ဗစ္တိုးရီးယားကိစၥမွာ ရဲအရာရွိႀကီး(၃)ေယာက္ကို အေရးယူထားတယ္လို့ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာ

ေနျပည္ေတာ္က ပုဂၢလိကမူႀကိဳေက်ာင္းသူ ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီးေတာ့ အဓိကတာဝန္ရွိတဲ့ရဲအရာရွိႀကီးေတြကို အေရးယူထားတယ္လို႔ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။ဒီေန႔ ေမလ(၃၀)ရက္ေန႔ ႏိုင္ငံေတာ္သမၼ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူဦးေဇာ္ေဌးနဲ႔ သတင္းမီဒီယာေတြ အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြရဲ႕ ေမးျမန္းမႈကိုသူက ေျဖၾကားခဲ့တာပါ။

“ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီးေတာ့ အဓိကတာဝန္ရွိတဲ့ ရဲအရာရွိေတြကို ကြၽန္ေတာ္တို႔ အေရးယူထားပါတယ္။ တိတိက်က်ေျပာရရင္ ရဲအရာရွိႀကီးသုံးဦးေပါ့ ရာထူးတိုးျမင့္ျခင္းရပ္ဆိုင္း ပ႐ိုမိုရွင္း stop နဲ႔ အေရးယူထားတယ္လို႔ တင္ျပထားပါတယ္။” လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္ၿပီး ကူညီေဆာင္႐ြက္ေပးဖို႔ သမၼတဦးဝင္းျမင့္ဆီကို ဗစ္တိုးရီးယားရဲ႕ဖခင္ကစာေပးပို႔ တင္ျပခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္ သမၼတဦးဝင္းျမင့္က တာဝန္ေက်ပြန္ေအာင္မေဆာင္႐ြက္ႏိုင္ခဲ့သူေတြကို အေရးယူေပးဖို႔ ၫႊန္ၾကားထားတာျဖစ္ၿပီး အဲဒီထဲမွာ ဗစ္တိုးရီးယားနာမည္ကို ထုတ္ေဖာ္ေျပာဆိုခဲ့သူေတြလည္း အက်ဳံးဝင္တယ္လို႔ ဦးေဇာ္ေဌးက ဒီႏွစ္ႏွစ္ဆန္းပိုင္းမွာ မီဒီယာေတြကို ေျဖၾကားထားပါတယ္။ရဲတပ္ဖြဲ႕က တရားစြဲတင္ပို႔ခဲ့တဲ့ သံသယတရားခံကိုေအာင္ႀကီးကိုေတာ့ ဒကၡိဏခ႐ိုင္တရား႐ုံးက ၂၀၁၉ ဒီဇင္ဘာ(၁၈)ရက္ေန႔မွာ တရားရွင္လႊတ္ေပးခဲ့ပါတယ္။

Credit O Media

UNICODE

နေပြည်တော်က ပုဂ္ဂလိကမူကြိုကျောင်းသူ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ရှိတဲ့ရဲအရာရှိကြီးတွေကို အရေးယူထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ဒီနေ့ မေလ(၃၀)ရက်နေ့ နိုင်ငံတော်သမ္မရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးနဲ့ သတင်းမီဒီယာတွေ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကိုသူက ဖြေကြားခဲ့တာပါ။

“ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ရှိတဲ့ ရဲအရာရှိတွေကို ကျွန်တော်တို့ အရေးယူထားပါတယ်။ တိတိကျကျပြောရရင် ရဲအရာရှိကြီးသုံးဦးပေါ့ ရာထူးတိုးမြင့်ခြင်းရပ်ဆိုင်း ပရိုမိုရှင်း stop နဲ့ အရေးယူထားတယ်လို့ တင်ပြထားပါတယ်။” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးဖို့ သမ္မတဦးဝင်းမြင့်ဆီကို ဗစ်တိုးရီးယားရဲ့ဖခင်ကစာပေးပို့ တင်ပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့် သမ္မတဦးဝင်းမြင့်က တာဝန်ကျေပွန်အောင်မဆောင်ရွက်နိုင်ခဲ့သူတွေကို အရေးယူပေးဖို့ ညွှန်ကြားထားတာဖြစ်ပြီး အဲဒီထဲမှာ ဗစ်တိုးရီးယားနာမည်ကို ထုတ်ဖော်ပြောဆိုခဲ့သူတွေလည်း အကျုံးဝင်တယ်လို့ ဦးဇော်ဌေးက ဒီနှစ်နှစ်ဆန်းပိုင်းမှာ မီဒီယာတွေကို ဖြေကြားထားပါတယ်။ရဲတပ်ဖွဲ့က တရားစွဲတင်ပို့ခဲ့တဲ့ သံသယတရားခံကိုအောင်ကြီးကိုတော့ ဒက္ခိဏခရိုင်တရားရုံးက ၂၀၁၉ ဒီဇင်ဘာ(၁၈)ရက်နေ့မှာ တရားရှင်လွှတ်ပေးခဲ့ပါတယ်။

Credit O Media

Leave a Comment