ကိုဗစ္ ကပ္ေၾကာင့္ လာမည့္ ဇြန္လ မွ စတင္ၿပီး သိသာ လာမယ့္ ျမန္မာျပည္ ရဲ႕ စီးပြားေရး

ဒီ အခ်ိန္ အထူး သတိထားသင့္ တာက မကြၽမ္းက်င္တဲ့ လႈိင္း ကို စီးဖို႔ မႀကိဳးစား ပါနဲ႔။ ‌မည္သူ႔ကို မွ ေငြမေခ်းပါနဲ႔ ။ ေခ်း မိရင္ ေသခ်ာေပါက္ ဆုံးမယ့္ ကာလပါ ။ အစားအစာ မွ လြဲၿပီး က်န္တဲ့ ပစၥည္းေတြ ဝယ္မယ္ ဆို လိုအပ္လား ဆိုတာ ၃ ခါေလာက္ ျပန္စဥ္းစား ပါ။ လုပ္ငန္းေတြ အသက္ဆက္ဖို႔ မလိုအပ္ပဲ ခန႔္ထားတဲ့ ဝန္ထမ္းေတြကို ေလွ်ာ့ခ်ရ ပါ မယ္။

မလိုအပ္ပဲ ငွားထား တဲ့ ေနရာငွားခေတြ ကို ေလွ်ာ့ခ်ရ ပါမယ္ ။ ေအာင္ျမင္မႈရာခိုင္ႏႈန္း အနဲဆုံးျဖစ္ေနတဲ့ ထုတ္ကုန္ ကို ‌ရပ္ဆိုင္းရပါမယ္။ဝန္ထမ္းေရာ အလုပ္ရွင္ပါ ပိတ္ရက္ မရွိ အတူတ ကြ ႐ုန္းကန္ၾက ရပါမယ္။ စိတ္ကိုေပ်ာ္ေအာင္ႀကိဳးစားၿပီးေနပါ ။ ကြၽန္ေတာ္ ဆို ဝင္ေငြရွိတာ မရွိတာထက္ အလုပ္မလုပ္ ပဲေနရရင္ လုံးဝ စိတ္မေပ်ာ္ပါဘူး ။ ေတာ္ေတာ္ အားတင္းၿပီးေနရ ပါတယ္။

ျမန္မာႏိုင္ ငံရဲ႕ စီးပြားေရး ထိခိုက္မႈပ မာဏက ၂၀၂၀ခုႏွစ္ ၆ လပိုင္းကေန စၿပီး ၁၂ လပိုင္း အတြင္း မွာ တေျဖးေျဖး နဲ႔ အလြန္သိသာလာပါ လိမ့္မယ္ ခင္ဗ်ာ။ လုပ္ငန္းလည္ပတ္ဖို႔ ေငြကို အသဲအသန္လိုလာၾက ပါလိမ့္မယ္ ။ ဘဏ္ေခ်းေငြ မလြယ္ကူတဲ့ ဒီႏိုင္ငံအတြက္ေတာ့ ဒီျပ သနာ ကို ‌‌ေျဖရွင္းဖို႔ လုပ္ရမယ့္ နည္းလမ္း ၂ ခုပဲရွိပါတယ္။လုပ္ငန္းေတြ ကို ပိတ္သိမ္း မလား၊ ရွိတဲ့ ပစၥည္းေတြ ထုခြဲ ေရာင္းခ်ၿပီး လုပ္ငန္းကို ဆက္လက္ လည္ပတ္မလား လုပ္ငန္း ေတြ လည္ပတ္ဖို႔ ႀကိဳးစားမယ္ဆိုရင္ေတာ့ ရွိထားတဲ့ ေ႐ႊ၊ ကား၊ အိမ္ စတဲ့ ၃ မ်ိဳးကို ထုခြဲေရာင္းခ်ရပါမယ္။ အလြယ္ကူဆုံးနဲ႔အျမန္ဆုံး နာရီပိုင္းအတြင္း ေငြ ျဖစ္တဲ့ ပိုင္ဆိုင္မႈပါ။ သို႔ေသာ္ သာမာန္လုပ္ငန္းရွင္အမ်ားစုမွာ လက္ဝတ္ရတနာကလြဲၿပီး ေ႐ႊပမာဏ အမ်ားႀကီး မရွိၾကပါဘူး။

