ဒိန္းမတ္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုး စစ္ေဆးေပးမည့္ စက္ရုပ္ကို တီထြင္

ဒိန္းမတ္ႏိုင္ငံက သုေတသနပညာရွင္ေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးစစ္ေဆးေပးႏိုင္မယ့္ စက္႐ုပ္ကို တီထြင္ေနေၾကာင္း ဗုဒၶဟူးေန႔က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ေဆာက္သန္း ဒိန္းမတ္ တကၠသိုလ္ကေန တီထြင္လိုက္တဲ့ စက္႐ုပ္ဟာ လူနာတိုင္းရဲ႕ အာေခါင္တို႔ဖတ္နမူနာကို ယူၿပီး နမူနာထည့္မယ့္ ပုလင္းထဲအထိ ထည့္ေပးႏိုင္ေၾကာင္း သိရပါတယ္။

ဗိုင္းရပ္စ္ပိုးစစ္ေဆးရန္ အာေခါင္တို႔ဖတ္နမူနာယူေပးႏိုင္တဲ့ စက္႐ုပ္ဟာ ကမာၻမွာ ပထမဆုံး စက္႐ုပ္ျဖစ္တယ္။ အာေခါင္တို႔ဖတ္နမူနာကို စက္႐ုပ္က ယူေပးမွာျဖစ္တဲ့အတြက္ က်န္းမာေရးဝန္ထမ္းေတြဟာ ဗိုင္းရပ္စ္ပိုးနဲ႔ ထိေတြ႕မႈ မရွိေတာ့ေၾကာင္း၊ စက္႐ုပ္ပုံၾကမ္းအဆင့္ကို ေအာင္ျမင္သြားၿပီျဖစ္တဲ့အတြက္ အသုံးျပဳႏိုင္မယ့္ စက္႐ုပ္ကို တည္ေဆာက္ေနၿပီလို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားတယ္။

အခုထုတ္လုပ္တဲ့ စက္႐ုပ္ဟာ အာေခါင္တို႔ဖတ္နမူနာကို ယူႏိုင္တဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးတင္မက ေနာင္ျဖစ္ေပၚလာႏိုင္တဲ့ ဗိုင္းရပ္စ္ပိုးေတြအတြက္ပါ အသုံးျပဳႏိုင္တယ္ လို႔ တကၠသိုလ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ၿပီးခဲ့တဲ့ ဧၿပီလမွာ စင္ကာပူႏိုင္ငံက သုေတသနပညာရွင္ေတြဟာ ေဆး႐ုံေတြမွာ ပိုးသတ္ေဆး ျဖန္းျခင္း တျခား သန႔္ရွင္းေရး ေတြလုပ္ေဆာင္ ေပးမယ့္ စက္႐ုပ္ကို တီထြင္ခဲ့ေၾကာင္း သိရပါတယ္။

Credit (MDN)

UNICODE

ဒိန်းမတ်နိုင်ငံက သုတေသနပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးပေးနိုင်မယ့် စက်ရုပ်ကို တီထွင်နေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဆောက်သန်း ဒိန်းမတ် တက္ကသိုလ်ကနေ တီထွင်လိုက်တဲ့ စက်ရုပ်ဟာ လူနာတိုင်းရဲ့ အာခေါင်တို့ဖတ်နမူနာကို ယူပြီး နမူနာထည့်မယ့် ပုလင်းထဲအထိ ထည့်ပေးနိုင်ကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ပိုးစစ်ဆေးရန် အာခေါင်တို့ဖတ်နမူနာယူပေးနိုင်တဲ့ စက်ရုပ်ဟာ ကမ္ဘာမှာ ပထမဆုံး စက်ရုပ်ဖြစ်တယ်။ အာခေါင်တို့ဖတ်နမူနာကို စက်ရုပ်က ယူပေးမှာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှု မရှိတော့ကြောင်း၊ စက်ရုပ်ပုံကြမ်းအဆင့်ကို အောင်မြင်သွားပြီဖြစ်တဲ့အတွက် အသုံးပြုနိုင်မယ့် စက်ရုပ်ကို တည်ဆောက်နေပြီလို့ ကြေညာချက်မှာ ဖော်ပြထားတယ်။

အခုထုတ်လုပ်တဲ့ စက်ရုပ်ဟာ အာခေါင်တို့ဖတ်နမူနာကို ယူနိုင်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတင်မက နောင်ဖြစ်ပေါ်လာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေအတွက်ပါ အသုံးပြုနိုင်တယ် လို့ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ပြီးခဲ့တဲ့ ဧပြီလမှာ စင်ကာပူနိုင်ငံက သုတေသနပညာရှင်တွေဟာ ဆေးရုံတွေမှာ ပိုးသတ်ဆေး ဖြန်းခြင်း တခြား သန့်ရှင်းရေး တွေလုပ်ဆောင် ပေးမယ့် စက်ရုပ်ကို တီထွင်ခဲ့ကြောင်း သိရပါတယ်။

Credit (MDN)

Leave a Comment