ဆန္ဒပြမှုတွေက တနိုင်ငံလုံးကို ကူးစက်ပီး သမ္မတ်အိမ်ဖြူတော်ကိုပါ shut down ချထားရတဲ့ အမေရိကန်နိုင်ငံရဲ့ နောက်ဆုံးရအခြေအနေ
UNICODE
နောက်ဆုံးအခြေအနေကတော့ ဆန္ဒပြမှုတွေက တနိုင်ငံလုံးကို ကူးစက်ပီး ဝါရှင်တန်၊ နယူးယောက်၊ ဘော်စတွန်၊ လော့အန်ဂျလိစ်၊ ဆီယက်တယ်၊ ဒါးလက်၊ အတ္တလန်တာ၊ ဒီးထရိုက်နဲ့ ချီကာဂို အစရှိတဲ့ မြို့ကြီးတွေမှာ အကြီးအကျယ် ဖြစ်ပွားနေကြပါတယ်။
အိမ်ဖြူတော်ကို ပိတ်ထားသလို နယူးယောက်မှာ ဆန္ဒပြသူတွေကို ရဲက ဘတ်စ်ကားနဲ့ တင်ပီး အချုပ်ထဲကို ခေါ်ဖိ့ု ကြိုးစားရာမှာ ဘတ်စ်ကားမောင်းသူက လက်မခံပဲ မမောင်းဘူးဆိုပီး ကားပေါ်က ဆင်းသွားခဲ့ပါတယ်။ နယူးယောက်ဘတ်စ်ကားအသင်းက သူတို့ကားတွေက ဆန္ဒပြသူတွေကို ဖမ်းဖို့ မောင်းမပို့နိုင်ဘူးလို့ ကြေညာခဲ့ပီး ရဲကားတစီးကို ဆန္ဒပြသူတွေက ပြန်ဖျက်ဆီးကြပါတယ်။ လော့အင်ဂျလိစ်မှာတော့ ဆန္ဒပြသူတွေကို အိမ်ပြန်ကြဖို့ တောင်းဆိုနေပါတယ်။
သမိုင်းမှာ ရှားပါးဖြစ်စဉ်အဖြစ် စစ်တပ်ကိုလဲ အသင့်ပြင်ထားဖို့ အိမ်ဖြူတော်က ပင်တဂွန်ကို အကြောင်းကြားထားတယ်လို့ AP သတင်းဌာနက ဆိုပါတယ်။
လေးစားစွာဖြင့် ခရစ်ဒက်….Nay Thway
Leave a Comment