မြန်မာပြည်က (၉၀) ကျပ်တန် တရုတ်ပြည်ထုတ် Mask တွေရဲ့ ရင်လေးဖွယ်ရာ အခြေအနေ




Credit Htoo Aung Myint

UNICODE

Face Mask ၉၀ တန် တစ်ခု Sample ရလို့ ကြည့်လိုက်တာ.. ဝိုး.. ရင်လေးဖွယ်ရာပါပဲ….အရည်အသွေး ထိန်းချုပ်ရေးက ဒီလောက် ညံ့ဖျင်းနေတာ ပေါ်လွင်နေတယ်။ တရုတ်ပြည်ကတော့ ၁ ကျပ်တန်လည်း ထုတ်ခိုင်းလို့ရတယ်။ ၁၀၀ တန်လည်း ထုတ်ခိုင်းလို့ရပါတယ်။အခု ၉၀ တန် mask မှာတော့ ၃ လွှာလုံးကို Non Woven Layer တွေနဲ့ လုပ်ထားတယ်။ အလယ်က အဓိက ရောဂါပိုးကို ကာကွယ်ပေးတဲ့ Melt Blown Layer မသုံးထားပါဘူး။

ကုန်ကြမ်းဈေးအနေနဲ့ ကြည့်မယ်ဆိုရင် Non Woven Layer က တစ်တန်ကို USD 4500 လောက်ပဲ ရှိနေတဲ့အချိန်မှာ Melt Blown Layer က တစ်တန်ကို 55000 USD လောက်အထိ တန်ကြေးမြင့်ပါတယ်။ဒီလို ၃ လွှာလုံး Non Woven သုံးပြီး ပြည်တွင်းထုတ်မယ်ဆိုရင် တစ်ခုကို ၅၀-၆၀ ဝန်းကျင်လောက်နဲ့ ထုတ်လို့ ရပါတယ်။

ဒါပေမယ့် စားသုံးသူတွေအတွက်ဆိုရင်တော့ ပိုက်ဆံကုန်ခံရပြီး အကျိုးမရှိဖြစ်နေမှာပါ။ ဖြစ်နိုင်ရင် ဘူးခွံတွေကို မယုံပါနဲ့။ Certificate ဓာတ်ပုံတွေကို မယုံပါနဲ့။ အမှန်အကန်တွေ မဟုတ်ကြပါဘူး။ အရမ်းပေါပြီဆိုပြီး မကြိုက်ကြပါနှင့်။ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ Face Mask အလွှာတွေအကြောင်း သိချင်ရင် ရှာဖတ်ကြည့်လိုက်ပါ။ နားလည်သွားပါလိမ့်မယ်။

Credit Htoo Aung Myint

Leave a Comment