လုပ္ငန္းရွင္တိုင္း မွာ ရွိပါတယ္။ ဒုတိယအျမန္ဆုံး ေငြေဖာ္လို႔ရတဲ့ ပိုင္ဆိုင္မႈပါ။ လုပ္ငန္းရပ္တန႔္သြား တဲ့ သူေတြရဲ႕ ၈၀% ခန႔္သူတို႔ကားေတြ ျပန္ေရာင္းၾကပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အရင္တုန္းက ကြၽန္ေတာ္ေျပာခဲ့ဖူးသလိုပါပဲ။ ျမန္မာျပည္ကလူေတြဟာ ‌ေငြသား ပိုင္ဆိုင္မႈ ပမာဏရဲ႕ ၅၀% ေက်ာ္ကို ကားဝယ္ဖို႔ လြဲမွားစြာ အသုံးျပဳထားၾကတဲ့အတြက္ပါ။ဥပမာ ေငြသား သိန္း ၅၀၀ ခ်မ္းသာသူက သိန္း ၃၀၀ တန္ကားေလာက္ ဝယ္စီးထားၾက ပါတယ္။ ေနာက္တစ္ခ်က္ႏွစ္ရွည္ အရစ္က်စနစ္ နဲ႔ဝယ္ထားတဲ့ကားေတြ လစဥ္ပုံမွန္ေငြဆက္သြင္းဖို႔ ခက္လာၾကပါလိမ့္မယ္။ တခ်ိဳ႕ သိန္းေထာင္ဂဏန္းကားေတြဆို ၅ ႏွစ္အရစ္က် ဝယ္ရင္ တစ္လကို ၁၈ သိန္းနဲ႔ သိန္း ၂၀ ခန႔္ဘဏ္ကို လစဥ္သြင္းၾကရပါတယ္။

ဒီကားေတြ ေငြဆက္မသြင္းႏိုင္ေတာ့ ရင္ ေရာင္းခ်ၿပီး ေငြေဖာ္ၾကပါလိမ့္မယ္။အိမ္ လက္ရွိအခ်ိန္မွာ ေငြေဖာ္ရအခက္ဆုံး ပိုင္ဆိုင္မႈပါ။ ေနရာေကာင္းေလးေတြ သာ ဗိုက္နာေဈးနဲ႔ ေငြေဖာ္လို႔ရမွာ ျဖစ္ၿပီး က်န္တဲ့ေနရာေတြကေတာ့ ေရာင္းမစြံႏိုင္ပါဘူး။ဒီအခ်ိန္ ဝယ္မည့္အစား ငွားေနတာ ပိုကိုက္ပါတယ္။ အဲ့ဒီေတာ့ အိမ္ၿခံေျမေဈး က်ႏိုင္ ပါတယ္ ။ဘဏ္ ရာျဖတ္ေတြ ရဲ႕ ကာလေပါက္ေဈး ထက္ တန္ဘိုး ပိုျဖတ္ကာ ဘဏ္မွာေပါင္ ထားၾကတဲ့ အိမ္ၿခံေျမေတြ ဘယ္လိုဆက္လုပ္ၾကမလဲ ဆို တာလဲ စဥ္းစား စရာပါ။ေငြသားကိုင္ထားတဲ့သူကေတာ့ အေကာင္းဆုံးပါ။ မိမိႀကိဳက္ရာ ေနရာမွာ ခ်က္ျခင္း ရင္းႏွီးျမဳပ္ႏွံလို႔ ရပါတယ္။ liquitidy ျဖစ္တယ္လို႔ ေခၚပါတယ္။ ေရဟာ ေလးေဒါင့္ခြက္ထဲ ထည့္ရင္ ေလးေဒါင့္ျဖစ္ၿပီး အဝိုင္းခြက္ထဲ ထည့္ရင္ အဝိုင္းျဖစ္တဲ့ သေဘာပါ။

REF: THE LIFESTYLE MYANMAR
Credit To Original

UNICODE

ဒီ အချိန် အထူး သတိထားသင့် တာက မကျွမ်းကျင်တဲ့ လှိုင်း ကို စီးဖို့ မကြိုးစား ပါနဲ့။ ‌မည်သူ့ကို မှ ငွေမချေးပါနဲ့ ။ ချေး မိရင် သေချာပေါက် ဆုံးမယ့် ကာလပါ ။ အစားအစာ မှ လွဲပြီး ကျန်တဲ့ ပစ္စည်းတွေ ဝယ်မယ် ဆို လိုအပ်လား ဆိုတာ ၃ ခါလောက် ပြန်စဉ်းစား ပါ။ လုပ်ငန်းတွေ အသက်ဆက်ဖို့ မလိုအပ်ပဲ ခန့်ထားတဲ့ ဝန်ထမ်းတွေကို လျှော့ချရ ပါ မယ်။

