ကိုဗစ္၁၉ ေရာဂါ ကူးစက္ခံရၿပီး အခ်ိန္အနည္းငယ္အတြင္းမွာ လုံးဝ ေျပာင္းလဲသြားတဲ့အမ်ိဳးသား

“ကြၽန္ေတာ္ ေဆး႐ုံတက္ေနတာ တစ္ပတ္ပဲရွိေသးတယ္လို႔ ထင္ေနတာ” ဟု သူနာျပဳတစ္ဦးမွ တစ္ဆင့္ သတင္းဌာနသို႔ ေျပာခဲ့ပါတယ္..တကယ္ေတာ့ ေဆး႐ုံေရာက္ေနတာ တစ္ပတ္မဟုတ္ပါဘူး ကိုဗစ္ေရာဂါေၾကာင့္ ေဆး႐ုံမွာ ရက္သတၱပတ္ ၆ ပတ္ရွိေနၿပီ ျဖစ္ပါတယ္“ကြၽန္ေတာ္ ျပင္းျပင္းထန္ထန္ အားနည္းေနခဲ့ပါတယ္.. အဆိုးဆုံးကေတာ့ လက္ကိုင္ဖုန္းကိုေတာင္ မကိုင္ႏိုင္ပါဘူး လက္ကိုင္ဖုန္းက ကြၽန္ေတာ့အတြက္ အရမ္းကိုေလးလံသြား ပါတယ္ လက္ေတြလည္း အရမ္းကိုတုန္ရီေနတာေၾကာင့္ စာလည္း မ႐ိုက္ႏိုင္ပါဘူး..”

ထိုသူဟာ San Fransisco မွ ၄၃ ႏွစ္အ႐ြယ္ Mike Schultz အမည္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ပါတယ္.. Mike မွာ တျခားေသာ ဘာက်န္းမာေရးျပႆနာမွ မရွိပါဘူး သူဟာ တစ္ပတ္ကို ေျခာက္ႀကိမ္ ခုႏွစ္ႀကိမ္ေလာက္ Gym ကစားပါတယ္.. ယခင္က ေပါင္ ၁၉၀ ရွိၿပီးေတာ့ ကိုဗစ္ေရာဂါျဖစ္တာေၾကာင့္ ယခု ေပါင္ ၁၄၀ ပဲရွိပါေတာ့တယ္…သတင္းေတြအရ Mike ဟာ ကိုဗစ္ေရာဂါကေန ျပန္ေကာင္းခါစျပဳလာၿပီး အစားအေသာက္ေတြ နည္းနည္းခ်င္း ျပန္စားေနပါၿပီ သူ႔ရဲ႕ အဆုတ္ ဟာလည္း တျဖည္းျဖည္း ျပန္ေကာင္းလာပါၿပီလြန္ခဲ့တဲ့တစ္ပတ္က Mike ဟာ သူ႔ရဲ႕ Instagram စာမ်က္ႏွာမွတစ္ဆင့္ သူ႔ရဲ႕ ဓာတ္ပုံ တစ္ပုံကို မွ်ေဝခဲ့ပါတယ္

ပုံမွာတြဲျမင္ရတဲ့အတိုင္း ဘယ္ဘက္က ပုံကေတာ့ လြန္ခဲ့တဲ့ တစ္လေလာက္ သူေနမေကာင္းမျဖစ္ခင္တုန္းက ႐ိုက္ထားတာျဖစ္ၿပီး ညာဘက္အျခမ္းကပုံကေတာ့ ယခုလက္ရွိ ကိုဗစ္ေရာဂါျဖစ္ၿပီးေနာက္ ပုံျဖစ္ပါတယ္..အိပ္ယာေပၚက ထၿပီး အခုဓာတ္ပုံ ႐ိုက္ဖို႔ မိနစ္ အနည္းငယ္ေလာက္ ‌ရပ္ေနတာေတာင္ သူ႔အတြက္ အရမ္းကို ပင္ပန္းႏြမ္းနယ္ပါတယ္လို႔ Mike က ေျပာပါတယ္“ကြၽန္ေတာ္ ကိုဗစ္ ဗိုင္းရပ္စ္ ေရာဂါေတြ ပ်ံ႕ႏွံ႔ေနတဲ့ အေၾကာင္းကိုေတာ့ ၾကားေနရပါတယ္ ဒါေပမယ့္ ကြၽန္ေတာ္ ကိုယ္တိုင္ ေရာဂါမျဖစ္ေသးတဲ့အခ်ိန္ထိ အဲ့ေလာက္ထိ ျပင္းထန္မယ္လို႔ မေတြးမိပါဘူး ကြၽန္ေတာ္က လူလတ္ပိုင္းအ႐ြယ္ဆိုေတာ့ ေရာဂါမျဖစ္ႏိုင္ေလာက္ဘူးထင္ေနတာ လူေတာ္ေတာ္မ်ားမ်ားလည္း အဲ့လိုေတြးၾကလိမ့္မယ္လို႔ထင္တယ္ ”

