေကာင္ကပ္ဆုိး က်ေရာက္ေနဆဲ ျဖစ္ၿပီး၊ သီးႏွံစုိက္ခင္းေတြ ဖ်က္ဆီးခံေနရပါတယ္။ အိႏၵိယမွာေတာ့ ရက္ပိုင္းသာ ရွိေသးခ်ိန္မွာ စုိက္ခင္း သိန္းနဲ႔ခ်ီ ဖ်က္ဆီးခံခဲ့ရပါတယ္။အခု ေနာက္ဆုံးရရွိထားတဲ့ သတင္းအရ က်ိဳင္းေကာင္ေတြေၾကာင့္ စုိက္ခင္ဧက ဟက္တာ(၅)သိန္းေက်ာ္အထိ ဖ်က္စီးခံထားရပါတယ္။ အဆုိပါ ပမာဏဟာ ဧကအားျဖင့္ဆုိရင္ (၁၂၃၅၅၀၀)ေက်ာ္ ျဖစ္ပါတယ္။ ဒီပမာဏဟာ အလြန္ေၾကာက္စရာ ေကာင္းတဲ့ ပမာဏျဖစ္ၿပီး၊ လယ္ခ်ိန္ယာခ်ိန္မွာ အခုလုိ ကပ္ဆုိး ႀကဳံရတာပါ။ ဆုိရရင္ လူေတြရဲ႕ စားနပ္ရိကၡာပုိင္းအထိ ထိခိုက္လာဖုိ႔ ရွိပါတယ္။

အိႏၵိယမွာ (၁၉၉၅)ခုႏွစ္တုန္းကလည္း က်ိဳင္းေကာင္းကပ္ဆုိး က်ေရာက္ခဲ့ေသးၿပီး၊ အခုအႀကိမ္က အဆုိးဆုံးစံခ်ိန္ျဖစ္ပါတယ္။ တြက္ခ်က္သူေတြအရေတာ့ က်ိဳင္းေကာင္ေတြဟာ အနည္းဆုံး သန္းေပါင္း(၄၀)ကေန (၈၀)အတြင္း ရွိႏုိင္ၿပီး၊ ၎ပမာဏဟာ လူေပါင္း(၃၅၀၀၀)ရဲ႕ တစ္ရက္စာ အစာအဟာရကို စားပစ္ႏုိင္စြမ္းရွိပါတယ္။က်ိဳင္းေကာင္ေတြမ်ားစြာ က်ေရာက္ေနတဲ့ ဓာတ္ပုံမွတ္တမ္းေတြဟာ လူမႈကြန္ရက္ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီး၊ စုိးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။ Rajastha ျပည္နယ္၊ Jaisalmer ၿမိဳ႕အနီးမွာေနထုိင္တဲ့ Prem Sing Gogeli အမည္ရ လယ္သမားႀကီး တစ္ဦးကေတာ့ က်ိဳင္းေကာင္ေတြကို ေမာင္းထုတ္ဖုိ႔ သီးႏွံစုိက္ခင္းေတြကို ပုိးသတ္ေဆးေတြ ျဖန္းထားတယ္လုိ႔ ဆုိပါတယ္။

ဒါတင္မကေသးဘဲ သံေခ်ာင္းေတြကို တခၽြင္ခၽြင္အသံေပးေအာင္ ဖန္တီးထားသလုိ၊ စိုက္ခင္းေတြရဲ႕ ပတ္ပတ္လည္မွာ အသံဆူညံတဲ့ ထရပ္ကားတစ္စီး အခ်ိန္ျပည့္နီးပါး ပတ္ေမာင္းေစကာ က်ိဳင္းေကာင္ေတြကို ေျခာက္လွန္႔ေနတာပါ။ ဒီနည္းဟာ တကယ္ ထိေရာက္တယ္ မထိေရာက္ဘူးဆုိတာ မေသခ်ာေပမယ့္၊ ဒီေလာက္ မ်ားျပားလွတဲ့ က်ိဳင္းေကာင္ေတြကိုေတာ့ တစ္ဦးတစ္ေယာက္တည္းရဲ႕ အစြမ္းနဲ႔ ေမာင္းထုတ္ႏုိင္ဖုိ႔ မလြယ္ပါဘူး။

