(၁၀) ႏွစ္ၾကာခဲ့ၿပီျဖစ္ေပမဲ့ မိခင္ျဖစ္သူကို သတိရေနဆဲျဖစ္တဲ့ ၿဖိဳးျပည့္စုံ

သီခ်င္းေအးေလးေတြနဲ႔ ပရိသတ္ႀကိဳက္ႏွစ္သက္မႈကိုရရွိထားတဲ့အဆိုေတာ္ေတြထဲမွာေတာ့ၿဖိဳးျပည့္စုံလည္း အပါအဝင္ပါ။ ၿဖိဳးျပည့္စုံကေတာ့ မၾကာေသးခင္ကပဲ “အိမ္မက္ေတြေနာက္လိုက္ေနတယ္” ဆိုတဲ့ သီခ်င္းသစ္ထြက္ရွိထားတာျဖစ္ၿပီး ပရိသတ္ႀကိဳက္ႏွစ္သက္ေနရတာလည္း ျဖစ္ပါတယ္။

ၿဖိဳးျပည့္စုံကေတာ့ မိဘနဲ႔ဆရာသမားကို မေမ့တတ္တဲ့လူတစ္ေယာက္ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ “၁၀ ႏွစ္ျပည့္ သတိတရ လြမ္းဆြတ္ျခင္း…စာစကားေတြ အမ်ားႀကီး မေရးေတာ့ပါဘူး..အေမ သံသရာလြတ္ေၾကာင္း အေထာက္ပံ့ေကာင္းေတြ ေကာင္းစြာရွာေဖြႏိုင္ပါေစ…သားလည္း ႀကိဳးစားေနပါတယ္…(P.S. နက္ျဖန္ဆို ဆရာေကေအတီ ဆုံးတာ ၇ႏွစ္ျပည့္)”ဆိုၿပီးေတာ့ မိခင္ျဖစ္သူရဲ႕ပုံေလးနဲ႔အတူ ေရးသားထားတာပါ။

(၂၀၁၀)ခုႏွစ္က Melody World ၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ၿဖိဳးျပည့္စုံကေတာ့ ဒီေန႔မွာနာမည္ႀကီးအဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ေနပါၿပီ။သူကေတာ့ ေအာင္ျမင္မႈမ်ားစြာမရရွိခင္ လြန္ခဲ့တဲ့(၁၀)ႏွစ္ကဆုံးပါးသြားခဲ့တဲ့ မိခင္ျဖစ္သူကိုလည္း မေမ့မလ်ာ့ဘဲ လြမ္းဆြတ္တမ္းတေနဆဲပါပဲေနာ္…

Credit Celegabar
Source : PhyoPyaeSone

UNICODE

သီချင်းအေးလေးတွေနဲ့ ပရိသတ်ကြိုက်နှစ်သက်မှုကိုရရှိထားတဲ့အဆိုတော်တွေထဲမှာတော့ဖြိုးပြည့်စုံလည်း အပါအဝင်ပါ။ ဖြိုးပြည့်စုံကတော့ မကြာသေးခင်ကပဲ “အိမ်မက်တွေနောက်လိုက်နေတယ်” ဆိုတဲ့ သီချင်းသစ်ထွက်ရှိထားတာဖြစ်ပြီး ပရိသတ်ကြိုက်နှစ်သက်နေရတာလည်း ဖြစ်ပါတယ်။

ဖြိုးပြည့်စုံကတော့ မိဘနဲ့ဆရာသမားကို မမေ့တတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “၁၀ နှစ်ပြည့် သတိတရ လွမ်းဆွတ်ခြင်း…စာစကားတွေ အများကြီး မရေးတော့ပါဘူး..အမေ သံသရာလွတ်ကြောင်း အထောက်ပံ့ကောင်းတွေ ကောင်းစွာရှာဖွေနိုင်ပါစေ…သားလည်း ကြိုးစားနေပါတယ်…(P.S. နက်ဖြန်ဆို ဆရာကေအေတီ ဆုံးတာ ၇နှစ်ပြည့်)”ဆိုပြီးတော့ မိခင်ဖြစ်သူရဲ့ပုံလေးနဲ့အတူ ရေးသားထားတာပါ။

(၂၀၁၀)ခုနှစ်က Melody World ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဖြိုးပြည့်စုံကတော့ ဒီနေ့မှာနာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပါပြီ။သူကတော့ အောင်မြင်မှုများစွာမရရှိခင် လွန်ခဲ့တဲ့(၁၀)နှစ်ကဆုံးပါးသွားခဲ့တဲ့ မိခင်ဖြစ်သူကိုလည်း မမေ့မလျာ့ဘဲ လွမ်းဆွတ်တမ်းတနေဆဲပါပဲနော်…

Credit Celegabar
Source : PhyoPyaeSone

Leave a Comment