ဒီလ ဘုန္းဘုန္း တို႔ ပရဟိတေက်ာင္းေလးက မီတာခ သိန္း (၃,၈၂၆,၆၀၀) က်တယ္ တဲ့

Covid – 19 ကပ္ေရာဂါကာလ မွာ စားစရာ မရွိေပမဲ့ ေလ်ာ္စရာေငြေတာ့ရွာရအုံးမယ္ ဒီလမီတာခ ၃,၈၂၆,၆၀၀ သုံးဆယ့္ရွစ္သိန္း ႏွစ္ေသာင္းေျခာက္ေထာင္ ေျခာက္ရာက်ပ္ မိဘမဲ့ေက်ာင္း နဲ႔ စက္႐ုံႀကီး နဲ႔ မွားေကာက္တာေတာ့ မျဖစ္ႏိုင္ဘူးနဲ႔တူတယ္ျမန္မာႏိုင္ငံက မီတာစာ႐ြက္ေတြက အလိုလို က်ေနတာ လားမသိ..မိတာဖတ္စာေရးငိုက္တာလား………………ဒီလိုေတာ့ မျဖစ္ေတာ့ပုေပါ.

လ်ပ္စစ္မီတာခ တြက္နည္း

ယေန႔ ေခတ္ မွာ ေနရာ ေတာ္ေတာ္ မ်ားမ်ား လွ်ပ္စစ္မီး ရလာ ၾကပါ ၿပီ ။ ဒါေၾကာင့္ လွ်ပ္စစ္ အသုံး ျပဳခ ေတြ မီတာ ကုန္က် ခေတြ အေၾကာင္း လူအမ်ား သိသင့္ပါ တယ္ ။ဘယ္အရာ မဆို ကိုယ္တိုင္ တြက္ခ်က္ တတ္ရင္ အလိုလို ခ်င့္ခ်ိန္ တတ္ လာ မယ္ ေနာက္ၿပီး သူမ်ား ညာတာ လဲ မခံရ ေတာ့ ပါ ဘူး ။ ဦးဇင္းတို႔ မီတာ တြက္ တဲ့ အခါ အသုံး ျပဳတဲ့ လွ်ပ္စစ္ ပစၥည္း ေလးေတြ ကို အရင္ watt (ဝပ္) ဘယ္ေလာက္ ႏူန္းစား လဲ လို႔ သိရပါမယ္ ။မီးလုံး တစ္လုံး ဆိုရင္ 60 W လို႔ ေရးထားပါ တယ္ ။ 60 W ( ဝပ္ ) ရွိတဲ့ အဲဒိ မီးလုံးေလး ကို ႏွစ္နာရီ တိတိ ထြန္းထားမယ္ ဆိုရင္ ( 60 × 2 = 120 ) ၁၂၀ ေပါ့ ။ သူကို တို႔ နာရီနဲ႔ ေျမႇာက္ၿပီး သား ျဖစ္လို႔ ဝပ္ နာရီ ( Watt Hours = WH ) လို႔ ေခၚပါတယ္ ။ 1000 WH ကို 1 KWH (Kilowatt hour ) ျဖစ္လို႔ တစ္ေထာင္ နဲ႔ စားပါ က ကီလိုဝပ္ဟာဝါ ရပါတယ္ ။

ဒါေၾကာင့္ ခုနက ၁၂၀ ကို ၁ေထာင္ နဲ႔ စားရင္ 0.12 ရမယ္ အဲဒါ ကို မီတာခ ေကာက္ခံ ႏူန္းတား ၃၅က်ပ္ နဲ႔ ေျမႇာက္တဲ့ အခါ 4.2 ရပါတယ္ ။ ဒါဆိုရင္ 60W မီးသီ ေလးကို ႏွစ္နာရီ ထြန္းရင္ ၄ က်ပ္ ေက်ာ္ေက်ာ္ က်ပါတယ္ ။မီတာခ ေတြ ေကာက္ ခံတဲ့ အခါ အိမ္သုံး နဲ႔ လုပ္ငန္းသုံးဆို ၿပီး ႏွစ္မ်ိဳး ရွိပါတယ္ ။ အဲဒိ ႏွစ္မ်ိဳး မွာ လဲ ယူနစ္ အသုံးျပဳ႕မူ႔ အလိုက္ အခ ေၾကးေငြ ကြာပါ တယ္ ။ ကိုယ္ ဘယ္ေလာက္ ႏူန္း မီတာ ခ အေကာက္ခံရတယ္ ဆိုတာ ေဘာင္ခ်ာမွာ ၾကည့္ရင္ သိႏိူင္ပါ တယ္ ။

မိမိ တို႔ အသုံး ျပဳေနတဲ့ လွ်ပ္စစ္ ပစၥည္း တိုင္း မွာ မီတာ စားႏူန္းေလး ေတြ ေရးထား တာ ေတြ႕ရပါ လိမ့္မယ္ ။တစ္ေကာင္ အဲယားကြန္း 750 W ; ထမင္းေပါင္းအိုး 700 W ; ေလးေပ မီးေခ်ာင္း 40 W ; အဲဒီလို ေလးေတြ ပါတာ ေတြ႕မွာပါ။ပိုၿပီး ရွင္းလင္း သြားေအာင္ ဦးဇင္း ျပေပး ထားတဲ့ ပုံေလး ကို ၾကည့္လိုက္ ပါ ။

