အဖြားအိုနဲ႔ ေနရတဲ့မိဘမဲ့ကေလး ၃ေယာက္အား ေျမကြက္ဝယ္ဖို႔နဲ႔ ေဈးဆိုင္ေလးတည္ႏိုင္ဖို႔အတြက္မတည္လႉဒါန္းေပးခဲ့တဲ့ ယုန္ေလး

ယုန္ေလးကေတာ့ အဆိုေတာ္၊သ႐ုပ္ေဆာင္၊ဒါ႐ိုက္တာတစ္ေယာက္အျဖစ္နဲ႔ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ရရွိေနတာျဖစ္ပါတယ္။ ယခုလိုေအာင္ျမင္ေနတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ေနေပမယ့္လည္း အလႉအတန္းဘက္မွာမလွစ္ဟင္းရေအာင္ သူတတ္ႏိုင္သေလာက္လိုအပ္တဲ့ေနရာေတြမွာ ေထာက္ပံ့လႉဒါန္းေပးေလ့ရွိပါတယ္။

မၾကာေသးခင္ကလည္း ယုန္ေလးဟာ ရပ္ကြပ္မီးေလာင္မႈေၾကာင့္ အိမ္ေလးပါသြားလို႔ဒုကၡေရာက္ေနတဲ့ဇာတ္သဘင္ေလာကမွ ညီမေလးေတြအတြက္ပိုင္တံခြန္တို႔နဲ႔အတူ အလႉေငြမ်ားမတည္လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။ လက္ရွိမွာလည္း အဖြားအိုနဲ႔ ေနေနရေသာ မိဘမဲကေလး ၃ေယာက္အား ေျမကြက္ဝယ္ဖို႔နဲ႔ ေဈးဆိုင္ေလးတည္ႏိုင္ဖို႔အတြက္ ယုန္ေလးကမတည္လႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။

အဲဒီအေၾကာင္းေလးကိုေတာ့ “ဒီအပတ္အတြက္မီးေဘးသင့္တဲ့ ညီမေလးကိုဦးေဆာင္ၿပီး လႉၿပီးပါၿပီ.အဖြားအိုနဲ႔ ေနေနရေသာ မိဘမဲ ကေလး ၃ေယာက္အားေျမကြက္ဝယ္ဖို႔ နဲ႔ ေဈးဆိုင္ေလး အတြက္ ကိုၿဖိဳးႏွင့္ ကြၽန္ေတာ္ ၃သိန္း မတည္ခဲ့ပါတယ္ . ကိုယ္စားလႉေပတဲ့ ကိုႏိုင္စိုး ႏွင့္မ ေ႐ႊစင္ၿငိမ္းသူ ကိလည္း ေက်းဇူးတင္ပါသည္။ညီေလးေက်ာ္စြာကို သ႐ုပ္ေဆာင္ စည္ၿဖိဳးမွလည္း ၁သိန္း ႏွင့္Ma Anna Isaac Izam မွ 5ေသာင္း အလႉမွာပါဝင္ေပးက်ေသာ ညီအစ္ကိုေမာင္ႏွစ္မမ်ားအားလည္း အထူးေက်းဇူးတင္ပါသည္”ဆိုၿပီးေရးသားေဖာ္ျပထားခဲ့တာကို ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…။

Credit The Moon
Source:Yone Lay

UNICODE

ယုန်လေးကတော့ အဆိုတော်၊သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ယခုလိုအောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပေမယ့်လည်း အလှူအတန်းဘက်မှာမလှစ်ဟင်းရအောင် သူတတ်နိုင်သလောက်လိုအပ်တဲ့နေရာတွေမှာ ထောက်ပံ့လှူဒါန်းပေးလေ့ရှိပါတယ်။

မကြာသေးခင်ကလည်း ယုန်လေးဟာ ရပ်ကွပ်မီးလောင်မှုကြောင့် အိမ်လေးပါသွားလို့ဒုက္ခရောက်နေတဲ့ဇာတ်သဘင်လောကမှ ညီမလေးတွေအတွက်ပိုင်တံခွန်တို့နဲ့အတူ အလှူငွေများမတည်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာလည်း အဖွားအိုနဲ့ နေနေရသော မိဘမဲကလေး ၃ယောက်အား မြေကွက်ဝယ်ဖို့နဲ့ ဈေးဆိုင်လေးတည်နိုင်ဖို့အတွက် ယုန်လေးကမတည်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အဲဒီအကြောင်းလေးကိုတော့ “ဒီအပတ်အတွက်မီးဘေးသင့်တဲ့ ညီမလေးကိုဦးဆောင်ပြီး လှူပြီးပါပြီ.အဖွားအိုနဲ့ နေနေရသော မိဘမဲ ကလေး ၃ယောက်အားမြေကွက်ဝယ်ဖို့ နဲ့ ဈေးဆိုင်လေး အတွက် ကိုဖြိုးနှင့် ကျွန်တော် ၃သိန်း မတည်ခဲ့ပါတယ် . ကိုယ်စားလှူပေတဲ့ ကိုနိုင်စိုး နှင့်မ ရွှေစင်ငြိမ်းသူ ကိလည်း ကျေးဇူးတင်ပါသည်။ညီလေးကျော်စွာကို သရုပ်ဆောင် စည်ဖြိုးမှလည်း ၁သိန်း နှင့်Ma Anna Isaac Izam မှ 5သောင်း အလှူမှာပါဝင်ပေးကျသော ညီအစ်ကိုမောင်နှစ်မများအားလည်း အထူးကျေးဇူးတင်ပါသည်”ဆိုပြီးရေးသားဖော်ပြထားခဲ့တာကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

Credit The Moon
Source:Yone Lay

Leave a Comment