လူမႈကြန္ယက္အသံုးျပဳၿပီး ဆရာေတာ္ သံဃာေတာ္မ်ားထံက ေငြလိမ္တဲ့အဖြဲ႕ကို မိၿပီ

ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕မွာ လူမူကြန္ယက္ကို အသုံးျပဳၿပီး ႏိုင္ငံတဝွမ္းရွိ ဆရာေတာ္ သံဃာေတာ္မ်ားထံက ေငြသိန္း(၁၅၀)ေက်ာ္ လိမ္လည္ခဲ့တဲ့အမူအပါအ၀င္ ေနာက္ထပ္ေငြလိမ္မူ(၁၂)မႈ က်ဴးလြန္ခဲ့ၾကတဲ့ အမ်ိဳးသား ၅ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦးပါတဲ့အဖြဲ႕ကို မေန႔ ေမ (၃၀)ရက္ေန႔က ပုသိမ္ၿမိဳ႕မရဲစခန္းကေန ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။လူမူကြန္ယက္မွာ ၾသသုခေအာင္၊ U HlaTwin၊ Eant Hmue kyaw စတဲ့အေကာင့္ေတြက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေငြလိမ္ေနၿပီး WaveMoney ထုတ္ယူတဲ့ေနရာ(၃)ခုဟာ ပုသိမ္ၿမိဳ႕ မွာျဖစ္တယ္လို႔ သိရတဲ့အတြက္ ပုသိမ္ၿမိဳ႕မရဲစခန္းက အမူကိုစုံစမ္းစစ္ေဆးခဲ့ရတယ္လို႔ သိရပါတယ္။

မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာ ဆရာေတာ္ ဦးေသာဘိတထံမွ ေငြက်ပ္ သိန္း ၁၅၀ ကို ေဆးေက်ာင္းတက္ေနစဥ္ ေငြလိုအပ္ေနသျဖင့္ ေခ်းေပးရန္ေတာင္းခံခဲ့ၿပီး မေပးရင္ သတ္ေသမည္ဟု ေတာင္းခဲ့သျဖင့္ ေပးခဲ့ရာမွ ခ်ိန္ဆိုးထားသည့္ေန႔တြင္ ျပန္မေပးေတာ့သျဖင့္ ရဲတပ္ဖြ႕ဲကို လာေရာက္အကူညီေတာင္းခံလို႔ စုံစမ္းရာမွ လိမ္လည္ေနသူေတြ ျဖစ္ေၾကာင္း စတင္သိရွိခဲ့တာလို႔ ပုသိမ္ၿမိဳ႕မရဲစခန္းက စခန္းမႉးက ေျပာပါတယ္။“လာအကူညီေတာင္းတဲ့ ဆရာေတာ္ဆီက အမ်ားဆုံးလိမ္ထားတာ၊ အားလုံးဆိုရင္ေတာ့ ၇ ေယာက္ဖမ္းမိထားတယ္၊ သူတို႔ ေငြထုတ္တဲ့ Wave Money ဆိုင္ေတြမွာ ေစာင့္ၿပီးဖမ္းခဲ့ရတာ၊ တျခားဆရာေတာ္ေတြဆီကလည္း ခုလို နည္းလမ္းမ်ိဳးေတြနဲ႔ လိမ္ထားတာေတြ႕ရတယ္၊ တျခား ျပစ္မႈေတြရွိမရွိကိုေတာ့ ခုဆက္လက္စစ္ေဆးေနပါတယ္” လို႔ ဒုရဲမႉးျမင့္ခင္ ေျပာပါတယ္။

ဆရာေတာ္ သံဃာေတာ္မ်ားထံ ေငြလိမ္လည္သူမ်ားမွာ မက္ဆင္ဂ်ာ မွတဆင့္ ထိုင္းႏိုင္ငံတြင္ ေဆးေက်ာင္းတက္ေနလို႔ ေငြလို အပ္ေနသျဖင့္ ကူညီေပးရန္ ေျပာဆိုၿပီး မကူညီေပးရင္ မိမိ ကိုယ္ကိုသတ္ေသမည္ျဖစ္ေၾကာင္းေျပာဆိုကာ လိမ္လည္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္လို႔ ဆိုပါတယ္။ေငြလိမ္လည္မႈေတြျပဳလုပ္ေနသူေတြက ပုသိမ္ၿမိဳ႕၊ အမွတ္ ၃ ရပ္ကြက္၊ ေအာင္ေမတၲာလမ္းမွာ အိမ္ငွားရမ္းေနထိုင္ၿပီး ၄င္းတို႕ေတြက ပုသိမ္ဇာတိ ၃ ဦးနဲ႕ ငရုတ္ေကာင္း၊ သာေပါင္း၊ ေမာ္ကြ်န္း၊ ေရၾကည္စတဲ့ၿမိဳ႕နယ္ေတြမွာ ေနထိုင္သူေတြျဖစ္ပါတယ္​။ေငြေၾကးလိမ္လည္မႈေတြနဲ႔ ပတ္သက္ၿပီး အသက္ ၂၅ ႏွစ္ေအာက္အ႐ြယ္ေတြျဖစ္တဲ့ ျပည့္စုံ၊ ထက္ဝင္း၊ ျပည့္ၿဖိဳးသြယ္၊ ျမင့္ျမတ္ေအာင္၊ ညီညီထက္ျမတ္၊ မကဗ်ာစိုးဝင္းနဲ႔ မဇြန္ပြင့္ျဖဴတို႔ကို ၿမိဳ႕မရဲစခန္းမွာ (ပ) ၄၁၆/၂၀၂၀၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဂ)နဲ႔ အမႈဖြင့္စစ္ေဆးေနၿပီး အမႈနဲ႔မသက္ဆိုင္သူမ်ားလည္း ရွိလာႏိုင္ေၾကာင္း ပုသိမ္ၿမိဳ႕မရဲစခန္းမွ သိရပါတယ္။

