လာမယ့္ေဆာင္းရာသီမွာ ကိုဗစ္ေရာဂါ ျပန္ဆုိးရြားႏုိင္ေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႕သတိေပး

လာမယ့္ေဆာင္းဦးရာသီမွာ ပိုၿပီးျပင္းထန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ဒုတိယလႈိင္းအတြက္ ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္က သတိေပးလိုက္ပါတယ္။ ၿပီးခဲ့တဲ့ရက္ေတြက ဥေရာပတိုက္ႏိုင္ငံေတြမွာ ကူးစက္ႏႈန္း နဲ႔ ေသဆုံးႏႈန္းေတြက်ဆင္းလာေပမယ့္ သတိထားၿပီး ႏုိးၾကားစြာ ေနၾကဖုိ႔ ေျပာၾကားခဲ့ပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕အေန ေဆာင္းဦးရာသီေတြမွာျဖစ္တတ္တဲ့ တုပ္ေကြး နဲ႔ ရာသီအလိုက္ျဖစ္ေပၚတဲ့ ဝက္သက္ေရာဂါေတြပါ ေနာက္ဆက္တြဲ ျဖစ္လာမွာကုိ စုိးရိမ္ေနၾကပါတယ္။

တေက်ာ့ျပန္ေရာဂါျဖစ္ပြားမႈနဲ႔ပတ္သက္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ႀကီးက ေတာင္ကိုရီးယား နဲ႔ တ႐ုတ္ႏိုင္ငံတို႔ကို သာဓကျပထားပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ဝူဟန႔္ၿမိဳ႕မွာ ေရာဂါသက္သာလာသူေတြမ်ားျပားလာလို႔ lockdown အနည္းငယ္ျပန္လည္ေျဖေလွ်ာ့ၿပီးေနာက္မွာပဲ ေရာဂါကူးစက္မႈတစ္ခ်ိဳ႕ျပန္လည္ ေပၚခဲ့ပါတယ္။ ေနာက္ၿပီး ေတာင္ကိုရီးယားႏိုင္ငံမွာလည္း ေရာဂါကူးစက္မႈဆက္တိုက္က်ဆင္းေနခဲ့ၿပီး လြန္ခဲ့တဲ့တစ္ပတ္ကပဲ ေရာဂါျဖစ္ပြားမႈအသစ္ေတြေပၚထြက္လာေနပါတယ္။

ေဒါက္တာ ကလာ့ခ္ အေနနဲ႔ ၿဗိတိန္၊ စပိန္၊ အီတလီ နဲ႔ ဥေရာပေဒသအခ်ိဳ႕မွာ ကူးစက္မႈက်ဆင္းလာၿပီး ကာဇက္စတန္၊ ႐ုရွား၊ ယူကရိန္း နဲ႔ ဘယ္လာ႐ုစ္လုိ ဥေရာပအေရွ႕စြန္း ႏိုင္ငံေတြဆီမွာ ကူးစက္မႈျမင့္တက္လာတာေတြ႕ရတာေၾကာင့္ ဥေရာပေဒသမွာ ေရာဂါေပ်ာက္သြားၿပီလို႔သတ္မွတ္လို႔မရေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ကုိဗစ္ ေရာဂါတစ္ေက်ာ့ျပန္လည္လာၿပီး ပိုမိုအားေကာင္းတဲ့ကူးစက္မႈေတြျဖစ္ဖုိ႔ အရွိန္ယူေနတာသာျဖစ္တယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။

Credit to Original

UNICODE

လာမယ့်ဆောင်းဦးရာသီမှာ ပိုပြီးပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဥရောပတိုက်နိုင်ငံတွေမှာ ကူးစက်နှုန်း နဲ့ သေဆုံးနှုန်းတွေကျဆင်းလာပေမယ့် သတိထားပြီး နိုးကြားစွာ နေကြဖို့ ပြောကြားခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေ ဆောင်းဦးရာသီတွေမှာဖြစ်တတ်တဲ့ တုပ်ကွေး နဲ့ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ဝက်သက်ရောဂါတွေပါ နောက်ဆက်တွဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

တကျော့ပြန်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးက တောင်ကိုရီးယား နဲ့ တရုတ်နိုင်ငံတို့ကို သာဓကပြထားပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန့်မြို့မှာ ရောဂါသက်သာလာသူတွေများပြားလာလို့ lockdown အနည်းငယ်ပြန်လည်ဖြေလျှော့ပြီးနောက်မှာပဲ ရောဂါကူးစက်မှုတစ်ချို့ပြန်လည် ပေါ်ခဲ့ပါတယ်။ နောက်ပြီး တောင်ကိုရီးယားနိုင်ငံမှာလည်း ရောဂါကူးစက်မှုဆက်တိုက်ကျဆင်းနေခဲ့ပြီး လွန်ခဲ့တဲ့တစ်ပတ်ကပဲ ရောဂါဖြစ်ပွားမှုအသစ်တွေပေါ်ထွက်လာနေပါတယ်။

ဒေါက်တာ ကလာ့ခ် အနေနဲ့ ဗြိတိန်၊ စပိန်၊ အီတလီ နဲ့ ဥရောပဒေသအချို့မှာ ကူးစက်မှုကျဆင်းလာပြီး ကာဇက်စတန်၊ ရုရှား၊ ယူကရိန်း နဲ့ ဘယ်လာရုစ်လို ဥရောပအရှေ့စွန်း နိုင်ငံတွေဆီမှာ ကူးစက်မှုမြင့်တက်လာတာတွေ့ရတာကြောင့် ဥရောပဒေသမှာ ရောဂါပျောက်သွားပြီလို့သတ်မှတ်လို့မရကြောင်း ပြောကြားခဲ့ပါတယ်။ ကိုဗစ် ရောဂါတစ်ကျော့ပြန်လည်လာပြီး ပိုမိုအားကောင်းတဲ့ကူးစက်မှုတွေဖြစ်ဖို့ အရှိန်ယူနေတာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Credit to Original

Leave a Comment