တေယာက္ကူးရင္ အကုန္ကူးမယ့္ပံုစံနဲ႔ ေက်ာင္းပုိ႔မယ့္ မိဘေတြ စဥ္းစားရမယ့္အခ်က္(၄)ခ်က္

ဆရာႀကီး လုပ္တယ္ ေျပာၾကဦးမွာပဲ၊ တကယ္က ကိုယ္လည္း မိဘဆိုေတာ့ စဥ္းစားၾကည့္မိတာ၊ ေက်ာင္းေတြ ငါးမ်ိဳးခြဲမယ္။

ပုံမွန္ ဖြင့္လွစ္ႏိုင္မည့္ ေက်ာင္းမ်ား၊ တစ္ပတ္ျခားတက္ ႏိုင္မည့္ေက်ာင္းမ်ား၊ ေက်ာင္းခ်ိန္ ႏွစ္သုတ္တက္ (2 Shifts) ဖြင့္လွစ္ ႏိုင္မယ့္ ေက်ာင္းမ်ား၊ ေက်ာင္းခ်ိန္ ႏွစ္သုတ္တက္၍ တစ္ပတ္ျခား ဖြင့္လွစ္ႏိုင္မည့္ေက်ာင္းမ်ား၊ အခက္အခဲရွိေသာ ေက်ာင္းမ်ား

အဓိကက social distancing အတြက္ အေျခခံထားတယ္ ယူဆရတယ္။ ဒါေပမယ့္ ၾကားမွာ လြတ္သြားႏိုင္တာေလးေတြ ေျပာၾကည့္မယ္။

၁- ကေလးေတြက ေဆာ့ခ်င္တယ္။ ေက်ာင္းမတက္ခင္၊ အားလပ္ခ်ိန္၊ ေက်ာင္းဆင္းခ်ိန္မွာ ကစားတာ၊ ေတြ႕တာ ရွိႏိုင္တယ္။ ကူးႏိုင္တယ္

၂- ေက်ာင္းသားေတြ မထိဘူးပဲထား။ ပထမ ႏွစ္ရက္တက္တဲ့ ေက်ာင္းသားနဲ႔ ထိတဲ့ ဆရာမဟာ ဒုတိယ သုံးရက္တက္တဲ့ ေက်ာင္းသားနဲ႔ ထိမွာပဲ။ တကယ္ေတာ့ ေရာဂါပ်ိဳးခ်ိန္ဟာ လကၡဏာမျပပဲ ကူးႏိုင္တယ္။ ဒါေၾကာင့္ ကြာရန္တင္းဟာ ပထမ ၁၄ ရက္၊ ေနာက္ မလုံေလာက္လို႔ ၂၁ ရက္ထားရတယ္။ ဒီေတာ့ လုံးလုံး မထိေအာင္ သုံးပတ္ျခားမွ ရမယ္။ ဒီေတာ့ ေက်ာင္းခ်ိန္ခြဲဖြင့္ရတာ အပိုပဲ

၃- ျမန္မာျပည္မွာ အြန္လိုင္းပညာေရးလည္း မျဖစ္ႏိုင္ပါ။ ဒီေတာ့ ေက်ာင္းဖြင့္တာသည္ ေရာဂါ မရွိသူေတြခ်ည္း တက္ရင္သာ ဘာမွ မျဖစ္တာ။ ျဖစ္သူတေယာက္ပါတာနဲ႔ ကူးကို ကူးမယ္လို႔ ေတြးမိတယ္။ ႏွစ္သုတ္ခြဲလည္း ႏွစ္သုတ္လုံး ကူးမယ္။ ၄- က်ဴရွင္ပါ ဖြင့္ၾကမွာ။ တားရမွာ မဟုတ္။ ၅- ဆရာ ဆရာမေတြ လူအင္အားမေလာက္၊ သူတို႔တေတြ အသံထြက္လာလိမ့္မယ္။ မလုပ္ခ်င္ ထြက္ဆိုၿပီး အြန္လိုင္းေလာ္ဘီေတြက ဆဲမယ္။ ဘယ္လိုကန္ေတာ့ရတာ ဘာညာ ေအာက္ဖဲ လွန္ၾကမယ္

၆- ဒါက ကိုယ့္အေၾကာင္း ကိုယ္ေျပာတာ၊ အစိုးရ မူဝါဒ ဘာရွိရွိ ပိုးရွိသူတေယာက္ပါရင္ ကူးမွာလား ျပန္တြက္ၾကည့္ေတာ့ ကူးမွာပဲလို႔ အေျဖရတယ္။ အစိုးရကို အျပစ္မတင္ေပမယ့္ ဂဏန္းမၿငိမ္ေသးခင္ သမီးကို ေက်ာင္းမပို႔ရက္ပါ။ ဒါပါပဲ

မျဖစ္မေန ပို႔မွ ဆို ဒီအခ်က္ေတြကုိ စဥ္းစားပါ-

(၁) ကိုယ့္သားသမီး ထားမယ့္ေက်ာင္း ဘယ္စနစ္လဲ စုံစမ္းပါ။

(၂) တပတ္ျခားသည္ risk အနည္းဆုံး၊ ေန႔စဥ္ပုံမွန္သည္ risk အမ်ားဆုံးပါ၊ ကိုယ့္သားသမီး အတန္းနဲ႔ တက္ရမယ့္ေက်ာင္းစနစ္နဲ႔ သင္ၾကားလို႔ ရမရ တြက္ပါ။

(၃) ျဖစ္ႏိုင္ရင္ ၾကားအတန္းေတြ က ေအာင္႐ုံလို႔ သေဘာထားပါ၊ က်ဴရွင္ေတြနဲ႔ ထိပ္ဆုံးေရာက္ဖို႔ထက္ အသက္က အေရးႀကီးေၾကာင္းေတြးပါ။

