WHO အဖြဲ႕ဝင္အျဖစ္မွ ႏုတ္ထြက္ေၾကာင္းအေမရိကန္ သမၼတထရန႔္ေၾကညာ

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသည္ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းႀကီးကို လုံးဝအုပ္စီးထိန္းခ်ဳပ္ထားေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရန႔္က အိမ္ျဖဴေတာ္ႏွင္းဆီဥယ်ာဥ္၌ျပဳလုပ္သည့္ မိန႔္ခန္းေျပာၾကားရာတြင္ တ႐ုတ္ကို ျပင္းထန္စြာ အျပစ္တင္ေျပာၾကားရင္း မွတ္ခ်က္ခ်ခဲ့သည္။ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း WHO ကို ျပဳျပင္ေျပာင္းလဲေရးလုပ္ရန္ ၎အေနႏွင့္ ေတာင္းဆိုခဲ့ေသာ္လည္း WHO က မလိုက္နာခဲ့ေၾကာင္း သမၼတထရန႔္က ေျပာၾကားရာ၌ “ဒီကေန႔ကစၿပီး ကြၽန္ေတာ္တို႔ဟာ WHO နဲ႔ ဆက္ဆံေရးအဆုံးသတ္ေတာ့မွာ ျဖစ္ၿပီး အဲဒီကိုေပးမယ့္ ရန္ပုံေငြေတြကို အျခားအေရးတႀကီးလိုအပ္ေနတဲ့ ကမာၻအႏွံ႔ေနရာေတြကို လႊဲေျပာင္း ေပးအပ္မယ္”ဆိုခဲ့သည္။

အေမရိကန္သည္ WHO အဖြဲ႕အစည္းတြင္ ရန္ပုံေငြအမ်ားဆုံး ေထာက္ပံ့သူျဖစ္ၿပီး အဖြဲ႕ဝင္အျဖစ္ႏွင့္ အျခားေသာ အထူးအစီစဥ္မ်ားအတြက္ ေဒၚလာ သန္း ၄၅၀ ထည့္ဝင္ေနသူျဖစ္သည္။ WHO အဖြဲ႕ႀကီးအေနႏွင့္ ရက္ေပါင္း ၃၀ အတြင္း အဓိကအေျခအျမစ္က်ေသာ တိုးတက္ေျပာင္းလဲမႈမ်ား မျပဳလုပ္ပါက အေမရိကန္သည္ WHO ကို ရန္ပုံေငြထည့္ဝင္မႈ အၿမဲတမ္းရပ္ဆိုင္းၿပီး အဖြဲ႕ဝင္အျဖစ္မွ ႏုတ္ထြက္မည္ျဖစ္ေၾကာင္း သမၼတထရန႔္က WHO အႀကီးအကဲ တက္ဒ႐ိုစ္အက္ဟာႏြန္ေဂဘရီေယဆပ္အား စာမ်က္ႏွာေလးမ်က္ႏွာရွိ သတိေပးစာတေစာင္ ေမလ ၁၉ ရက္ေန႔က ေပးပို႔ခဲ့သည္။ ယင္းကဲ့သို႔ စာပို႔ၿပီး ၁၀ ရက္အၾကာတြင္ အေမရိကန္၏ WHO အဖြဲ႕ဝင္အျဖစ္မွ ႏုတ္ထြက္ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။

ယခုလ ေစာေစာပိုင္းကမူ ကမာၻ႔ကပ္ေရာဂါႏွင့္ပတ္သက္၍ ကမာၻ႔က်န္းမာေရးညီလာခံႀကီးမွ အေသးစိတ္ သုံးသပ္တု႔ံျပန္မႈမ်ားျပဳလုပ္ရန္ ကမာၻ႔က်န္းမာေရးညီလာခံအဖြဲ႕ဝင္ႏိုင္ငံမ်ားက သေဘာတူခဲ့ၾကသည္။အေမရိကန္က အဆိုပါညီလာခံသို႔ ေလ့လာသူအျဖစ္ ထိုင္ဝမ္ကို ဖိတ္ၾကားရန္ အဆိုျပဳခဲ့ၿပီး အေနာက္ႏိုင္ငံ မ်ား၏ ေထာက္ခံမႈေပးရန္ ေျပာခဲ့သည္။ သို႔ေသာ္လည္း အေမရိကန္သည္ ၎၏ႀကိဳးပမ္းေဆာင္႐ြက္မႈတြင္ စိတ္မပါခဲ့ေၾကာင္း တ႐ုတ္ႏွင့္ယွဥ္ၿပိဳင္မႈတြင္ ရႈံးနိမ့္ခဲ့ေၾကာင္း ဥေရာပသံတမန္မ်ားက ေျပာသည္။

