ေဈးေရာင္းသူေတြကို တတ္ႏိုင္သေလာက္ အခမဲ့ေၾကညာေပးသြားမယ္ဆိုတဲ့ ယုန္ေလး

လတ္တေလာလူမႈကြန္ရက္မွာေတာ့ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား ေဈးေရာင္းေနၾကတာကို ေတြ႕ျမင္ရမွာပါ။ အခုလိုအခ်ိန္ကေတာ့ အလုပ္ေတြ၊႐ိုက္ကူးေရးေတြ အကုန္ရပ္နားထားတာမို႔ တခ်ိဳ႕ကလည္း အားမေနခ်င္လို႔ ေဈးေရာင္းၾကသလို တခ်ိဳ႕ကလည္း ဝမ္းေရးအတြက္ မျဖစ္မေနလုပ္ကိုင္ေနၾကရတာပါ။ အႏုပညာရွင္ေတြကိုယ္တိုင္ ေဈးေရာင္းလာၾကတာမို႔ တကယ္အသက္ေမြးဝမ္းေက်ာင္းအလုပ္အေနနဲ႔ ေဈးေရာင္းေနတဲ့သူေတြအတြက္ ခက္ခဲေနတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ထြက္ေပၚလ်က္ရွိပါတယ္။

ယုန္ေလးကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕အျမင္ကို “အႏုပညာရွင္ေတြ ေဈးေရာင္းတာနဲ႔ ပက္သက္ၿပီး ေျပာဆိုေနက်တာ စိတ္မေကာင္းပါဘူး ..အခုေျပာမယ့္ စကားကိုအႏုပညာရွင္ အခ်င္းခ်င္းကာကြယ္တယ္လို႔ မျမင္ေစခ်င္ပါဘူး .covid ျဖစ္တယ္ အကုန္အဆင္မေျပၾကဘူး .ပုံမွန္ ဝင္ေငြ မရွိတဲ့ အခ်ိန္မွာ ပုံမွန္ဝင္ေငြျပန္ရွိေအာင္ လူတိုင္းဖန္တီးရမွာပဲ . တက္က်ိဳးရင္ လက္နဲ႔ ေလွာ္ရမွာပဲေလ… ထိုင္ေနလို႔မွ မရတာ .Covid ျဖစ္ေတာ့ ပုံမွန္လည္ပတ္ႏိုင္ေအာင္ မကြၽမ္းက်င္တဲ့ အလုပ္ကို အရဲစြန႔္ၿပီး စမ္းတဝါးဝါး လုပ္က်တယ္. ေအာင္ျမင္မယ္ ဘယ္သူ႔မွ မထင္ထားပါဘူး. ပရိတ္သတ္ေတြက ခ်စ္ၿပီး မထင္ထားတဲ့ အရာေတြ ျဖစ္ေတာ့… အလုပ္အဆင္ေျပရင္ လူတိုင္းေပ်ာ္တယ္ေလ . တစ္ေယာက္စကား တစ္ေယာက္ေပါ့ အဲ့လိုလုပ္ရင္းနဲ႔ အရမ္းမ်ားလာတာပါ ” ဆိုၿပီး ေရးသားခဲ့ပါတယ္။

ထပ္ၿပီးေတာ့လည္း အမွန္တကယ္ေရာင္းခ်ေနတဲ့ ပရိသတ္ေတြအတြက္လည္း သူ႔ဘက္ကလုပ္ေပးႏိုင္တဲ့အရာေလးတစ္ခုအေနနဲ႔ မိမိတို႔ေရာင္းကုန္ကို ဓာတ္ပုံ႐ိုက္၊ ဆိုင္နာမည္နဲ႔ လိပ္စာအျပည့္အစုံကို ပို႔ေပးဖို႔ ေျပာၾကားခဲ့ပါတယ္။ အြန္လိုင္းကေန ေၾကညာေပးတဲ့အႏုပညာရွင္ေတြအတြက္ အႏုပညာေၾကးရွိေပမယ့္ ယုန္ေလးကေတာ့ သူ႔ဆီကို စားစရာမုန႔္ေတြလည္း လုံးဝပို႔ေပးဖို႔မလိုတဲ့အျပင္ အကုန္လုံးကို အခမဲ့ေၾကာ္ျငာေပးသြားပါမယ္တဲ့ ပရိသတ္ႀကီးေရ…အႏုပညာရွင္ေတြေဈးေရာင္းေနတာေၾကာင့္ ခက္ခဲေနတဲ့ဆိုတဲ့ အမွန္တကယ္ေဈးေရာင္းသူေတြကို သူ႔ဘက္က တတ္ႏိုင္သမွ် ျပန္ကူညီခ်င္လို႔ပါဆိုၿပီး ေရးသားမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

