SpaceX Falcon 9 အာကာသ ခရီးစဥ္ ကို ေအာင္ျမင္စြာ လႊတ္တင္ႏိုင္ခဲ့

စေပ့အိတ္စ္ အာကာသ ခရီးစဥ္ကို ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ပါၿပီ။ ဒါဟာ လြန္ခဲ့တဲ့ ၉ ႏွစ္မွာ နာဆာရဲ႕ လူလိုက္ပါတဲ့ အာကာသခရီးအဆုံးသတ္ခဲ့ၿပီးေနာက္ ျပင္ပကုမၸဏီ တစ္ခုက တည္ေဆာက္တဲ့ အာကာသယာဥ္မွာ နာဆာရဲ႕ ယာဥ္မႉးေတြ ပထမဆုံး လိုက္ပါတဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။ေဒါ့ခ္နဲ႔ ေဘာ့ဘ္ တို႔ လိုက္ပါသြားတဲ့ အာကာယာဥ္ဟာ ႏိုင္ငံတကာ အာကာသ စခန္းရွိရာကို ဦးတည္ၿပီး သြားေရာက္ေနတာျဖစ္ပါတယ္။ ၁၉ နာရီၾကာ ခရီးႏွင္ၿပီး မနက္ဖန္ မနက္ပိုင္းမွာ ေရာက္ရွိမွာပါ။

ဒုံးပ်ံ မလႊတ္တင္မီကေလးတင္မွာပဲ အာကာသယာဥ္မႉး Hurley က ဒီဖေယာင္းတိုင္ကို မီးထြန္းညႇိၾကပါစို႔ ဆိုၿပီး တင္စား ေျပာသြားခဲ့ပါေသးတယ္။အေမရိကန္ အာကာသေလ့လာေရး ေအဂ်င္စီ နာဆာ အေနနဲ႔ ကိုယ္ပိုင္ အာကာသယာဥ္ ထုတ္လုပ္မႈကို ရပ္ဆိုင္းၿပီး အီလြန္မက္စ္ ရဲ႕ တက္စ္လာ ကုမၸဏီက ထုတ္လုပ္တဲ့ ယာဥ္ ကို အငွားအသုံးျပဳတဲ့ သမိုင္းဝင္ ခရီးစဥ္ တစ္ခုလည္းျဖစ္ပါတယ္။ကမာၻ႔ၿဂိဳဟ္ပတ္လမ္းထဲကို အခုလို ေအာင္ေအာင္ျမင္ျမင္ လႊတ္တင္ႏိုင္လို႔ ဒါဟာ ပုဂၢလိက ကုမၸဏီလုပ္ ဒုံးပ်ံနဲ႔ လႊတ္တင္တဲ့ ပထမဆုံး အာကာသခရီးစဥ္အျဖစ္ သမိုင္းတြင္သြားခဲ့ၿပီ ျဖစ္ပါတယ္။၁၀ စုႏွစ္တခုနီးပါးအတြင္း အေမရိကန္ေျမေပၚကေန အာကာသယာဥ္ ျပန္လည္ပစ္လႊတ္ႏိုင္တာလည္း ျဖစ္ပါတယ္။

အေမရိကန္သမၼတ Donald Trump နဲ႔ ဒုတိယသမၼတ Mike Pence ဖေလာ္ရီဒါျပည္နယ္ကို ဒီအပတ္ထဲ ဒုတိယအႀကိမ္အျဖစ္ သြားေရာက္ၿပီး SpaceX ဒုံးပ်ံ ပစ္လႊတ္တာကို ၾကည့္ရႈခဲ့ၾကပါတယ္။ သူတို႔နဲ႔အတူ အြန္လိုင္းက ၾကည့္ရႈသူ ၃ သန္းေက်ာ္လည္း ဒီ ဒုံးပ်ံလႊတ္တင္တာကို ၾကည့္ခဲ့ၾကပါတယ္။SpaceX ဒုံးပ်ံကို ကယ္လီဖိုးနီးယားအေျခစိုက္ ဘီလီယံနာသူေဌး Elon Musk ပိုင္တဲ့ SpaceX Aerospace က တည္ေဆာက္ခဲ့တာပါ။SpaceX အာကာသယာဥ္ကို ဖေလာ္ရီဒါျပည္နယ္ ကေနဒီ အာကာသစခန္းကေန ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က လႊတ္တင္ဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္ ရာသီဥတု အေျခအေနေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ကမာၻပတ္လမ္းေၾကာင္းထဲမွာ လည္ပတ္ေနတဲ့ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းဆီ လူလိုက္ပါတဲ့ အာကာသယာဥ္ကို အေမရိကန္ေျမေပၚကေန လႊတ္တင္တာေတြကို ၂၀၁၁ ခုႏွစ္တည္းက ရပ္ဆိုင္းထားခဲ့တဲ့အတြက္ ႐ုရွားအာကာသေအဂ်င္စီနဲ႔ ပူးေပါင္းၿပီး အေမရိကန္ အာကာသယာဥ္မႉးေတြကို အျပည္ျပည္ဆိုင္ရာ အာကာသစခန္းဆီ ေစလႊတ္ေနခဲ့တာပါ။SpaceX Falcon 9 ဒုံးပ်ံကို ကမာၻပတ္လမ္းထဲ အခုလို ေအာင္ေအာင္ျမင္ျမင္နဲ႔ လႊတ္တင္ႏိုင္ခဲ့တာေၾကာင့္ ဒီဇိုင္းအသစ္ ျပဳလုပ္ထားတဲ့ Crew Dragon အာကာသယာဥ္ထဲ လိုက္ပါသြားတဲ့ အာကာသယာဥ္မႉး Hurley နဲ႔ Behnken တို႔ ၂ ဦးဟာ ကမာၻပတ္လမ္းမွာ ၁၉ နာရီၾကာေအာင္ ေနၿပီးတဲ့ေနာက္ ႏိုင္ငံတကာ အာကာသစခန္းနဲ႔ ခ်ိတ္ဆက္မွာ ျဖစ္ပါတယ္။

