အစိုးရရဲ႕ ပထမအႀကိမ္ေထာက္ပံ့မႈမွာ က်န္ရွိခဲ့တဲ့သူေတြကို ဒုတိယအႀကိမ္မွာ ဦးစားေပးမည္

ဒုတိယအႀကိမ္ေထာက္ပံ့မႈမွာ လူဦးေရ (၅)သန္းနီးပါးစာရင္းေကာက္ထားပါတယ္။COVID ကာလအတြင္းမွာ အစိုးရက အေျခခံလူတန္းေတြကို အတြက္ ေထာက္ပံံ့မႈအစီအစဥ္ေတြကို ေဆာင္႐ြက္ေပးလွ်က္ရွိရာမွာ ဒုတိယအႀကိမ္ေထာက္ပံ့မႈမွာေတာ့ ပထမအႀကိမ္ေထာက္ပံမႈမွာက်န္ရွိခဲ့တဲ့ သူေတြကို ဦးစားေပးေထာက္ပံ့မယ္လို႔ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေမလ(၃၀)ရက္ေန႔ျပဳလုပ္တဲ့ အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ အစိုးရ ဒုတိယအႀကိမ္ေထာက္ပံ့မႈအတြက္ အေျခခံလူတန္းစား အိမ္ေထာင္စု (၅)သန္းနီးပါးကို စာရင္းေကာက္ယူထားၿပီး ဒီထဲကမွာ ပထမအႀကိမ္ေထာက္ပံ့စဥ္မွာ မရရွိခဲ့တဲ့သူေတြကို ဦးစားေပးေထာက္ပံ့သြားမွာျဖစ္ပါတယ္။

“ပထမအႀကိမ္ေထာက္ပံ့ခဲ့စဥ္က အေျခခံလူတန္းစား (၃.၉၉)သန္း ေလးသန္းနီးပါးရွိပါတယ္။ ေအာက္ေျခအထိစာရင္းေကာက္ထားတဲ့ အဲဒီေလးသန္းနီးပါးကို ေထာက္ပံံ့တဲ့အခါမွာ အသံေတြျပန္ၾကားရတယ္။ အခုဒုတိယအႀကိမ္မွာ ေထာက္ပံံ့ဖို႔ စားရင္းေကာက္တာမွာ (၅)သန္းနီးပါးရွိတယ္။ တခ်ိဳ႕ဆိုရင္လည္း ျပည္ေတာ္ျပန္ေတြျပန္ေရာက္လာမွ အက်ဳံးဝင္တဲ့ သူေတြလည္းပါတာေပါ့။ ကြၽန္ေတာ္တို႔ျပန္စစ္တဲ့အခါမွာ အရင္(၄)သန္းနီးပါးတုန္းက မရတဲ့သူေတြဘယ္သူလဲဆိုတာ ဆြဲထုတ္ခိုင္းထားတယ္။ အဲဒီလူေတြကို ဦးစားေပးေထာက္ပံ့မွာပါ” လို႔ ဦးေဇာ္ေဌးကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလတုန္းက အေျခခံလူတန္းစားေတြအတြက္ အေျခခံစားေသာက္ကုန္ (၅)မ်ိဳးကို ေထာက္ပံ့ေပးခဲ့ရာမွာ အမွန္တကယ္ အေျခခံက်တဲ့ အိမ္ေထာင္စုလည္းမရရွိခဲ့ၾကဘူးလို႔ သတင္းထြက္ခဲ့ပါတယ္။အေျခခံလူတန္းစားေတြကို မီတာခ ယူနစ္(၁၅၀)ကင္းလြတ္ခြင့္ျပဳခဲ့တဲ့ အခါမွာ (၄.၉၉)သန္း ကင္းလြတ္ခြင့္ေပးႏိုင္ခဲ့တာေၾကာင့္ ေထာက္ပံ့ေရးမွာ ေကာက္ယူထားတဲ့ စာရင္းေတြနဲ႔ ကြာဟေနတဲ့ အခါမွသာသိခဲ့ရတာလို႔ ဦးေဇာ္ေဌးကေျပာပါတယ္။ယခုဒုတိယအႀကိမ္ေထာက္ပံ့မႈမွာေတာ့ ပထမအႀကိမ္ကေထာက္ပံ့ခဲ့တဲ့ တန္ဖိုးထက္ ႏွစ္ဆေထာက္ပံ့မွာျဖစ္လို႔ ေငြက်ပ္ (၃)ေသာင္းေက်ာ္ (၄)ေသာင္းနီးေထာက္ပံမွာျဖစ္တယ္လို႔ သိရပါတယ္။ ပထမအႀကိမ္ေထာက္ပံ့မႈမွာေတာ့ လူဦးေရ (၄)သန္းေက်ာ္အတြက္ ႏိုင္ငံေတာ္က ဘီလ်ံ (၅၀)ကုန္က်ခံကာ ဆန္၊ဆီ၊ဆား၊ ၾကက္သြန္၊ ပဲစတဲ့ အေျခခံစားေသာက္ကုန္ (၅)မ်ိဳးကို ေထာက္ပံ့ေပးခဲ့တာပါ။