Credit : AshinThuseiktaz

UNICODE

Covid – 19 ကပ်ရောဂါကာလ မှာ စားစရာ မရှိပေမဲ့ လျော်စရာငွေတော့ရှာရအုံးမယ် ဒီလမီတာခ ၃,၈၂၆,၆၀၀ သုံးဆယ့်ရှစ်သိန်း နှစ်သောင်းခြောက်ထောင် ခြောက်ရာကျပ် မိဘမဲ့ကျောင်း နဲ့ စက်ရုံကြီး နဲ့ မှားကောက်တာတော့ မဖြစ်နိုင်ဘူးနဲ့တူတယ်မြန်မာနိုင်ငံက မီတာစာရွက်တွေက အလိုလို ကျနေတာ လားမသိ..မိတာဖတ်စာရေးငိုက်တာလား………………ဒီလိုတော့ မဖြစ်တော့ပုပေါ.

လျပ်စစ်မီတာခ တွက်နည်း

ယနေ့ ခေတ် မှာ နေရာ တော်တော် များများ လျှပ်စစ်မီး ရလာ ကြပါ ပြီ ။ ဒါကြောင့် လျှပ်စစ် အသုံး ပြုခ တွေ မီတာ ကုန်ကျ ခတွေ အကြောင်း လူအများ သိသင့်ပါ တယ် ။ဘယ်အရာ မဆို ကိုယ်တိုင် တွက်ချက် တတ်ရင် အလိုလို ချင့်ချိန် တတ် လာ မယ် နောက်ပြီး သူများ ညာတာ လဲ မခံရ တော့ ပါ ဘူး ။ ဦးဇင်းတို့ မီတာ တွက် တဲ့ အခါ အသုံး ပြုတဲ့ လျှပ်စစ် ပစ္စည်း လေးတွေ ကို အရင် watt (ဝပ်) ဘယ်လောက် နူန်းစား လဲ လို့ သိရပါမယ် ။မီးလုံး တစ်လုံး ဆိုရင် 60 W လို့ ရေးထားပါ တယ် ။ 60 W ( ဝပ် ) ရှိတဲ့ အဲဒိ မီးလုံးလေး ကို နှစ်နာရီ တိတိ ထွန်းထားမယ် ဆိုရင် ( 60 × 2 = 120 ) ၁၂၀ ပေါ့ ။ သူကို တို့ နာရီနဲ့ မြှောက်ပြီး သား ဖြစ်လို့ ဝပ် နာရီ ( Watt Hours = WH ) လို့ ခေါ်ပါတယ် ။ 1000 WH ကို 1 KWH (Kilowatt hour ) ဖြစ်လို့ တစ်ထောင် နဲ့ စားပါ က ကီလိုဝပ်ဟာဝါ ရပါတယ် ။

ဒါကြောင့် ခုနက ၁၂၀ ကို ၁ထောင် နဲ့ စားရင် 0.12 ရမယ် အဲဒါ ကို မီတာခ ကောက်ခံ နူန်းတား ၃၅ကျပ် နဲ့ မြှောက်တဲ့ အခါ 4.2 ရပါတယ် ။ ဒါဆိုရင် 60W မီးသီ လေးကို နှစ်နာရီ ထွန်းရင် ၄ ကျပ် ကျော်ကျော် ကျပါတယ် ။မီတာခ တွေ ကောက် ခံတဲ့ အခါ အိမ်သုံး နဲ့ လုပ်ငန်းသုံးဆို ပြီး နှစ်မျိုး ရှိပါတယ် ။ အဲဒိ နှစ်မျိုး မှာ လဲ ယူနစ် အသုံးပြု့မူ့ အလိုက် အခ ကြေးငွေ ကွာပါ တယ် ။ ကိုယ် ဘယ်လောက် နူန်း မီတာ ခ အကောက်ခံရတယ် ဆိုတာ ဘောင်ချာမှာ ကြည့်ရင် သိနိူင်ပါ တယ် ။

မိမိ တို့ အသုံး ပြုနေတဲ့ လျှပ်စစ် ပစ္စည်း တိုင်း မှာ မီတာ စားနူန်းလေး တွေ ရေးထား တာ တွေ့ရပါ လိမ့်မယ် ။တစ်ကောင် အဲယားကွန်း 750 W ; ထမင်းပေါင်းအိုး 700 W ; လေးပေ မီးချောင်း 40 W ; အဲဒီလို လေးတွေ ပါတာ တွေ့မှာပါ။ပိုပြီး ရှင်းလင်း သွားအောင် ဦးဇင်း ပြပေး ထားတဲ့ ပုံလေး ကို ကြည့်လိုက် ပါ ။

Credit : AshinThuseiktaz

Leave a Comment