အသွားအလာပိတ်ထားတဲ့ကာလအတွင်း လူတွေလိင်မှု ကိစ္စနည်းလာကြပုံရတယ်လို့ Durex သူဌေးပြောကြား

မတ်လအတွင်း ဗြိတိန်အပါအဝင် နိုင်ငံတော်တော်များများမှာ Durex ကွန်ဒုံးရောင်းအားကျဆင်းခဲ့ပြီး အသွားအလာပိတ်ဆို့မှုဟာ အချို့အတွက် လိင်မှု ကိစ္စကိုလျော့နည်းလာစေပုံရတယ်လို့ Durex သူဌေး Laxman Narasimhan ကပြောကြားခဲ့ပါတယ်။


ဒါ့အပြင် စုံတွဲတွေနဲ့ အတူနေချစ်သူတွေဟာရောဂါအတွက်စိတ်ပူမှုတွေကြောင့် လိင်စိတ်လျော့နည်း လာကြပုံရတယ်လို့လည်းသုံးသပ်ထားပါတယ်။ ရောင်းအားကျဆင်းမှုဟာ ကူးစက်မှုမြင့်တက်နေဆဲဖြစ်တဲ့ ဥရောပတခွင်မှာဖြစ်ပြီး တရုတ်မှာတော့ ရောင်းအားပြန်တက်ခဲ့တယ်လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

အများသိတဲ့အတိုင်း ကွန်ဒုံးလိုအရာမျိုးဟာ အတူနေချစ်သူနဲ့ စုံတွဲတွေကြားမှာ အသုံးများပြီး ဇနီးမောင်နှံတွေကြားမှာအသုံးနည်းတာကြောင့် ယခုလိုကာလမှာ စုံတွဲတွေဟာ တွေ့ဆုံခွင့်နည်းလာတာကြောင့် ယခုလိုရောင်းအားကျဆင်းရခြင်းဖြစ်တယ်လို့ သုံးသပ်ထားတာပါ။

လေ့လာသူတွေကတော့ ၂၀၂၁ မှာကလေးမွေးဖွားနှုန်းပြန်လည်မြင့်တက်မယ်လို့ခန့်မှန်းထားပြီး အကြောင်းကတော့ ကာလရှည်ခွဲခွာရတဲ့သူတွေပြန်လည်ဆုံဆည်းခွင့်ရမှာမို့ပါ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာလည်း အဲ့လို ကလေးမွေးဖွားနှုန်းရုတ်တရက်မြင့်တက်ခဲ့ဖူးပါတယ်တဲ့။ အချို့ကတော့ ယခုအခြေအနေဟာ ကမ္ဘာစစ်နဲ့မတူတဲ့အတွက် ကလေးမွေးဖွားနှုန်းဟာ ထင်သလိုမဖြစ်လာပဲ ပြန်လည်ကျဆင်းနိုင်ချေရှိတယ်လို့လည်း သုံးသပ်နေကြပါတယ်။


Durex ဟာ အခြားပိုးသတ်ဆေးရည်ထုတ်လုပ်မှုလည်း လုပ်ကိုင်ပြီး သမ္မတဒေါ်နယ်ထရန့်ရဲ့ Covid-19 ကို ပိုးသတ်ဆေးရည် ထိုးကုသခြင်း မိန့်ခွန်းအပြီးမှာ သူတို့ရဲ့ ပိုးသတ်ဆေးကို ၎င်းကုထုံးမှာ အသုံးမပြုကျဖို့ အရေးပေါ်တိုက်တွန်းလိုက်ရပါသေးတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- BBC

Leave a Comment