Credit Duwun

UNICODE

ဒုတိယအကြိမ်ထောက်ပံ့မှုမှာ လူဦးရေ (၅)သန်းနီးပါးစာရင်းကောက်ထားပါတယ်။COVID ကာလအတွင်းမှာ အစိုးရက အခြေခံလူတန်းတွေကို အတွက် ထောက်ပံံ့မှုအစီအစဉ်တွေကို ဆောင်ရွက်ပေးလျှက်ရှိရာမှာ ဒုတိယအကြိမ်ထောက်ပံ့မှုမှာတော့ ပထမအကြိမ်ထောက်ပံမှုမှာကျန်ရှိခဲ့တဲ့ သူတွေကို ဦးစားပေးထောက်ပံ့မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ(၃၀)ရက်နေ့ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အစိုးရ ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် အခြေခံလူတန်းစား အိမ်ထောင်စု (၅)သန်းနီးပါးကို စာရင်းကောက်ယူထားပြီး ဒီထဲကမှာ ပထမအကြိမ်ထောက်ပံ့စဉ်မှာ မရရှိခဲ့တဲ့သူတွေကို ဦးစားပေးထောက်ပံ့သွားမှာဖြစ်ပါတယ်။

“ပထမအကြိမ်ထောက်ပံ့ခဲ့စဉ်က အခြေခံလူတန်းစား (၃.၉၉)သန်း လေးသန်းနီးပါးရှိပါတယ်။ အောက်ခြေအထိစာရင်းကောက်ထားတဲ့ အဲဒီလေးသန်းနီးပါးကို ထောက်ပံံ့တဲ့အခါမှာ အသံတွေပြန်ကြားရတယ်။ အခုဒုတိယအကြိမ်မှာ ထောက်ပံံ့ဖို့ စားရင်းကောက်တာမှာ (၅)သန်းနီးပါးရှိတယ်။ တချို့ဆိုရင်လည်း ပြည်တော်ပြန်တွေပြန်ရောက်လာမှ အကျုံးဝင်တဲ့ သူတွေလည်းပါတာပေါ့။ ကျွန်တော်တို့ပြန်စစ်တဲ့အခါမှာ အရင်(၄)သန်းနီးပါးတုန်းက မရတဲ့သူတွေဘယ်သူလဲဆိုတာ ဆွဲထုတ်ခိုင်းထားတယ်။ အဲဒီလူတွေကို ဦးစားပေးထောက်ပံ့မှာပါ” လို့ ဦးဇော်ဌေးကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ရာမှာ အမှန်တကယ် အခြေခံကျတဲ့ အိမ်ထောင်စုလည်းမရရှိခဲ့ကြဘူးလို့ သတင်းထွက်ခဲ့ပါတယ်။အခြေခံလူတန်းစားတွေကို မီတာခ ယူနစ်(၁၅၀)ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အခါမှာ (၄.၉၉)သန်း ကင်းလွတ်ခွင့်ပေးနိုင်ခဲ့တာကြောင့် ထောက်ပံ့ရေးမှာ ကောက်ယူထားတဲ့ စာရင်းတွေနဲ့ ကွာဟနေတဲ့ အခါမှသာသိခဲ့ရတာလို့ ဦးဇော်ဌေးကပြောပါတယ်။ယခုဒုတိယအကြိမ်ထောက်ပံ့မှုမှာတော့ ပထမအကြိမ်ကထောက်ပံ့ခဲ့တဲ့ တန်ဖိုးထက် နှစ်ဆထောက်ပံ့မှာဖြစ်လို့ ငွေကျပ် (၃)သောင်းကျော် (၄)သောင်းနီးထောက်ပံမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ်ထောက်ပံ့မှုမှာတော့ လူဦးရေ (၄)သန်းကျော်အတွက် နိုင်ငံတော်က ဘီလျံ (၅၀)ကုန်ကျခံကာ ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ ပဲစတဲ့ အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့တာပါ။

Credit Duwun

Leave a Comment