ဖက်ရှင်တွေ ဘယ်လိုပဲ ရွေ့လျောလာပါစေ မရိုးနိုင်တာတော့ Jean တွေပဲ ဖြစ်ပါတယ်။ Jean ကို ဘောင်းဘီ အတိုအရှည်၊ ဂျာကင်၊ စကပ် မျိုးစုံ ချုပ်လုပ်ပြီး ဖက်ရှင်တွေထဲမှာ မရိုးနိုင်တဲ့ ဖက်ရှင်အဖြစ် ရပ်တည်နေလျက် ရှိပါတယ်။ ဒါပေမယ့် Jean အဝတ်တွေ ပတ်သတ်ရင် ရှိနေတဲ့ အခက်အခဲကတော့ အရောင်တွေ လွင့်သွားခြင်းနဲ့ ပုံစံတွေ ပျက်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းမယ့် အဝတ်လျှော်နည်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။
ရေနွေးနဲ့ လျှော်ပါ
အထည်ကို ရေပူ ဒါမှမဟုတ် ရေခပ်နွေးနွေးနဲ့ လျှော်ရပါမယ်။ အထည်သားကို ပျော့ပြောင်းစေတဲ့ အဝတ်လျှော်တဲ့အခါမှာ သုံးတဲ့ အရည်ကို မသုံးသင့်ပါတယ်။ ဒါ့အပြင် အဝတ်လျှော်စက်နဲ့ဆိုရင် အထည်ကို အတွင်းအပြင် ပြောင်းပြန်အနေအထားနဲ့ လျှော်ရမှာ ဖြစ်ပါတယ်။
အဝတ်ခြောက်စက်ကို အသုံးမပြုပါနဲ့
Jean အဝတ်အထည်တွေကို လျှော်ဖွတ်ပြီးတဲ့နောက်မှာ အဝတ်ခြောက်ခံတဲ့စက်ကို အသုံးမပြုသင့်ပါဘူး။ သူ့သဘာဝအတိုင်း ခြောက်အောင် ထားတာက အကောင်းဆုံးပါ။ သူတို့ကို ရေစစ်အောင် ပြုလုပ်ပြီးး နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် လှန်းထားရပါမယ်။ ခြောက်သွားရင် မီးပူးတိုက်လို့ ရပါတယ်။
Jean တွေကို ဝတ်ပြီး ရေချိုးပါ
ဒါကတော့ နောက်ပြီး ပြောတဲ့ အချက်တော့ မဟုတ်ပါဘူး။ Jean တွေကို ဝတ်ပြီး ရေချိုးလိုက်တာက အထည်သားကို အရမ်း အကျိုး ဖြစ်စေပါတယ်။ ဒါပေမယ့် ရေချိုးဇလုံနဲ့ ချိုးတာက ပိုပြီး အဆင်ပြေပါတယ်။ Jean ကို ဝတ်ပြီး ရေချိုး ဇလုံထဲမှာ အေးတဲ့အထိ စိမ်နေပြီးတဲ့နောက်မှာတော့ ရေချိုးဇလုံ အပြင်ထွက်ပြီး ကိုယ့်မှာ ဝတ်လျက်နဲ့ ရေစစ်အောင်ထားပြီး အခြောက်လှန်းလို့ ရပါတယ်။
သတိပြုရမည့် အချက်များ
Jean အဝတ်တွေကို ဝယ်တဲ့အခါ တစ် Size ကြီးပြီး ဝယ်တာကို ရှောင်ရပါတယ်။ ပွတဲ့ ကြီးတဲ့ အထည်တွေကို ရွေးတာကို ရှောင်ရပါမယ်။ ဒါ့အပြင် Jean သားက မကြာခဏ လျှော်ဖွတ်စရာမလိုတဲ့အသားတွေ ဖြစ်ပါတယ်။ မကြာခဏ လျှော်ရင်တော့ အသားတွေ လျော့ရဲတာမျိုး ဖြစ်စေပါတယ်။
Ref: Fabiosa