“ကြၽန္ေတာ္ သိလိုက္ရၿပီး ေျပာခ်င္တာက ဒီဗိုင္းရပ္စ္ဟာ အသက္ႀကီးႀကီး ငယ္ငယ္ ဘယ္သူ႔ကိုမဆို ကူးစက္ႏိုင္ပါတယ္ သင့္မွာ တျခားေရာဂါအခံ ရွိရွိမရွိရွိ ကိုဗစ္ဟာ သင့္ကို ထိခိုက္ႏိုင္ပါတယ္ ” ဟု Mike ဟာ လူေတြကို မေပါ့ေလ်ာ့ဖို႔ သတိေပးခဲ့ပါတယ္Mike ဟာ မတ္လ ၁၆ ရက္ေန႔မွာ ကိုဗစ္လူနာအျဖစ္ ေဆး႐ုံစတက္ခဲ့ပါတယ္ ေဆး႐ုံမတက္ခင္ ၂ ရက္အေစာမွာ Mike က သူ႔ရဲ႕ အိမ္ San Francisco မွ Boston ၿမိဳ႕သို႔ သူ႔ရဲ႕ သူငယ္ခ်င္း Josh Hebblethwaite ကို ေတြ႕ဖို႔ ေရာက္ရွိခဲ့ပါတယ္အဲ့မတိုင္ခင္ တစ္ပတ္က Mike နဲ႔ Josh တို႔ သူငယ္ခ်င္း ႏွစ္ေယာက္ဟာ Miami ကမ္း‌ေျခက Winter Party ပြဲေတာ္ကို သြားေရာက္ခဲ့ပါတယ္ ထိုပြဲေတာ္ကို တျခားေသာ လူေပါင္းေထာင္ေက်ာ္လည္း လာေရာက္ခဲ့ပါတယ္

“ကိုဗစ္ကာလျဖစ္ေနေပမယ့္ အဲ့အခ်ိန္တုန္းက အဲ့ေနရာေတြမွ ဘာကန္႔သတ္ခ်က္မွ မရွိေသးပါဘူး ေလာ့ခ္ေဒါင္း ေတြလည္း မရွိေသးပါဘူး..ကြၽန္ေတာ္တို႔ေတြးလိုက္တာက လက္ေတြကိုပဲ ေသခ်ာပိုေဆးလိုက္မယ္ ‌ၿပီးရင္ မ်က္ႏွာ အစိတ္အပိုင္းေတြ လက္နဲ႔မကိုင္မိေအာင္ သတိထားလိုက္မယ္ အဲ့ေလာက္ပဲ လုပ္ခဲ့တာပါ” လို႔ Mike ကေျပာပါတယ္ထိုပြဲေတာ္ကို သြားေရာက္ခဲ့တဲ့ လူ‌ေတြထဲမွ ၃၈ ေယာက္ေလာက္ဟာ ဖ်ားခဲ့ၿပီး လူ ၃ ေယာက္ ေသဆုံးခဲ့ပါတယ္..Boston ၿမိဳ႕ကို ေရာက္ၿပီး ၂ ရက္အတြင္း Mike နဲ႔ သူငယ္ခ်င္း Josh တို႔ ႏွစ္ေယာက္ ေနမေကာင္းစတင္ျဖစ္ပါေတာ့တယ္ Mike ဟာ အဖ်ား ၁၀၃ အထိ ရွိခဲ့ၿပီး အသက္ရႉရတာ အခက္အခဲျဖစ္လာတာေၾကာင့္ ေဆး႐ုံကို ေရာက္သြားခဲ့ပါတယ္“တာဝန္ရွိတဲ့သူေတြက Mike ကို ေဆး႐ုံ တစ္ခါတည္း ေခၚသြားတာ ႏႈတ္ဆက္ခြင့္ေတာင္ မရခဲ့လိုက္ပါဘူး ” ဟု Josh က ေျပာပါတယ္ Mike ရဲ႕ သူငယ္ခ်င္း Josh ကေတာ့ သာမန္ေနမေကာင္း႐ုံမွ် ျဖစ္ၿပီး အဖ်ားမရွိပါဘူး