အေမရိကန္ ဗင္နီရာပိုလစ္ၿမိဳ႕တြင္ လူမည္းအမ်ိဳးသားတဦး ေသဆုံးမႈႏွင့္ပတ္သက္ၿပီး ဆူပူထႂကြမႈမ်ား ျဖစ္ေပၚ လ်က္ရွိသည္။ ၿပီးခဲ့ေသာ ေသာၾကာေန႔က ထရန႔္၏မိန႔္ခြန္းတြင္ ယင္းကိစၥႏွင့္ပတ္သက္၍ အေရးတႀကီးထည့္ သြင္းေျပာၾကားျခင္းမရွိဘဲ တ႐ုတ္၏ ကုန္သြယ္ေရးေပၚလစီအေပၚ ေဝဖန္ေျပာၾကားျခင္း၊ တ႐ုတ္ေၾကာင့္ ကပ္ေရာဂါ ျပန႔္ပြားခဲ့ရမႈ၊ ေဟာင္ေကာင္ကြၽန္းအေပၚ တ႐ုတ္၏ တင္းက်ပ္ေသာ ဥပေဒခ်မွတ္ထားမႈတို႔ကိုသာ ေဝဖန္ေျပာၾကားၿပီး တ႐ုတ္ကို အျပစ္တင္ခဲ့သည္။ တ႐ုတ္ေက်ာင္းသားမ်ား အေမရိကန္ဝင္ခြင့္ကိုလည္း ကန႔္သတ္မည္ဟုဆိုသည္။

ယခုကဲ့သို႔ WHO မွ ႏုတ္ထြက္ျခင္းသည္ သေဘာတူစာခ်ဳပ္တခုကို ဖ်က္သိမ္းပစ္လိုက္သည့္သေဘာျဖစ္သည္။ အေမရိကန္သည္ WHO မွ တရားဝင္ထြက္ခြင့္ရေသာ တခုတည္းေသာ ႏိုင္ငံျဖစ္သည္။ WHO ဖြဲ႕စည္းပုံစည္း မ်ဥ္း စတင္ေရးဆြဲစဥ္က အေမရိကန္က ယင္းအခြင့္အေရးကို တရားဝင္ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

Credit NewsWatch

UNICODE

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကို လုံးဝအုပ်စီးထိန်းချုပ်ထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်နှင်းဆီဥယျာဉ်၌ပြုလုပ်သည့် မိန့်ခန်းပြောကြားရာတွင် တရုတ်ကို ပြင်းထန်စွာ အပြစ်တင်ပြောကြားရင်း မှတ်ချက်ချခဲ့သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကို ပြုပြင်ပြောင်းလဲရေးလုပ်ရန် ၎င်းအနေနှင့် တောင်းဆိုခဲ့သော်လည်း WHO က မလိုက်နာခဲ့ကြောင်း သမ္မတထရန့်က ပြောကြားရာ၌ “ဒီကနေ့ကစပြီး ကျွန်တော်တို့ဟာ WHO နဲ့ ဆက်ဆံရေးအဆုံးသတ်တော့မှာ ဖြစ်ပြီး အဲဒီကိုပေးမယ့် ရန်ပုံငွေတွေကို အခြားအရေးတကြီးလိုအပ်နေတဲ့ ကမ္ဘာအနှံ့နေရာတွေကို လွှဲပြောင်း ပေးအပ်မယ်”ဆိုခဲ့သည်။