UNICODE

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လူမူကွန်ယက်ကို အသုံးပြုပြီး နိုင်ငံတဝှမ်းရှိ ဆရာတော် သံဃာတော်များထံက ငွေသိန်း(၁၅၀)ကျော် လိမ်လည်ခဲ့တဲ့အမူအပါအဝင် နောက်ထပ်ငွေလိမ်မူ(၁၂)မှု ကျူးလွန်ခဲ့ကြတဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးပါတဲ့အဖွဲ့ကို မနေ့ မေ (၃၀)ရက်နေ့က ပုသိမ်မြို့မရဲစခန်းကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။လူမူကွန်ယက်မှာ သြသုခအောင်၊ U HlaTwin၊ Eant Hmue kyaw စတဲ့အကောင့်တွေက အကြောင်းအမျိုးမျိုးနဲ့ ငွေလိမ်နေပြီး WaveMoney ထုတ်ယူတဲ့နေရာ(၃)ခုဟာ ပုသိမ်မြို့ မှာဖြစ်တယ်လို့ သိရတဲ့အတွက် ပုသိမ်မြို့မရဲစခန်းက အမူကိုစုံစမ်းစစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ဆရာတော် ဦးသောဘိတထံမှ ငွေကျပ် သိန်း ၁၅၀ ကို ဆေးကျောင်းတက်နေစဉ် ငွေလိုအပ်နေသဖြင့် ချေးပေးရန်တောင်းခံခဲ့ပြီး မပေးရင် သတ်သေမည်ဟု တောင်းခဲ့သဖြင့် ပေးခဲ့ရာမှ ချိန်ဆိုးထားသည့်နေ့တွင် ပြန်မပေးတော့သဖြင့် ရဲတပ်ဖွ့ဲကို လာရောက်အကူညီတောင်းခံလို့ စုံစမ်းရာမှ လိမ်လည်နေသူတွေ ဖြစ်ကြောင်း စတင်သိရှိခဲ့တာလို့ ပုသိမ်မြို့မရဲစခန်းက စခန်းမှူးက ပြောပါတယ်။“လာအကူညီတောင်းတဲ့ ဆရာတော်ဆီက အများဆုံးလိမ်ထားတာ၊ အားလုံးဆိုရင်တော့ ၇ ယောက်ဖမ်းမိထားတယ်၊ သူတို့ ငွေထုတ်တဲ့ Wave Money ဆိုင်တွေမှာ စောင့်ပြီးဖမ်းခဲ့ရတာ၊ တခြားဆရာတော်တွေဆီကလည်း ခုလို နည်းလမ်းမျိုးတွေနဲ့ လိမ်ထားတာတွေ့ရတယ်၊ တခြား ပြစ်မှုတွေရှိမရှိကိုတော့ ခုဆက်လက်စစ်ဆေးနေပါတယ်” လို့ ဒုရဲမှူးမြင့်ခင် ပြောပါတယ်။

ဆရာတော် သံဃာတော်များထံ ငွေလိမ်လည်သူများမှာ မက်ဆင်ဂျာ မှတဆင့် ထိုင်းနိုင်ငံတွင် ဆေးကျောင်းတက်နေလို့ ငွေလို အပ်နေသဖြင့် ကူညီပေးရန် ပြောဆိုပြီး မကူညီပေးရင် မိမိ ကိုယ်ကိုသတ်သေမည်ဖြစ်ကြောင်းပြောဆိုကာ လိမ်လည်မှုတွေ ပြုလုပ်ခဲ့တာဖြစ်လို့ ဆိုပါတယ်။ငွေလိမ်လည်မှုတွေပြုလုပ်နေသူတွေက ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ အိမ်ငှားရမ်းနေထိုင်ပြီး ၎င်းတို့တွေက ပုသိမ်ဇာတိ ၃ ဦးနဲ့ ငရုတ်ကောင်း၊ သာပေါင်း၊ မော်ကျွန်း၊ ရေကြည်စတဲ့မြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်ပါတယ်။ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး အသက် ၂၅ နှစ်အောက်အရွယ်တွေဖြစ်တဲ့ ပြည့်စုံ၊ ထက်ဝင်း၊ ပြည့်ဖြိုးသွယ်၊ မြင့်မြတ်အောင်၊ ညီညီထက်မြတ်၊ မကဗျာစိုးဝင်းနဲ့ မဇွန်ပွင့်ဖြူတို့ကို မြို့မရဲစခန်းမှာ (ပ) ၄၁၆/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ)နဲ့ အမှုဖွင့်စစ်ဆေးနေပြီး အမှုနဲ့မသက်ဆိုင်သူများလည်း ရှိလာနိုင်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရပါတယ်။

Leave a Comment