Source – Yone Lay
Credit – Cele Gabar

UNICODE

လတ်တလောလူမှုကွန်ရက်မှာတော့ အနုပညာရှင်တော်တော်များများ ဈေးရောင်းနေကြတာကို တွေ့မြင်ရမှာပါ။ အခုလိုအချိန်ကတော့ အလုပ်တွေ၊ရိုက်ကူးရေးတွေ အကုန်ရပ်နားထားတာမို့ တချို့ကလည်း အားမနေချင်လို့ ဈေးရောင်းကြသလို တချို့ကလည်း ဝမ်းရေးအတွက် မဖြစ်မနေလုပ်ကိုင်နေကြရတာပါ။ အနုပညာရှင်တွေကိုယ်တိုင် ဈေးရောင်းလာကြတာမို့ တကယ်အသက်မွေးဝမ်းကျောင်းအလုပ်အနေနဲ့ ဈေးရောင်းနေတဲ့သူတွေအတွက် ခက်ခဲနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။

ယုန်လေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို “အနုပညာရှင်တွေ ဈေးရောင်းတာနဲ့ ပက်သက်ပြီး ပြောဆိုနေကျတာ စိတ်မကောင်းပါဘူး ..အခုပြောမယ့် စကားကိုအနုပညာရှင် အချင်းချင်းကာကွယ်တယ်လို့ မမြင်စေချင်ပါဘူး .covid ဖြစ်တယ် အကုန်အဆင်မပြေကြဘူး .ပုံမှန် ဝင်ငွေ မရှိတဲ့ အချိန်မှာ ပုံမှန်ဝင်ငွေပြန်ရှိအောင် လူတိုင်းဖန်တီးရမှာပဲ . တက်ကျိုးရင် လက်နဲ့ လှော်ရမှာပဲလေ… ထိုင်နေလို့မှ မရတာ .Covid ဖြစ်တော့ ပုံမှန်လည်ပတ်နိုင်အောင် မကျွမ်းကျင်တဲ့ အလုပ်ကို အရဲစွန့်ပြီး စမ်းတဝါးဝါး လုပ်ကျတယ်. အောင်မြင်မယ် ဘယ်သူ့မှ မထင်ထားပါဘူး. ပရိတ်သတ်တွေက ချစ်ပြီး မထင်ထားတဲ့ အရာတွေ ဖြစ်တော့… အလုပ်အဆင်ပြေရင် လူတိုင်းပျော်တယ်လေ . တစ်ယောက်စကား တစ်ယောက်ပေါ့ အဲ့လိုလုပ်ရင်းနဲ့ အရမ်းများလာတာပါ ” ဆိုပြီး ရေးသားခဲ့ပါတယ်။

ထပ်ပြီးတော့လည်း အမှန်တကယ်ရောင်းချနေတဲ့ ပရိသတ်တွေအတွက်လည်း သူ့ဘက်ကလုပ်ပေးနိုင်တဲ့အရာလေးတစ်ခုအနေနဲ့ မိမိတို့ရောင်းကုန်ကို ဓာတ်ပုံရိုက်၊ ဆိုင်နာမည်နဲ့ လိပ်စာအပြည့်အစုံကို ပို့ပေးဖို့ ပြောကြားခဲ့ပါတယ်။ အွန်လိုင်းကနေ ကြေညာပေးတဲ့အနုပညာရှင်တွေအတွက် အနုပညာကြေးရှိပေမယ့် ယုန်လေးကတော့ သူ့ဆီကို စားစရာမုန့်တွေလည်း လုံးဝပို့ပေးဖို့မလိုတဲ့အပြင် အကုန်လုံးကို အခမဲ့ကြော်ငြာပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ…အနုပညာရှင်တွေဈေးရောင်းနေတာကြောင့် ခက်ခဲနေတဲ့ဆိုတဲ့ အမှန်တကယ်ဈေးရောင်းသူတွေကို သူ့ဘက်က တတ်နိုင်သမျှ ပြန်ကူညီချင်လို့ပါဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source – Yone Lay
Credit – Cele Gabar

Leave a Comment