အမေရိကန်သည် WHO အဖွဲ့အစည်းတွင် ရန်ပုံငွေအများဆုံး ထောက်ပံ့သူဖြစ်ပြီး အဖွဲ့ဝင်အဖြစ်နှင့် အခြားသော အထူးအစီစဉ်များအတွက် ဒေါ်လာ သန်း ၄၅၀ ထည့်ဝင်နေသူဖြစ်သည်။ WHO အဖွဲ့ကြီးအနေနှင့် ရက်ပေါင်း ၃၀ အတွင်း အဓိကအခြေအမြစ်ကျသော တိုးတက်ပြောင်းလဲမှုများ မပြုလုပ်ပါက အမေရိကန်သည် WHO ကို ရန်ပုံငွေထည့်ဝင်မှု အမြဲတမ်းရပ်ဆိုင်းပြီး အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတထရန့်က WHO အကြီးအကဲ တက်ဒရိုစ်အက်ဟာနွန်ဂေဘရီယေဆပ်အား စာမျက်နှာလေးမျက်နှာရှိ သတိပေးစာတစောင် မေလ ၁၉ ရက်နေ့က ပေးပို့ခဲ့သည်။ ယင်းကဲ့သို့ စာပို့ပြီး ၁၀ ရက်အကြာတွင် အမေရိကန်၏ WHO အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုလ စောစောပိုင်းကမူ ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးညီလာခံကြီးမှ အသေးစိတ် သုံးသပ်တုံ့ပြန်မှုများပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးညီလာခံအဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြသည်။အမေရိကန်က အဆိုပါညီလာခံသို့ လေ့လာသူအဖြစ် ထိုင်ဝမ်ကို ဖိတ်ကြားရန် အဆိုပြုခဲ့ပြီး အနောက်နိုင်ငံ များ၏ ထောက်ခံမှုပေးရန် ပြောခဲ့သည်။ သို့သော်လည်း အမေရိကန်သည် ၎င်း၏ကြိုးပမ်းဆောင်ရွက်မှုတွင် စိတ်မပါခဲ့ကြောင်း တရုတ်နှင့်ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ခဲ့ကြောင်း ဥရောပသံတမန်များက ပြောသည်။

အမေရိကန် ဗင်နီရာပိုလစ်မြို့တွင် လူမည်းအမျိုးသားတဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ဆူပူထကြွမှုများ ဖြစ်ပေါ် လျက်ရှိသည်။ ပြီးခဲ့သော သောကြာနေ့က ထရန့်၏မိန့်ခွန်းတွင် ယင်းကိစ္စနှင့်ပတ်သက်၍ အရေးတကြီးထည့် သွင်းပြောကြားခြင်းမရှိဘဲ တရုတ်၏ ကုန်သွယ်ရေးပေါ်လစီအပေါ် ဝေဖန်ပြောကြားခြင်း၊ တရုတ်ကြောင့် ကပ်ရောဂါ ပြန့်ပွားခဲ့ရမှု၊ ဟောင်ကောင်ကျွန်းအပေါ် တရုတ်၏ တင်းကျပ်သော ဥပဒေချမှတ်ထားမှုတို့ကိုသာ ဝေဖန်ပြောကြားပြီး တရုတ်ကို အပြစ်တင်ခဲ့သည်။ တရုတ်ကျောင်းသားများ အမေရိကန်ဝင်ခွင့်ကိုလည်း ကန့်သတ်မည်ဟုဆိုသည်။

ယခုကဲ့သို့ WHO မှ နုတ်ထွက်ခြင်းသည် သဘောတူစာချုပ်တခုကို ဖျက်သိမ်းပစ်လိုက်သည့်သဘောဖြစ်သည်။ အမေရိကန်သည် WHO မှ တရားဝင်ထွက်ခွင့်ရသော တခုတည်းသော နိုင်ငံဖြစ်သည်။ WHO ဖွဲ့စည်းပုံစည်း မျဉ်း စတင်ရေးဆွဲစဉ်က အမေရိကန်က ယင်းအခွင့်အရေးကို တရားဝင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Credit NewsWatch

Leave a Comment