မွန်မလေးတွေ အရမ်းလှကြောင်း အပြစ်ပြောစရာမရှိတဲ့ မျက်နှာလှလှလေးနဲ့ သက်သေပြခဲ့တဲ့ ဝေလာရီ




Source: Wai Lar Ri’s fb

UNICODE

အဆိုတော် လိမ္မော်သီးရဲ့ ညီမလေးဖြစ်သူ ဝေလာရီကတော့ အစ်မဖြစ်သူရဲ့ခြေရာကိုနင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို သရုပ်ဆောင်လည်းကောင်းတဲ့ ဝေလာရီက သူမရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝေလာရီက ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေသလို အစ်မဖြစ်သူနဲ့အတူတူ သီချင်းတွေလည်း သီဆိုနေလျက်ရှိပါတယ်။

မွန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ဝေလာရီက မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကအစ အရမ်းလှတယ်ဆိုတာကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဝေလာရီက ဒီနေ့မှာလည်း သူမရဲ့ ပုံလှလှလေးတွေကို မျှဝေထားကာ ပရိသတ်တွေရဲ့ ရင်ကို အေးမြစေခဲ့တာကို တွေ့ရပါတယ်။

တိုင်းရင်းသူ မွန်မလေး ဝေလာရီကတော့ မျက်လုံး၊ နှာခေါင်း၊ မျက်ခုံး ဘာမှအပြစ်ပြောစရာမရှိအောင် လှရက်လွန်းပါတယ်။ ပရိသတ်ကြီးလည်း ဝေလာရီရဲ့ ပုံလှလှလေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။

Source: Wai Lar Ri’s fb
Credit – Cele Connections

Leave a Comment