မိုးရွာထဲမှာ စွန့်ပစ်ခံလိုက်ရတဲ့ ကလေးငယ်ရဲ့ စိတ်မကောင်းဖွယ်အဖြစ်




Credit to Original

UNICODE

မေ၃၀ရက် ည၁၁နာရီအချိန်က မိုးရွာနေချိန် မန္တလေးမြို့၊ ၈၃လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြား၊ ဈေးချိုတော်အနီးတွင် မွေးကင်းစကလေးငယ်တဦးကို စွန့်ပစ်သွားခဲ့ကြသည်။

စွန်ပစ်ခံရ၍ မိုးရေထဲ ခြင်များကိုက်သဖြင့် ငိုကြွေးနေသည့် ကလေးငယ်ကို သာသနာ့ပါလအသင်းမှ ဆက်သွယ်အကြောင်းကြားမှုကြောင့် မေ၃၀ရက် ည၁၁နာရီအချိန် သွားရောက်ခေါ်ယူခဲ့ကာ ကုတင် ၅၅၀ ကလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကလေးငယ်မှာ ကိုယ်အလေးချိန် ၄ပေါင်သာရှိပြီး အသားအ‌ရေ အနည်းငယ်ဝါနေသောကြောင့် ညတွင်းချင်းဆေးကုသမှုခံယူနေပါကြောင်း အလင်းစေတမန် အွန်လိုင်းပရဟိတအဖွဲ့မှ သိရသည်။ ကလေးငယ်အတွက် ကူညီထောက်ပံ့မှုများ ပေးလိုပါက ဖုန်းနံပါတ် 09444051992 သို့ ဆက်သွယ်နိုင်သည်။

Credit to Original

Leave a Comment