မလိုအပ်ပဲ ငှားထား တဲ့ နေရာငှားခတွေ ကို လျှော့ချရ ပါမယ် ။ အောင်မြင်မှုရာခိုင်နှုန်း အနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန် ကို ‌ရပ်ဆိုင်းရပါမယ်။ဝန်ထမ်းရော အလုပ်ရှင်ပါ ပိတ်ရက် မရှိ အတူတ ကွ ရုန်းကန်ကြ ရပါမယ်။ စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ ။ ကျွန်တော် ဆို ဝင်ငွေရှိတာ မရှိတာထက် အလုပ်မလုပ် ပဲနေရရင် လုံးဝ စိတ်မပျော်ပါဘူး ။ တော်တော် အားတင်းပြီးနေရ ပါတယ်။

မြန်မာနိုင် ငံရဲ့ စီးပွားရေး ထိခိုက်မှုပ မာဏက ၂၀၂၀ခုနှစ် ၆ လပိုင်းကနေ စပြီး ၁၂ လပိုင်း အတွင်း မှာ တဖြေးဖြေး နဲ့ အလွန်သိသာလာပါ လိမ့်မယ် ခင်ဗျာ။ လုပ်ငန်းလည်ပတ်ဖို့ ငွေကို အသဲအသန်လိုလာကြ ပါလိမ့်မယ် ။ ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြ သနာ ကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့် နည်းလမ်း ၂ ခုပဲရှိပါတယ်။လုပ်ငန်းတွေ ကို ပိတ်သိမ်း မလား၊ ရှိတဲ့ ပစ္စည်းတွေ ထုခွဲ ရောင်းချပြီး လုပ်ငန်းကို ဆက်လက် လည်ပတ်မလား လုပ်ငန်း တွေ လည်ပတ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်။ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေ ဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော် သာမာန်လုပ်ငန်းရှင်အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီး မရှိကြပါဘူး။

လုပ်ငန်းရှင်တိုင်း မှာ ရှိပါတယ်။ ဒုတိယအမြန်ဆုံး ငွေဖော်လို့ရတဲ့ ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွား တဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ။ မြန်မာပြည်ကလူတွေဟာ ‌ငွေသား ပိုင်ဆိုင်မှု ပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့ လွဲမှားစွာ အသုံးပြုထားကြတဲ့အတွက်ပါ။ဥပမာ ငွေသား သိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြ ပါတယ်။ နောက်တစ်ချက်နှစ်ရှည် အရစ်ကျစနစ် နဲ့ဝယ်ထားတဲ့ကားတွေ လစဉ်ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။ တချို့ သိန်းထောင်ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျ ဝယ်ရင် တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို လစဉ်သွင်းကြရပါတယ်။

ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ ရင် ရောင်းချပြီး ငွေဖော်ကြပါလိမ့်မယ်။အိမ် လက်ရှိအချိန်မှာ ငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။ နေရာကောင်းလေးတွေ သာ ဗိုက်နာဈေးနဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။ဒီအချိန် ဝယ်မည့်အစား ငှားနေတာ ပိုကိုက်ပါတယ်။ အဲ့ဒီတော့ အိမ်ခြံမြေဈေး ကျနိုင် ပါတယ် ။ဘဏ် ရာဖြတ်တွေ ရဲ့ ကာလပေါက်ဈေး ထက် တန်ဘိုး ပိုဖြတ်ကာ ဘဏ်မှာပေါင် ထားကြတဲ့ အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲ ဆို တာလဲ စဉ်းစား စရာပါ။ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်း ရင်းနှီးမြုပ်နှံလို့ ရပါတယ်။ liquitidy ဖြစ်တယ်လို့ ခေါ်ပါတယ်။ ရေဟာ လေးဒေါင့်ခွက်ထဲ ထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲ ထည့်ရင် အဝိုင်းဖြစ်တဲ့ သဘောပါ။

REF: THE LIFESTYLE MYANMAR
Credit To Original

Leave a Comment