ေဆး႐ုံတက္တဲ့ ပထမရက္မွာ‌ေတာ့ Mike ကို ႏွာေခါင္းပိုက္မွ တစ္ဆင့္ ေအာက္စီဂ်င္ေပးရၿပီး mask ေတြလည္း အျပည့္တပ္ခဲ့ရပါတယ္“ဆရာဝန္တစ္ေယာက္က ကြၽန္ေတာ္ရင္ဘတ္ကေန ပိုက္သြင္းရမယ္‌ဆိုၿပီး‌ေျပာတဲ့အခါ အရမ္းကို ထိတ္လန္႔သြားခဲ့ပါတယ္” ဆိုၿပီး Mike က ေျပာပါတယ္၄ ရက္အၾကာမွာေတာ့ Mike ကို ေဆး႐ုံႀကီးသို႔ ေခၚေဆာင္သြားခဲ့ပါတယ္ Mike ရဲ႕ သူငယ္ခ်င္း Josh ဟာ Mike ကို ေဆး႐ုံမွာ သြားျပဳစုေပးဖို႔ စီစဥ္ခဲ့ပါတယ္ ” သူ႔ေဘးနားမွာ ဘယ္သူမွ မရွိေတာ့ သူ႔ကို ေစာင့္ေရွာက္ေပးခ်င္တယ္ “”ဒီဗိုင္းရပ္စ္က အရမ္းကို ေၾကာက္ဖို႔ ေကာင္းပါတယ္” လို႔ Josh က ေျပာၾကားပါတယ္

Mike ဟာ ရက္သတၱပတ္ ေလးပတ္အေက်ာ္ေလာက္ ရင္ဘတ္ထဲကို ပိုက္သြင္းခဲ့ရပါတယ္ Mike သူငယ္ခ်င္း Josh ကေတာ့ ေရာဂါမကူးစက္ဖို႔ ေဆး႐ုံက ကန္႔သတ္ခ်က္‌ေတြေၾကာင့္ Mike ကို သြားၾကည့္ခြင့္မရခဲ့ပါဘူးဒါေပမယ့္ Josh ဟာ Mike ရဲ႕ အေျခအေနကို သိရဖို႔ ၄ နာရီျခားတစ္ခါေလာက္ ဖုန္းနဲ႔ဆက္သြယ္ခဲ့ပါတယ္..အဲ့ေနာက္ပိုင္းမွာေတာ့ Josh ဟာ ေဆး႐ုံမွ Nurse ေတြရဲ႕ အကူအညီနဲ႔ Mike နဲ႔ Video call ေျပာခြင့္ရပါတယ္
Mike က ကိုမာ ျဖစ္ေနသလိုပါပဲ ဗိုင္းရပ္စ္က အရမ္းဆိုး႐ြားၿပီး ေၾကာက္ဖို႔ ေကာင္းပါတယ္Mike ဟာ ေရာဂါပိုး ကင္းစင္းခါနီးၿပီး ကိုဗစ္မွေနျပန္ေကာင္းခါစ ျဖစ္လာပါၿပီ

