နာဂစ်ဒဏ်ခံ ပင်လယ်ဒေသက တိုက်နယ်ဆေးရုံလေးကို ကာကွယ်ရေးပစ္စည်းတွေလှူတန်းခဲ့တဲ့ နေခြည်ဦး
Credit – Cele Zone
Photo – Nay Chi Oo
UNICODE
လတ်တလောအကျပ်အတည်းကာလတွေမှာ ပိုပြီးအခက်အခဲဖြစ်တဲ့ နယ်ဆေးရုံလေးတစ်ခုှာ ချီချီက ကာကွယ်ရေးပစ္စည်းတွေ လှူတန်းခဲ့ပါတယ်။ နယ်ဖက်တွေမှာ တော်တော်များများ ကာကွယ်ရေးပစ္စည်းအပြည့်အစုံမရှိလို့ ခက်ခဲမှုတွေကြုံနေရတာကြောင့် ချီချီက အခုလို လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ ဘာအလှူလေးပဲလုပ်လုပ် Chillies တွေကို မမေ့မလျော့နဲ့ မှတ်တမ်းတင်တတ်တဲ့ချီချီကြောင့် Chillies တွေကလည်း သူမကိုအရမ်းချစ်နေတာပါ။
နာဂစ်ဒဏ်ခံ ပင်လယ်ဒေသက တိုက်နယ်ဆေးရုံလေးတစ်ခုမှာ လတ်တလောဖြစ်ပွားနေတဲ့ Covid 19 ရောဂါအတွက် ကုသသူတွေ အကာအကွယ်ဖြစ်အောင် PPE ဝတ်စုံ (၁၀၀) နဲ့ Footcover (၇) စုံကို လှူတန်းခဲ့တာပါ။ ပျော်ပျော်နေတတ်ပြီး အလုပ်တွေကြိုးစားတဲ့ အပြင်ကိုမှ ထက်မြတ်သလို အလှူအတန်းလည်းလုပ်တတ်တဲ့ ချီချီ့ကိုတော့ မလေးစားဘဲမနေနိုင်ပါဘူး။
ချီချီ့ရဲ့အလှူလေးကို ” နာဂစ်ဒဏ်ခံ ပင်လယ်ဒေသတိုက်နယ်ဆေးရုံ တစ်ခုသို့ COVID-19 ကာကွယ်ရေးလုပ်ငန်းများ တွင်အသုံးပြုရန် အတွက် PPE အစုံ 100 နှင့် Footcover 7ခု တို့ကို လှူဒါန်းပေးပါသော ရုပ်ရှင် သရုပ်ဆောင်၊ Beauty Blogger နေခြည်ဦးနှင့် Chillies များအား ပြင်ခရိုင် တိုက်နယ်ဆေးရုံမှ လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါသည်။ ညီမလေး နေခြည်ဦး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး အောင်မြင်သော ဘဝကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ” ဆိုပြီးဆေးရုံက တာဝန်ရှိသူက လူမှုကွန်ရက်ပေါ်မှာ ဝေမျှခဲ့ပါတယ်။
Credit – Cele Zone
Photo – Nay Chi Oo
Leave a Comment