အိမ်ထောင်စု(၂၀၀)အတွက် ကြက်အူချောင်းနဲ့ဆန်အိတ်တွေပေးလှူခဲ့တဲ့ Sinon




Source: Sinon Loresca
Credit -CeleGabar

UNICODE

အကူအညီလိုအပ်နေသူတွေကို အမြဲကူညီပေးလေ့ရှိတဲ့ ပရိသတ်အချစ်တော် Sinon Lorescaကတော့ ရောဂါကပ်လေးကြီးစကတည်းက တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေသလို အစားအသောက်တွေလည်းချက်ပြုတ်ပြီး ပေးဝေနေခဲ့တာလည်းဖြဟ်ပါတယ်။ လက်ရှိမှာလည်း မွန်းမြတ်အလှူလေးတစ်ခုအဖြစ် လိုအပ်နေသူတွေကို ထောက်ပံ့လှူဒါန်းလိုက်ပြန်ပါပြီ။

Sinon Lorescaဟာ ရောဂါကပ်လေးကြီးကြောင့် အကူအညီလိုအပ်နေတဲ့ အခြေခံလူတန်းစားအိမ်ထောင်စု(၂၀၀)ကို ကြက်အူချောင်းနဲ့ဆန်အိတ်တွေလှူဒါန်းခဲ့တဲ့အကြောင်းကို “ဆင်းရဲမွဲတေမှုဒဏ်ခံရသောဒေသရှိမိသားစု ၂၀၀ အားဝက်အူချောင်းနှင့်ဆန်အိတ် ၂၀၀ ကိုဝေငှလှူဒါန်းခြင်း။ ဤသေးငယ်သောကြင်နာမှုလုပ်ရပ်ကသူတို့၏ဘဝအပေါ်ကြီးမားသောအကျိုးသက်ရောက်မှုရှိသွားမာပါ။ Sharing 200 packs of sausages and rice to 200 families in a poverty-stricken area. This small act of kindness makes a big impact on their lives Thanks to ‘’ Daw Hla Tin Food Stuff Industry’’” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ Sinon ကတော့ Covid-19 ရောဂါကပ်ဘေးကြီးကြောင့် ဆင်းရဲမွဲတေမှုဒဏ်ခံရသောဒေသရှိမိသားစု (၂၀၀)ကို ကြက်အူချောင်းနဲ့ ဆန်အိတ်(၂၀၀)သွားရောက်လှူဒါန်းခဲ့ပါတယ်တဲ့။Sinon ရဲ့ မွန်မြတ်လှတဲ့ အလှူလေးပြုလုပ်နေတဲ့ ဗီဒီဖိုင်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: Sinon Loresca
Credit -CeleGabar

Leave a Comment