မျက်ရည်တွေဝဲရလောက်တဲ့အထိပီတိဖြစ်ရတဲ့ ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒ ၏ အလှူတော်








UNICODE

ဘုန်း ဘုန်းကြီး အရှင်ဆေကိန္ဒ ၏ အလှူတော်..ရင်ထဲထိတယ်ဗျာ.. မျက်ရည်တွေလည်ဝဲ ပါတယ်…သူ့ ညီမ ကိုယ့်ညီမ..သူ့ သမီး ကိုယ့် သမီး …. ကိုယ်ဝန်ဆောင် တဲ့ အချိန် စိတ်အားငယ်တတ် ပါတယ်…

ဒီကြား ထဲ covid ကာလ ဖြတ်သန်းရတော့ ကိုယ်ချင်း စာကြည့်ပေါ့ကွာ တဲ့ ….. အများနဲ့နေ ရတော့ အနေ ၊အစား ဆင်းရဲ နိုင်တယ် မင်းသွားကြည့် ကွာ လိုတာ ငါလှူ မယ်လို့ မိန့်တော့ ကျွန်တော် ငဦး Q center ကိုသွားပြီး ဘာလိုအပ်မလဲ လို့ မေးရန် သွားခဲ့ပါတယ်၊မေးစရာ မလိုပဲ မြင်တာနဲ့ လန့်သွား စေတာကတော့ လတော်တော် ရင့်နေတဲ့ ညီမတစ်ယောက် ကွန်ကရစ် ကြမ်းခင်းပေါ် မှာ ပလပ်စတစ် ဖျာ နဲ့ ခေါင်းအုံး မပါပဲ အိပ်နေတာ တွေ့တော ငဦး ဘယ်သူ့ ကိုမှ မမေးတော့ ပဲ သဘောပေါက်လိုက်ပါပြီ၊ ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါပြီ…….

ဘုန်းဘုရား ကိုယ်ဝန်ဆောင်တွေ ကြမ်း မှာ အခင်း နဲ့ အိပ်နေတာ မြင်ပါတယ် ဘုရားလို့ ပြောလိုက်တာနဲ့ ဇတ်လမ်းက စပါတော့တယ်…မင်းအခု ကုတင် ကောင်းကောင်း သွားဝယ် ၊ လေးလက်မ အထူ အနဲဆုံး ဖြစ်ရမယ် ၊ခေါင်းအုံး၊စောင် ပါပလေ့စေ ချက်ချင်းလုပ် ဒီည ငါ့ သမီးတွေ ကုတင် နဲ့ မွှေ့ရာ နဲ့ ကောင်းကောင်း အိပ်ရမှ ဖြစ်မယ် ငဦး ဒီည သူတို့ ကုတင် နဲ့ မအိပ်ရလို့ မဖြစ်ဖူး၊ ဘုန်းဘုန်း အသံ နဲနဲတော့ မာပြီး ပြတ်နေ တော့ ငဦး ကလည်း ဘယ်ရမလဲ ၊ ပြန်လျှောက် လိုက်တာပေါ့ ..

တင်ပါ့ ဘုရားလို့ ၊ ကျွန်တော် သိတယ် ဒီနေ့ ကုတင် မပါရင် မလွယ် ဘူးဆိုတာကို လိုလို မယ်မယ် ကုတင် ၊ခေါင်းအုံး၊စောင် အစုံ ၂၀ စာ လောက်ပိုဝယ် လာခဲ့ပြီး သွာလှူတော့ ကုန်သွယ်ရေး ဇုံနားက Q center မှာ ကိုယ်ဝန်ဆောင် ၁၀ ယောက် ဆိုတော့ လောက်င ပြီ ဆိုပြီး သက်ဆိုင်ရာ တာဝန်ရှိ့ သူများကို လက်ရောက်လှူပြီး လုံလောက်ရဲ့ လားလို့ တာဝန်ရှိ့သူ များကို မေးကြည့်တော့ တစ်ခြား Q center မှာ ကိုယ်ဝန်ဆောင် ၇၀ ကျော် ကျန်သေးတယ် လို့ သိခဲ့ ရပါတယ် ၊

ကျွန်တော် တော်တော်လန့်သွားပြီး ဘုန်ဘုန်း ကိုလျှောက်ကြည့်တော့ ငဦး မင်း ဘာလို့ ကြိုမမေးရတာလဲ၊ ကျန်တဲ့ ငါ့သမီးတွေ ဒီည အဆင်မပြေနိုင်ဘူး ၊ မင်းမနက်ဖြန် သေချာမေး ပြီး ၁၀၀ မကလို့ ကြိုက်သလောက် ဖြစ်ပစေ ငါလှူမယ် ၊ ငါ့သမီးတွေ လိုတာ အကုန်လုပ်ပေး ကြားလား ငဦးတဲ့ ……. ဘုန်းဘုန်းရယ် သူ့သား သမီး တွေ တင် မကပဲ၊ သူ့မြေး တွေ အထိပါ စိတ်ပူပေးတဲ့ အတွက် ……

ကိုဦး 21 CARGO BKK Co..,Ltd. 29-5-2020

ရိုသေစွာဦးတင်ရှစ်ခိုးကန်တော့ပါတယ်အရှင်ဘုရားTin Myintoo မြဝတီမြို့ Quarantine

Leave a Comment