သူတို႔ႏွစ္ေယာက္လုံးဟာ ကပ္ေရာဂါကာလ အတြင္း Winter ပါတီကို ‌သြားေရာက္ခဲ့တာေၾကာင့္လည္း အြန္လိုင္းက တစ္ဆင့္ လူေတြရဲ႕ ျပင္းျပင္း ထန္ထန္ ေဝဖန္မႈကိုလည္း ခံခဲ့ရပါတယ္ တစ္ခ်ိဳ႕သူေတြကလည္း Mike ဟာ ဗိုင္းရပ္စ္ ကူးစက္တာ‌နဲ႔ပဲ တန္တယ္လို႔ ေဝဖန္ခဲ့ၾကပါတယ္“မေကာင္းတဲ့ ေဝဖန္မႈေတြေၾကာင့္ စိတ္ထိခိုက္ရပါတယ္” လို႔ Mike ကေျပာပါတယ္“ဒါေပမယ့္ ခ်စ္ျခင္းေမတၱာေတြ အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္နဲ႔ ဂ႐ုစိုက္မႈေတြ အမ်ားႀကီးရရွိတာေၾကာင့္လည္း အဲ့ေလာက္ စိတ္မထိခိုက္ေတာ့ပါဘူး”Mike ဟာ ေဆး႐ုံကဆင္းၿပီးေနာက္ McDonald မွ ခ်ိစ္ဘာဂါ / အားလူေၾကာ္နဲ႔ စေတာ္ဘယ္ရီ မစ္ရွိတ္ တို႔ကို မွယူခဲ့ပါတယ္“အစားအေသာက္ေတြစားရတာ အရသာေျပာင္းေနတယ္ ကြၽန္ေတာ္ အရသာခံစားမႈတစ္ခ်ိဳ႕ ေပ်ာက္သြားတယ္လို႔ ထင္တယ္ ဒါေပမယ့္ အဆင္ေျပပါတယ္” လို႔ Mike ဟာ သူခံစားရတဲ့ အေျခအေနေတြကို အခုလိုပဲ ေျပာျပခဲ့ပါတယ္

Credit SYL Video

UNICODE

“ကျွန်တော် ဆေးရုံတက်နေတာ တစ်ပတ်ပဲရှိသေးတယ်လို့ ထင်နေတာ” ဟု သူနာပြုတစ်ဦးမှ တစ်ဆင့် သတင်းဌာနသို့ ပြောခဲ့ပါတယ်..တကယ်တော့ ဆေးရုံရောက်နေတာ တစ်ပတ်မဟုတ်ပါဘူး ကိုဗစ်ရောဂါကြောင့် ဆေးရုံမှာ ရက်သတ္တပတ် ၆ ပတ်ရှိနေပြီ ဖြစ်ပါတယ်“ကျွန်တော် ပြင်းပြင်းထန်ထန် အားနည်းနေခဲ့ပါတယ်.. အဆိုးဆုံးကတော့ လက်ကိုင်ဖုန်းကိုတောင် မကိုင်နိုင်ပါဘူး လက်ကိုင်ဖုန်းက ကျွန်တော့အတွက် အရမ်းကိုလေးလံသွား ပါတယ် လက်တွေလည်း အရမ်းကိုတုန်ရီနေတာကြောင့် စာလည်း မရိုက်နိုင်ပါဘူး..”

ထိုသူဟာ San Fransisco မှ ၄၃ နှစ်အရွယ် Mike Schultz အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ပါတယ်.. Mike မှာ တခြားသော ဘာကျန်းမာရေးပြဿနာမှ မရှိပါဘူး သူဟာ တစ်ပတ်ကို ခြောက်ကြိမ် ခုနှစ်ကြိမ်လောက် Gym ကစားပါတယ်.. ယခင်က ပေါင် ၁၉၀ ရှိပြီးတော့ ကိုဗစ်ရောဂါဖြစ်တာကြောင့် ယခု ပေါင် ၁၄၀ ပဲရှိပါတော့တယ်…သတင်းတွေအရ Mike ဟာ ကိုဗစ်ရောဂါကနေ ပြန်ကောင်းခါစပြုလာပြီး အစားအသောက်တွေ နည်းနည်းချင်း ပြန်စားနေပါပြီ သူ့ရဲ့ အဆုတ် ဟာလည်း တဖြည်းဖြည်း ပြန်ကောင်းလာပါပြီလွန်ခဲ့တဲ့တစ်ပတ်က Mike ဟာ သူ့ရဲ့ Instagram စာမျက်နှာမှတစ်ဆင့် သူ့ရဲ့ ဓာတ်ပုံ တစ်ပုံကို မျှဝေခဲ့ပါတယ်

