ရန္ကုန္မွာ ေမလအတြင္း ေသြးလြန္တုတ္ေကြးျဖစ္သူ ၂၅၀ ရွိၿပီး ေလးဦး ေသဆုံး

ရန္ကုန္တိုင္းအတြင္းမွာ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေမလအတြင္း ေဆး႐ုံတက္ရသူ ၂၅၀ ေလာက္ရွိၿပီး ေသဆုံးသူ ေလးေယာက္ရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာနမႉး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။ေမ ၁ ရက္ကေန ၂၃ ရက္အထိ ရန္ကုန္တိုင္းေဒသႀကီးမွာ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားတဲ့စာရင္းပါ။

အျဖစ္မ်ားရတာကေတာ့ တျခားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြထက္ လူဦးေရးထူထပ္ သိပ္သည္းတာ၊ တစ္အိမ္နဲ႔တစ္အိမ္ နီးကပ္ေနတာေၾကာင့္ ေသြးလြန္တုတ္ေကြးေရာဂါ သယ္ေဆာင္လာတဲ့ ျခင္တစ္ေကာင္က လူ ၁၀ ေယာက္ေလာက္အထိ ကိုက္ႏိုင္တာ၊ ေရသိုေလွာင္တဲ့ေနရာေတြ မ်ားတာေၾကာင့္လို႔ လက္ေထာက္ၫႊန္ၾကား‌ရးမႉး ေဒါက္တာ ေအးမြန္မြန္ေက်ာ္က ေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ ေသြးလြန္တုပ္ေကြးျဖစ္ပြားတာ အမ်ားဆုံးျဖစ္တဲ့ ၿမိဳ႕နယ္ေတြထဲက ေတာင္ဒဂုံမွာ ၂၈ ေယာက္၊ ထန္းတပင္မွာ ၂၂ ေယာက္၊ ေ႐ႊျပည္သာမွာ ၁၆ ေယာက္၊ ဒလနဲ႔ လႈိင္သာယာမွာ ၁၅ ေယာက္ ျဖစ္ပြားခဲ့ပါတယ္။ အျဖစ္မ်ားတဲ့ ၿမိဳ႕နယ္ေတြထဲမွာ ေျမာက္ဒဂုံ၊ သဃၤန္းကြၽန္း၊ အင္းစိန္၊ ဒဂုံဆိပ္ကမ္း၊ မရမ္းကုန္း၊ သန္လ်င္၊ သာေကတ ၿမိဳ႕နယ္ေတြလည္း ပါဝင္ပါတယ္။

Credit RFA Burmese

UNICODE

ရန်ကုန်တိုင်းအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် မေလအတွင်း ဆေးရုံတက်ရသူ ၂၅၀ လောက်ရှိပြီး သေဆုံးသူ လေးယောက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။မေ ၁ ရက်ကနေ ၂၃ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့စာရင်းပါ။

အဖြစ်များရတာကတော့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထက် လူဦးရေးထူထပ် သိပ်သည်းတာ၊ တစ်အိမ်နဲ့တစ်အိမ် နီးကပ်နေတာကြောင့် သွေးလွန်တုတ်ကွေးရောဂါ သယ်ဆောင်လာတဲ့ ခြင်တစ်ကောင်က လူ ၁၀ ယောက်လောက်အထိ ကိုက်နိုင်တာ၊ ရေသိုလှောင်တဲ့နေရာတွေ များတာကြောင့်လို့ လက်ထောက်ညွှန်ကြား‌ရးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားတာ အများဆုံးဖြစ်တဲ့ မြို့နယ်တွေထဲက တောင်ဒဂုံမှာ ၂၈ ယောက်၊ ထန်းတပင်မှာ ၂၂ ယောက်၊ ရွှေပြည်သာမှာ ၁၆ ယောက်၊ ဒလနဲ့ လှိုင်သာယာမှာ ၁၅ ယောက် ဖြစ်ပွားခဲ့ပါတယ်။ အဖြစ်များတဲ့ မြို့နယ်တွေထဲမှာ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်း၊ သန်လျင်၊ သာကေတ မြို့နယ်တွေလည်း ပါဝင်ပါတယ်။

Credit RFA Burmese

Leave a Comment