ဂီတနဲ့ပတ်သက်ရင် ဘာမှမသိဘဲဆရာကြီးလုပ်ဝေဖန်သူတွေအကြောင်းရင်ဖွင့်လာတဲ့ အိမ့်ချစ်




Source : EaintChit
Credit Celegabr

UNICODE

အိမ့်ချစ်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး အဆိုတော်တွေထဲကတစ်ယောက်ဖြစ်သလို ဂီတအနုပညာရှင်မျိုးဆက်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူချစ်ကောင်းလိုပဲ ပရိသတ်အချစ်တွေရရှိထားကာ ထူးချွန်တဲ့အနုပညာအရည်အချင်းတွေကြောင့် အောင်မြင်နေသူပါ။

အိမ့်ချစ်ကတော့သူချစ်တဲ့ ဂီတပညာကိုမသိနားမလည်ဘဲဝေဖန်နေကြတာကြောင့် စိတ်အပျက်ကြီးပျက်နေတာပါ။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ် My Story မှာ “Music နဲ့ပတ်သက်ရင်သိသလိုတတ်သလိုနဲ့ဝေဖန်တာဆိုးတယ်။တော်တော်ရှင်းပြရခက်တယ်လေ။ ကိုယ်ကရှင်းပြသူကမသိ ဒါပေမဲ့ သိချင်ယောင်ဆောင်ဆရာကြီးလုပ် အဲ့မှာကိုယ်ကထပ်ရှင်း အဲ့တော့ဘာမှမပြောတာအကောင်းဆုံး ” ဆိုပြီးတော့ ရင်ဖွင့်ရေးသားခဲ့တာပါ။

လောကကြီးမှာတော့ ပညာရပ်တစ်ခုကို အမှန်တကယ်မသိဘဲမတတ်ဘဲ ဆရာကြီးလုပ်ဝေဖန်တတ်သူတွေ ရှိတတ်တာပါ။ အိမ့်ချစ်ကတော့ ဂီတအကြောင်းကိုနားမလည်ဘဲဝေဖန်နေတဲ့သူကို သေသေချာချာရှင်းပြမိကာမှ ပိုဆိုးသွားတဲ့အကြောင်းကို ရင်ဖွင့်ခဲ့ပါပြီနော်..

Source : EaintChit
Credit Celegabr

Leave a Comment