Credit Celecrazynews
Ref The Sun

UNICODE

အိန္ဒိယနိုင်ငံမှာ ကျိုင်းကောင်ရေ သန်းပေါင်း (၈၀)လောက် ကျရောက်နေလို့ တောင်သူလယ်သမားတွေ အတော်လေး ထိခိုက်နစ်နာနေရပါတယ်။ အာဖရိက နိုင်ငံတော်တော်များများမှာလည်း ကျိုင်းကောင်ကပ်ဆိုး ကျရောက်နေဆဲ ဖြစ်ပြီး၊ သီးနှံစိုက်ခင်းတွေ ဖျက်ဆီးခံနေရပါတယ်။ အိန္ဒိယမှာတော့ ရက်ပိုင်းသာ ရှိသေးချိန်မှာ စိုက်ခင်း သိန်းနဲ့ချီ ဖျက်ဆီးခံခဲ့ရပါတယ်။အခု နောက်ဆုံးရရှိထားတဲ့ သတင်းအရ ကျိုင်းကောင်တွေကြောင့် စိုက်ခင်ဧက ဟက်တာ(၅)သိန်းကျော်အထိ ဖျက်စီးခံထားရပါတယ်။ အဆိုပါ ပမာဏဟာ ဧကအားဖြင့်ဆိုရင် (၁၂၃၅၅၀၀)ကျော် ဖြစ်ပါတယ်။ ဒီပမာဏဟာ အလွန်ကြောက်စရာ ကောင်းတဲ့ ပမာဏဖြစ်ပြီး၊ လယ်ချိန်ယာချိန်မှာ အခုလို ကပ်ဆိုး ကြုံရတာပါ။ ဆိုရရင် လူတွေရဲ့ စားနပ်ရိက္ခာပိုင်းအထိ ထိခိုက်လာဖို့ ရှိပါတယ်။

အိန္ဒိယမှာ (၁၉၉၅)ခုနှစ်တုန်းကလည်း ကျိုင်းကောင်းကပ်ဆိုး ကျရောက်ခဲ့သေးပြီး၊ အခုအကြိမ်က အဆိုးဆုံးစံချိန်ဖြစ်ပါတယ်။ တွက်ချက်သူတွေအရတော့ ကျိုင်းကောင်တွေဟာ အနည်းဆုံး သန်းပေါင်း(၄၀)ကနေ (၈၀)အတွင်း ရှိနိုင်ပြီး၊ ၎င်းပမာဏဟာ လူပေါင်း(၃၅၀၀၀)ရဲ့ တစ်ရက်စာ အစာအဟာရကို စားပစ်နိုင်စွမ်းရှိပါတယ်။ကျိုင်းကောင်တွေများစွာ ကျရောက်နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပြီး၊ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ Rajastha ပြည်နယ်၊ Jaisalmer မြို့အနီးမှာနေထိုင်တဲ့ Prem Sing Gogeli အမည်ရ လယ်သမားကြီး တစ်ဦးကတော့ ကျိုင်းကောင်တွေကို မောင်းထုတ်ဖို့ သီးနှံစိုက်ခင်းတွေကို ပိုးသတ်ဆေးတွေ ဖြန်းထားတယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးဘဲ သံချောင်းတွေကို တချွင်ချွင်အသံပေးအောင် ဖန်တီးထားသလို၊ စိုက်ခင်းတွေရဲ့ ပတ်ပတ်လည်မှာ အသံဆူညံတဲ့ ထရပ်ကားတစ်စီး အချိန်ပြည့်နီးပါး ပတ်မောင်းစေကာ ကျိုင်းကောင်တွေကို ခြောက်လှန့်နေတာပါ။ ဒီနည်းဟာ တကယ် ထိရောက်တယ် မထိရောက်ဘူးဆိုတာ မသေချာပေမယ့်၊ ဒီလောက် များပြားလှတဲ့ ကျိုင်းကောင်တွေကိုတော့ တစ်ဦးတစ်ယောက်တည်းရဲ့ အစွမ်းနဲ့ မောင်းထုတ်နိုင်ဖို့ မလွယ်ပါဘူး။

Credit Celecrazynews
Ref The Sun

Leave a Comment