Credit sportsreaderr

UNICODE

စပေ့အိတ်စ် အာကာသ ခရီးစဉ်ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါပြီ။ ဒါဟာ လွန်ခဲ့တဲ့ ၉ နှစ်မှာ နာဆာရဲ့ လူလိုက်ပါတဲ့ အာကာသခရီးအဆုံးသတ်ခဲ့ပြီးနောက် ပြင်ပကုမ္ပဏီ တစ်ခုက တည်ဆောက်တဲ့ အာကာသယာဉ်မှာ နာဆာရဲ့ ယာဉ်မှူးတွေ ပထမဆုံး လိုက်ပါတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ဒေါ့ခ်နဲ့ ဘော့ဘ် တို့ လိုက်ပါသွားတဲ့ အာကာယာဉ်ဟာ နိုင်ငံတကာ အာကာသ စခန်းရှိရာကို ဦးတည်ပြီး သွားရောက်နေတာဖြစ်ပါတယ်။ ၁၉ နာရီကြာ ခရီးနှင်ပြီး မနက်ဖန် မနက်ပိုင်းမှာ ရောက်ရှိမှာပါ။

ဒုံးပျံ မလွှတ်တင်မီကလေးတင်မှာပဲ အာကာသယာဉ်မှူး Hurley က ဒီဖယောင်းတိုင်ကို မီးထွန်းညှိကြပါစို့ ဆိုပြီး တင်စား ပြောသွားခဲ့ပါသေးတယ်။အမေရိကန် အာကာသလေ့လာရေး အေဂျင်စီ နာဆာ အနေနဲ့ ကိုယ်ပိုင် အာကာသယာဉ် ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး အီလွန်မက်စ် ရဲ့ တက်စ်လာ ကုမ္ပဏီက ထုတ်လုပ်တဲ့ ယာဉ် ကို အငှားအသုံးပြုတဲ့ သမိုင်းဝင် ခရီးစဉ် တစ်ခုလည်းဖြစ်ပါတယ်။ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲကို အခုလို အောင်အောင်မြင်မြင် လွှတ်တင်နိုင်လို့ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီလုပ် ဒုံးပျံနဲ့ လွှတ်တင်တဲ့ ပထမဆုံး အာကာသခရီးစဉ်အဖြစ် သမိုင်းတွင်သွားခဲ့ပြီ ဖြစ်ပါတယ်။၁၀ စုနှစ်တခုနီးပါးအတွင်း အမေရိကန်မြေပေါ်ကနေ အာကာသယာဉ် ပြန်လည်ပစ်လွှတ်နိုင်တာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ ဒုတိယသမ္မတ Mike Pence ဖလော်ရီဒါပြည်နယ်ကို ဒီအပတ်ထဲ ဒုတိယအကြိမ်အဖြစ် သွားရောက်ပြီး SpaceX ဒုံးပျံ ပစ်လွှတ်တာကို ကြည့်ရှုခဲ့ကြပါတယ်။ သူတို့နဲ့အတူ အွန်လိုင်းက ကြည့်ရှုသူ ၃ သန်းကျော်လည်း ဒီ ဒုံးပျံလွှတ်တင်တာကို ကြည့်ခဲ့ကြပါတယ်။SpaceX ဒုံးပျံကို ကယ်လီဖိုးနီးယားအခြေစိုက် ဘီလီယံနာသူဌေး Elon Musk ပိုင်တဲ့ SpaceX Aerospace က တည်ဆောက်ခဲ့တာပါ။SpaceX အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တင်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ရာသီဥတု အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းထဲမှာ လည်ပတ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆီ လူလိုက်ပါတဲ့ အာကာသယာဉ်ကို အမေရိကန်မြေပေါ်ကနေ လွှတ်တင်တာတွေကို ၂၀၁၁ ခုနှစ်တည်းက ရပ်ဆိုင်းထားခဲ့တဲ့အတွက် ရုရှားအာကာသအေဂျင်စီနဲ့ ပူးပေါင်းပြီး အမေရိကန် အာကာသယာဉ်မှူးတွေကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆီ စေလွှတ်နေခဲ့တာပါ။SpaceX Falcon 9 ဒုံးပျံကို ကမ္ဘာပတ်လမ်းထဲ အခုလို အောင်အောင်မြင်မြင်နဲ့ လွှတ်တင်နိုင်ခဲ့တာကြောင့် ဒီဇိုင်းအသစ် ပြုလုပ်ထားတဲ့ Crew Dragon အာကာသယာဉ်ထဲ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူး Hurley နဲ့ Behnken တို့ ၂ ဦးဟာ ကမ္ဘာပတ်လမ်းမှာ ၁၉ နာရီကြာအောင် နေပြီးတဲ့နောက် နိုင်ငံတကာ အာကာသစခန်းနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။

Credit sportsreaderr

Leave a Comment