(၄) ထားမထား ကိုယ္ပဲ ဆုံးျဖတ္ပါ၊ တခုခုျဖစ္ရင္ ဘယ္သူ႔အျပစ္မွ မဟုတ္၊ သင့္အျပစ္ပါ။

Credit သကၠမုိးညဳိ

UNICODE

ဆရာကြီး လုပ်တယ် ပြောကြဦးမှာပဲ၊ တကယ်က ကိုယ်လည်း မိဘဆိုတော့ စဉ်းစားကြည့်မိတာ၊ ကျောင်းတွေ ငါးမျိုးခွဲမယ်။

ပုံမှန် ဖွင့်လှစ်နိုင်မည့် ကျောင်းများ၊ တစ်ပတ်ခြားတက် နိုင်မည့်ကျောင်းများ၊ ကျောင်းချိန် နှစ်သုတ်တက် (2 Shifts) ဖွင့်လှစ် နိုင်မယ့် ကျောင်းများ၊ ကျောင်းချိန် နှစ်သုတ်တက်၍ တစ်ပတ်ခြား ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊ အခက်အခဲရှိသော ကျောင်းများ

အဓိကက social distancing အတွက် အခြေခံထားတယ် ယူဆရတယ်။ ဒါပေမယ့် ကြားမှာ လွတ်သွားနိုင်တာလေးတွေ ပြောကြည့်မယ်။

၁- ကလေးတွေက ဆော့ချင်တယ်။ ကျောင်းမတက်ခင်၊ အားလပ်ချိန်၊ ကျောင်းဆင်းချိန်မှာ ကစားတာ၊ တွေ့တာ ရှိနိုင်တယ်။ ကူးနိုင်တယ်

၂- ကျောင်းသားတွေ မထိဘူးပဲထား။ ပထမ နှစ်ရက်တက်တဲ့ ကျောင်းသားနဲ့ ထိတဲ့ ဆရာမဟာ ဒုတိယ သုံးရက်တက်တဲ့ ကျောင်းသားနဲ့ ထိမှာပဲ။ တကယ်တော့ ရောဂါပျိုးချိန်ဟာ လက္ခဏာမပြပဲ ကူးနိုင်တယ်။ ဒါကြောင့် ကွာရန်တင်းဟာ ပထမ ၁၄ ရက်၊ နောက် မလုံလောက်လို့ ၂၁ ရက်ထားရတယ်။ ဒီတော့ လုံးလုံး မထိအောင် သုံးပတ်ခြားမှ ရမယ်။ ဒီတော့ ကျောင်းချိန်ခွဲဖွင့်ရတာ အပိုပဲ

၃- မြန်မာပြည်မှာ အွန်လိုင်းပညာရေးလည်း မဖြစ်နိုင်ပါ။ ဒီတော့ ကျောင်းဖွင့်တာသည် ရောဂါ မရှိသူတွေချည်း တက်ရင်သာ ဘာမှ မဖြစ်တာ။ ဖြစ်သူတယောက်ပါတာနဲ့ ကူးကို ကူးမယ်လို့ တွေးမိတယ်။ နှစ်သုတ်ခွဲလည်း နှစ်သုတ်လုံး ကူးမယ်။ ၄- ကျူရှင်ပါ ဖွင့်ကြမှာ။ တားရမှာ မဟုတ်။ ၅- ဆရာ ဆရာမတွေ လူအင်အားမလောက်၊ သူတို့တတွေ အသံထွက်လာလိမ့်မယ်။ မလုပ်ချင် ထွက်ဆိုပြီး အွန်လိုင်းလော်ဘီတွေက ဆဲမယ်။ ဘယ်လိုကန်တော့ရတာ ဘာညာ အောက်ဖဲ လှန်ကြမယ်

၆- ဒါက ကိုယ့်အကြောင်း ကိုယ်ပြောတာ၊ အစိုးရ မူဝါဒ ဘာရှိရှိ ပိုးရှိသူတယောက်ပါရင် ကူးမှာလား ပြန်တွက်ကြည့်တော့ ကူးမှာပဲလို့ အဖြေရတယ်။ အစိုးရကို အပြစ်မတင်ပေမယ့် ဂဏန်းမငြိမ်သေးခင် သမီးကို ကျောင်းမပို့ရက်ပါ။ ဒါပါပဲ

မဖြစ်မနေ ပို့မှ ဆို ဒီအချက်တွေကို စဉ်းစားပါ-

(၁) ကိုယ့်သားသမီး ထားမယ့်ကျောင်း ဘယ်စနစ်လဲ စုံစမ်းပါ။

(၂) တပတ်ခြားသည် risk အနည်းဆုံး၊ နေ့စဉ်ပုံမှန်သည် risk အများဆုံးပါ၊ ကိုယ့်သားသမီး အတန်းနဲ့ တက်ရမယ့်ကျောင်းစနစ်နဲ့ သင်ကြားလို့ ရမရ တွက်ပါ။

(၃) ဖြစ်နိုင်ရင် ကြားအတန်းတွေ က အောင်ရုံလို့ သဘောထားပါ၊ ကျူရှင်တွေနဲ့ ထိပ်ဆုံးရောက်ဖို့ထက် အသက်က အရေးကြီးကြောင်းတွေးပါ။

(၄) ထားမထား ကိုယ်ပဲ ဆုံးဖြတ်ပါ၊ တခုခုဖြစ်ရင် ဘယ်သူ့အပြစ်မှ မဟုတ်၊ သင့်အပြစ်ပါ။

Credit သက္ကမိုးညို

Leave a Comment