ဇြန္လ ၁ ရက္ တြင္ ျပဳလုပ္မ ည့္ (၁၆)ႀကိမ္ေျမာက္ ေအာင္ ဘာေလ ထီဖြင့္ပြဲ တြင္ ယခင္လကထက္ ဆုေငြႏွစ္ဆ ေက်ာ္ တိုးျမႇင့္ခ်ီးျမႇင့္မည္

ဇြန္လ ၁ ရက္တြင္ ျပဳလုပ္မည့္ (၁၆)ႀကိမ္ေျမာက္ ေအာင္ဘာေလ ထီဖြင့္ပြဲတြင္ ယခင္လကထက္ ဆုေငြႏွစ္ဆ ေက်ာ္ တိုးျမႇင့္ခ်ီးျမႇင့္မည္ဟု ေအာင္ဘာေလသိန္းဆုဌာနကထုတ္ျပန္သည္။ေအာင္ဘာေလသိန္းဆုဌာန သည္ ဧၿပီက ထီလက္က်န္စံခ်ိန္ တင္မ်ားခဲ့၍ ဆုေငြက်ပ္သန္း ၇,၇၀၀ ေက်ာ္သာ ခ်ီးျမႇင့္နိုင္ခဲ့ၿပီး ေမလအတြက္ ျပဳလုပ္မည့္ (၁၆) ႀကိမ္ေျမာက္ထီဖြင့္ပြဲ၌ က်ပ္သန္း ၁၅,၀၀၀ ေက်ာ္အထိ ခြဲေဝခ်ီးျမႇင့္ ရန္ လ်ာထားျခင္းျဖစ္သည္။

ေမလတြင္ ေအာင္ဘာေလ ထီ ကိုယ္စားလွယ္မ်ားသို႔ ျဖန႔္ေဝ ေရာင္းခ်နိုင္သည့္အေရအတြက္ မွာ ဧၿပီထက္ ျပန္မ်ားလာ၍ ဆုေငြႏွင့္ ဆုအေရအတြက္ကို တိုးျမႇင့္ရ ျခင္းျဖစ္သည္ဟု ျပည္တြင္းအခြန္ မ်ား ဦးစီးဌာနမွ တာဝန္ရွိသူတစ္ ဦးက ေျပာသည္။(၁၆)ႀကိမ္ေျမာက္ ထီဖြင့္ပြဲ၌အထူးဆုႀကီးစနစ္တြင္ က်ပ္သိန္း၅,၀၀၀၊ က်ပ္သိန္း ၂,၀၀၀ ႏွင့္ က်ပ္သိန္း ၁,၀၀၀ ဆုတစ္ဆုစီ တိုးျမႇင့္ထားသည္။ဆုတစ္ဆုခ်င္းစနစ္တြင္ လည္း က်ပ္သိန္း ၂၀၀ ႏွင့္ က်ပ္ သိန္း ၁၀၀ ဆု ေျခာက္ဆုစီ၊ က်ပ္ သိန္း ၅၀ ဆု ၁၂ ဆု၊ က်ပ္ သိန္း ၂၀ ဆုကိုးဆု၊ က်ပ္ ၁၀ သိန္းဆု ၁၁ ဆုတို႔ တိုးျမႇင့္ထားေၾကာင္း စာရင္းမ်ားက ဆိုသည္။

ထို႔အျပင္ ေဝေဝဆာဆာ ပေဒသာ ဆုမဲစနစ္တြင္ က်ပ္သုံးသိန္းဆု ၁၁၀ ဆု၊ က်ပ္ႏွစ္သိန္း ဆု ၉၀၀၊ က်ပ္တစ္သိန္းဆု ၁၀,၀၀၀ ႏွင့္ က်ပ္ ၅၀,၀၀၀ ဆု ၁၁၀,၀၀၀ ဆုတို႔ကိုလည္း တိုးျမႇင့္ရန္ သတ္မွတ္ထားသည္။(၁၆)ႀကိမ္ေျမာက္ထီဖြင့္ပြဲ တြင္ ထီဆုေငြႏွင့္ ဆုအေရအတြက္မွာ ဧၿပီကထက္ ႏွစ္ဆေက်ာ္တိုး ျမႇင့္ေသာ္လည္း မတ္လကထက္ က်ပ္သန္း ၄,၀၀၀ ခန႔္ ေလ်ာ့နည္း သည္။‘‘ဧၿပီထက္ လက္က်န္နည္း ေတာ့ ဆုေငြလည္း တိုးသြားတာ ေပါ့။ ဒါေပမဲ့ မတ္လကထက္ ေတာ့ ေရာင္းရတဲ့ ထီလက္မွတ္ ေစာင္ေရနည္းတဲ့အတြက္ အဲဒီ တုန္းကေလာက္ ဆုေငြမေပးနိုင္တဲ့သေဘာပဲ’’ဟု ပန္းဘဲတန္းၿမိဳ႕ နယ္မွ ထီလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။ေအာင္ဘာေလသိန္းဆုဌာန သည္ ေမလတြင္ ထီအုပ္ေရ ၃ ဒသမ ၂ သန္း ေက်ာ္ရိုက္ႏွိပ္ထုတ္ လုပ္ခဲ့ၿပီး ထီအုပ္ေရ ၆၇၀,၀၀၀ မွ လက္က်န္ျဖစ္ေပၚခဲ့ေၾကာင္း ေၾကညာထားသည္။ ေအာင္ဘာ ေလသိန္းဆုဌာနတြင္ ဧၿပီက ထီ အုပ္ေရ ၁ ဒသမ ၈သန္းေက်ာ္ ထီလက္က်န္ျဖစ္ခဲ့သည္။ ထို႔ ေၾကာင့္ ေမလအတြက္ ထီလက္က်န္အေရအတြက္မွာ ဧၿပီက ထက္ ေလ်ာ့နည္းခဲ့သည္။

