ချစ်သက်တမ်း ရှစ်နှစ်နဲ့သုံးလပြည့်သွားခဲ့ပြီဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်

တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး လက်ရှိအချိန်ထိလည်း တွဲလက်တွေခိုင်မြဲနေတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့နှစ်ယောက်သားရဲ့ ချစ်သက်တမ်းလေးကတော့ ဒီနေ့မှာပဲ ရှစ်နှစ်နဲ့ သုံးလပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ချစ်ကြပြီး အချိန်တွေအကြာကြီး အတူတူရှိရတဲ့ခံစားချက်က တကယ်ကိုကြည်နူးစရာပါ။

ဝါသနာလည်းတူ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းချင်းလည်းတူသလို အချစ်တွေလည်း ထပ်တူကျတာမို့ နှစ်ယောက်သားက နေနဲ့လ ရွှေနဲ့မြပါပဲ။ ဆိုးအတူကောင်းအတူနဲ့ အခက်အခဲ တွေကို အတူတူဖြတ်သန်းလာခဲ့ပြီး လက်ရှိမှာတော့ အောင်မြင်တဲ့အနုပညာရှင်တွေ အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေကြပါပြီ။

အခုချိန်ထိတော့ နှစ်ယောက်လုံးက ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေဆဲပါပဲ။ နှစ်ယောက်သားရဲ့ ရှစ်နှစ်နဲ့သုံးလပြည့်နှစ်ပတ်လည်လေးကနေ သက်ဆုံးတိုင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Credit – Cele Zone
Photo – Thandar Bo

UNICODE

Leave a Comment