သူမရဲ့ အောင်မြင်မှုအပေါ် ခံယူချက်ကို ပြောပြလာခဲ့တဲ့ Blackpink’s Jennie

Blackpink အဖွဲ့ဝင်တွေဟာ Kpop လောကရဲ့ အအောင်မြင်ဆုံးသော girl group အဖွဲ့တစ်ခု အဖြစ် လက်ရှိမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ကောင်မလေး ငယ်ငယ်ချောချော လေးယောက်နဲ့ဖွဲ့ထားတဲ့ ဒီအဖွဲ့ဟာ အရမ်းကို စည်းလုံးပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ကူညီဖေးမတတ်ကြသူတွေပဲ ဖြစ်ပါတယ်နော်။ Blackpink အဖွဲ့ဝင်တစ်ယောက်စီတိုင်းမှာလည်း ကိုယ်ပိုင် ပရိတ်သတ်အခိုင်အမာ ရရှိထားကြသူတွေလည်း ဖြစ်ပါတယ်။ Blackpink ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie က သူမရဲ့ အောင်မြင်မှုနဲ့ ခံယူထားတဲ့ ခံယူချက်ကို ခုလိုပြောပြလာခဲ့ပါတယ်။

Fashion magazine တစ်ခုဖြစ်တဲ့ VOGUE KOREA ကနေပြီးတော့ Jennie ရဲ့အင်တာဗျူးကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အင်တာဗျူးမှာ Jennie က သူမအနေနဲ့ ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုနေထိုင်တယ်၊ ဘယ်လိုခံယူထားတယ်ဆိုတာကို ခုလိုပဲ ပြောပြခဲ့ပါတယ်။

“ ကျွန်မက လူတွေရဲ့ အမြင်ကို အမြဲဂရုစိုက်နေရပါတယ် ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်မရဲ့ အလုပ်နဲ့ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါ ကျွန်မရဲ့ အောင်မြင်မှုက လူတစ်ချို့အပေါ် လွှမ်းမိုးနိုင်တယ်ဆိုတာ သိပါတယ် ဒါကြောင့်ပဲ ကျွန်မလုပ်တဲ့ အရာတိုင်းမှာ တာဝန်ရှိတယ်လို့ ခံစားရစေပါတယ် ကျွန်မလည်း ငယ်ငယ်တုန်းက အဲလိုမျိုး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ကို အိပ်မက်မက်ခဲ့ရသူပါ ကျွန်မကလည်း သူများတွေနည်းတူ တစ်ချိန်က တစ်ခြားတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတဲ့အတွက် ကျွန်မကောင်းကောင်းနားလည်တာပါ” ဆိုပြီး အနုပညရှင်တစ်ယောက်ဟာ တစ်ခြားသူတွေ လေးစားအားကျရပြီး လိုက်အတုယူလေ့ရှိတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

Jennine ဟာ YG Entertainment ရဲ့ဦးဆောင်မှုအောက် training ခြောက်နှစ်ကာလာပြီးတဲ့အချိန်မှာတော့ Blackpink အဖွဲ့နဲ့အတူ ပွဲဦးထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ခုချိန်မှာတော့ သူတို့ရဲ့အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းလုံးက ပရိတ်သတ် သန်းပေါင်းများစွာရဲ့ အားပေးမှုကို အခိုင်အမာရရှိထားကြသူတွေ ဖြစ်ပါတယ်။

SBS Star

Credit to AuntyMay

 

Leave a Comment