ထီဖြင့္လွစ္ရာတြင္ ထီလက္မွတ္လက္က်န္မ်ားထဲမွ ဆုမဲထြက္ပါက ပယ္မဲျပဳလုပ္ကာ ေရာင္းခ် ၿပီးထီလက္မွတ္ထဲမွ မထြက္မခ်င္း ျပန္ႏွိုက္ေရြးခ်ယ္မည္ဟု ေအာင္ ဘာေလသိန္းဆုဌာနက ေၾကညာ ထားသည္။

Credit to Original

UNICODE

ဇွန်လ ၁ ရက်တွင် ပြုလုပ်မည့် (၁၆)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ယခင်လကထက် ဆုငွေနှစ်ဆ ကျော် တိုးမြှင့်ချီးမြှင့်မည်ဟု အောင်ဘာလေသိန်းဆုဌာနကထုတ်ပြန်သည်။အောင်ဘာလေသိန်းဆုဌာန သည် ဧပြီက ထီလက်ကျန်စံချိန် တင်များခဲ့၍ ဆုငွေကျပ်သန်း ၇,၇၀၀ ကျော်သာ ချီးမြှင့်နိုင်ခဲ့ပြီး မေလအတွက် ပြုလုပ်မည့် (၁၆) ကြိမ်မြောက်ထီဖွင့်ပွဲ၌ ကျပ်သန်း ၁၅,၀၀၀ ကျော်အထိ ခွဲဝေချီးမြှင့် ရန် လျာထားခြင်းဖြစ်သည်။

မေလတွင် အောင်ဘာလေ ထီ ကိုယ်စားလှယ်များသို့ ဖြန့်ဝေ ရောင်းချနိုင်သည့်အရေအတွက် မှာ ဧပြီထက် ပြန်များလာ၍ ဆုငွေနှင့် ဆုအရေအတွက်ကို တိုးမြှင့်ရ ခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန် များ ဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။(၁၆)ကြိမ်မြောက် ထီဖွင့်ပွဲ၌အထူးဆုကြီးစနစ်တွင် ကျပ်သိန်း၅,၀၀၀၊ ကျပ်သိန်း ၂,၀၀၀ နှင့် ကျပ်သိန်း ၁,၀၀၀ ဆုတစ်ဆုစီ တိုးမြှင့်ထားသည်။ဆုတစ်ဆုချင်းစနစ်တွင် လည်း ကျပ်သိန်း ၂၀၀ နှင့် ကျပ် သိန်း ၁၀၀ ဆု ခြောက်ဆုစီ၊ ကျပ် သိန်း ၅၀ ဆု ၁၂ ဆု၊ ကျပ် သိန်း ၂၀ ဆုကိုးဆု၊ ကျပ် ၁၀ သိန်းဆု ၁၁ ဆုတို့ တိုးမြှင့်ထားကြောင်း စာရင်းများက ဆိုသည်။

ထို့အပြင် ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု ၁၁၀ ဆု၊ ကျပ်နှစ်သိန်း ဆု ၉၀၀၊ ကျပ်တစ်သိန်းဆု ၁၀,၀၀၀ နှင့် ကျပ် ၅၀,၀၀၀ ဆု ၁၁၀,၀၀၀ ဆုတို့ကိုလည်း တိုးမြှင့်ရန် သတ်မှတ်ထားသည်။(၁၆)ကြိမ်မြောက်ထီဖွင့်ပွဲ တွင် ထီဆုငွေနှင့် ဆုအရေအတွက်မှာ ဧပြီကထက် နှစ်ဆကျော်တိုး မြှင့်သော်လည်း မတ်လကထက် ကျပ်သန်း ၄,၀၀၀ ခန့် လျော့နည်း သည်။‘‘ဧပြီထက် လက်ကျန်နည်း တော့ ဆုငွေလည်း တိုးသွားတာ ပေါ့။ ဒါပေမဲ့ မတ်လကထက် တော့ ရောင်းရတဲ့ ထီလက်မှတ် စောင်ရေနည်းတဲ့အတွက် အဲဒီ တုန်းကလောက် ဆုငွေမပေးနိုင်တဲ့သဘောပဲ’’ဟု ပန်းဘဲတန်းမြို့ နယ်မှ ထီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။အောင်ဘာလေသိန်းဆုဌာန သည် မေလတွင် ထီအုပ်ရေ ၃ ဒသမ ၂ သန်း ကျော်ရိုက်နှိပ်ထုတ် လုပ်ခဲ့ပြီး ထီအုပ်ရေ ၆၇၀,၀၀၀ မှ လက်ကျန်ဖြစ်ပေါ်ခဲ့ကြောင်း ကြေညာထားသည်။ အောင်ဘာ လေသိန်းဆုဌာနတွင် ဧပြီက ထီ အုပ်ရေ ၁ ဒသမ ၈သန်းကျော် ထီလက်ကျန်ဖြစ်ခဲ့သည်။ ထို့ ကြောင့် မေလအတွက် ထီလက်ကျန်အရေအတွက်မှာ ဧပြီက ထက် လျော့နည်းခဲ့သည်။

ထီဖွင့်လှစ်ရာတွင် ထီလက်မှတ်လက်ကျန်များထဲမှ ဆုမဲထွက်ပါက ပယ်မဲပြုလုပ်ကာ ရောင်းချ ပြီးထီလက်မှတ်ထဲမှ မထွက်မချင်း ပြန်နှိုက်ရွေးချယ်မည်ဟု အောင် ဘာလေသိန်းဆုဌာနက ကြေညာ ထားသည်။

Credit to Original

Leave a Comment