မဂၤလာသက္တမ္း (၂) ႏွစ္ ျပည့္သြားခဲ့ၿပီျဖစ္တဲ့ ေအာင္သူနဲ႔ ပိုးအိအိခန႔္

ေပ်ာ္စရာမိသားစုဘဝေလးမွာ ေအးခ်မ္းေနတဲ့ ေအာင္သူနဲ႔ ပိုးအိအိခန႔္တို႔ ဇနီးေမာင္ႏွံဟာ ဒီေန႔မွာ မဂၤလာသက္တမ္း (၂) ျပည့္သြားခဲ့ပါ ၿပီ။ ခ်စ္စရာသားေလးကိုလည္း ပိုင္ဆိုင္ထားၿပီး ဆည္းလည္းေလးေၾကာင့္ အိမ္ေလးက ပိုၿပီးစိုေျပလာခဲ့ပါတယ္။ ေဘာလုံးသမားနဲ႔ မင္းသမီးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးဟာ အလွပဆုံးအိမ္ေထာင္တစ္ခုအျဖစ္ အသက္ဝင္သြားခဲ့ပါတယ္။

ခင္ပြန္းရဲ႕ ခပ္ေျပာင္ေျပာင္ပုံေလးကိုလည္း ” ဒီ အိမ္တြင္းငေပါေလးလို႔ ယူဆရသူနဲ႔ အခုဆို (၂) ႏွစ္ေတာင္ ရွိခဲ့ၿပီေပါ့ တကယ္ေတာ့ ဒီပုံေလးက မႏွစ္က bkk မွာ ကိုယ္ဗိုက္ႀကီးေနတုန္း မိန္းမကို ေပ်ာ္ေအာင္လိုက္စေနတဲ့ပုံ အျပင္မွာ အေနေအးသူႀကီးက သူလားဆိုၿပီး ႐ိုက္ယူထားတာ အခုေတာ့ သူက ကိုယ္တင္မဟုတ္ သူ႔သားေရွ႕မွာပါ ေပါရဲသူျဖစ္ေနပါပီေနာ္ ” ဆိုၿပီး ခ်စ္စႏိုးနဲ႔ ေဝမွ်ခဲ့ပါတယ္။

ႏွစ္ပတ္လည္ဆုေတာင္းေလးကိုေတာ့ ” ဒီေန႔ လို ေမ (၃၁) လြန္ခဲ့တဲ့ (၂) ႏွစ္မွာ ႏွစ္ေယာက္လုံး ဘဝခရီးလမ္းကို အတူတူေလွ်ာက္ဖို႔ ဆုံးျဖတ္ခ်က္ေတြ ခိုင္ခိုင္မာမာခ်ၿပီး တရား႐ုံးေရွ႕ေမွာက္ လက္ထပ္စာခ်ဳပ္ေပၚ လက္မွတ္ေရးထိုးခဲ့တာ အခုဆို သားေလးတစ္ေယာက္ ေတာင္ရၿပီေပါ့ လား Happy 2 Years Anniversary ပါေနာ္ ေယာက်ာ္း အခုထက္ပိုၿပီး ေပ်ာ္႐ႊင္သာယာတဲ့ ဘဝကို ႏွစ္ေယာက္အတူ ဖန္တီးၿပီး ေလွ်ာက္လွမ္းႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းပါတယ္ ေယာက်ာ္းေရ အၿမဲတမ္း မိန္းမစကားကို အေလးထားၿပီးတန္ဖိုးထား ေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ရွင္ ဟိုတုန္းကထက္ပိုခ်စ္တယ္ေနာ္ ကေလးအေဖ ” ဆိုၿပီး ၾကည္ၾကည္ႏူးႏူးေလး ေျပာခဲ့ပါ တယ္။

Credit – Cele Zone
Photo -Poe Ei Ei Khant

UNICODE

ပျော်စရာမိသားစုဘဝလေးမှာ အေးချမ်းနေတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ ဇနီးမောင်နှံဟာ ဒီနေ့မှာ မင်္ဂလာသက်တမ်း (၂) ပြည့်သွားခဲ့ပါ ပြီ။ ချစ်စရာသားလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဆည်းလည်းလေးကြောင့် အိမ်လေးက ပိုပြီးစိုပြေလာခဲ့ပါတယ်။ ဘောလုံးသမားနဲ့ မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ အလှပဆုံးအိမ်ထောင်တစ်ခုအဖြစ် အသက်ဝင်သွားခဲ့ပါတယ်။

ခင်ပွန်းရဲ့ ခပ်ပြောင်ပြောင်ပုံလေးကိုလည်း ” ဒီ အိမ်တွင်းငပေါလေးလို့ ယူဆရသူနဲ့ အခုဆို (၂) နှစ်တောင် ရှိခဲ့ပြီပေါ့ တကယ်တော့ ဒီပုံလေးက မနှစ်က bkk မှာ ကိုယ်ဗိုက်ကြီးနေတုန်း မိန်းမကို ပျော်အောင်လိုက်စနေတဲ့ပုံ အပြင်မှာ အနေအေးသူကြီးက သူလားဆိုပြီး ရိုက်ယူထားတာ အခုတော့ သူက ကိုယ်တင်မဟုတ် သူ့သားရှေ့မှာပါ ပေါရဲသူဖြစ်နေပါပီနော် ” ဆိုပြီး ချစ်စနိုးနဲ့ ဝေမျှခဲ့ပါတယ်။

နှစ်ပတ်လည်ဆုတောင်းလေးကိုတော့ ” ဒီနေ့ လို မေ (၃၁) လွန်ခဲ့တဲ့ (၂) နှစ်မှာ နှစ်ယောက်လုံး ဘဝခရီးလမ်းကို အတူတူလျှောက်ဖို့ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာချပြီး တရားရုံးရှေ့မှောက် လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးခဲ့တာ အခုဆို သားလေးတစ်ယောက် တောင်ရပြီပေါ့ လား Happy 2 Years Anniversary ပါနော် ယောကျာ်း အခုထက်ပိုပြီး ပျော်ရွှင်သာယာတဲ့ ဘဝကို နှစ်ယောက်အတူ ဖန်တီးပြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ယောကျာ်းရေ အမြဲတမ်း မိန်းမစကားကို အလေးထားပြီးတန်ဖိုးထား ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင် ဟိုတုန်းကထက်ပိုချစ်တယ်နော် ကလေးအဖေ ” ဆိုပြီး ကြည်ကြည်နူးနူးလေး ပြောခဲ့ပါ တယ်။

Credit – Cele Zone
Photo -Poe Ei Ei Khant

Leave a Comment