ပုံမှာတွဲမြင်ရတဲ့အတိုင်း ဘယ်ဘက်က ပုံကတော့ လွန်ခဲ့တဲ့ တစ်လလောက် သူနေမကောင်းမဖြစ်ခင်တုန်းက ရိုက်ထားတာဖြစ်ပြီး ညာဘက်အခြမ်းကပုံကတော့ ယခုလက်ရှိ ကိုဗစ်ရောဂါဖြစ်ပြီးနောက် ပုံဖြစ်ပါတယ်..အိပ်ယာပေါ်က ထပြီး အခုဓာတ်ပုံ ရိုက်ဖို့ မိနစ် အနည်းငယ်လောက် ‌ရပ်နေတာတောင် သူ့အတွက် အရမ်းကို ပင်ပန်းနွမ်းနယ်ပါတယ်လို့ Mike က ပြောပါတယ်“ကျွန်တော် ကိုဗစ် ဗိုင်းရပ်စ် ရောဂါတွေ ပျံ့နှံ့နေတဲ့ အကြောင်းကိုတော့ ကြားနေရပါတယ် ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် ရောဂါမဖြစ်သေးတဲ့အချိန်ထိ အဲ့လောက်ထိ ပြင်းထန်မယ်လို့ မတွေးမိပါဘူး ကျွန်တော်က လူလတ်ပိုင်းအရွယ်ဆိုတော့ ရောဂါမဖြစ်နိုင်လောက်ဘူးထင်နေတာ လူတော်တော်များများလည်း အဲ့လိုတွေးကြလိမ့်မယ်လို့ထင်တယ် ”

“ကျွန်တော် သိလိုက်ရပြီး ပြောချင်တာက ဒီဗိုင်းရပ်စ်ဟာ အသက်ကြီးကြီး ငယ်ငယ် ဘယ်သူ့ကိုမဆို ကူးစက်နိုင်ပါတယ် သင့်မှာ တခြားရောဂါအခံ ရှိရှိမရှိရှိ ကိုဗစ်ဟာ သင့်ကို ထိခိုက်နိုင်ပါတယ် ” ဟု Mike ဟာ လူတွေကို မပေါ့လျော့ဖို့ သတိပေးခဲ့ပါတယ်Mike ဟာ မတ်လ ၁၆ ရက်နေ့မှာ ကိုဗစ်လူနာအဖြစ် ဆေးရုံစတက်ခဲ့ပါတယ် ဆေးရုံမတက်ခင် ၂ ရက်အစောမှာ Mike က သူ့ရဲ့ အိမ် San Francisco မှ Boston မြို့သို့ သူ့ရဲ့ သူငယ်ချင်း Josh Hebblethwaite ကို တွေ့ဖို့ ရောက်ရှိခဲ့ပါတယ်အဲ့မတိုင်ခင် တစ်ပတ်က Mike နဲ့ Josh တို့ သူငယ်ချင်း နှစ်ယောက်ဟာ Miami ကမ်း‌ခြေက Winter Party ပွဲတော်ကို သွားရောက်ခဲ့ပါတယ် ထိုပွဲတော်ကို တခြားသော လူပေါင်းထောင်ကျော်လည်း လာရောက်ခဲ့ပါတယ်

“ကိုဗစ်ကာလဖြစ်နေပေမယ့် အဲ့အချိန်တုန်းက အဲ့နေရာတွေမှ ဘာကန့်သတ်ချက်မှ မရှိသေးပါဘူး လော့ခ်ဒေါင်း တွေလည်း မရှိသေးပါဘူး..ကျွန်တော်တို့တွေးလိုက်တာက လက်တွေကိုပဲ သေချာပိုဆေးလိုက်မယ် ‌ပြီးရင် မျက်နှာ အစိတ်အပိုင်းတွေ လက်နဲ့မကိုင်မိအောင် သတိထားလိုက်မယ် အဲ့လောက်ပဲ လုပ်ခဲ့တာပါ” လို့ Mike ကပြောပါတယ်ထိုပွဲတော်ကို သွားရောက်ခဲ့တဲ့ လူ‌တွေထဲမှ ၃၈ ယောက်လောက်ဟာ ဖျားခဲ့ပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်..Boston မြို့ကို ရောက်ပြီး ၂ ရက်အတွင်း Mike နဲ့ သူငယ်ချင်း Josh တို့ နှစ်ယောက် နေမကောင်းစတင်ဖြစ်ပါတော့တယ် Mike ဟာ အဖျား ၁၀၃ အထိ ရှိခဲ့ပြီး အသက်ရှူရတာ အခက်အခဲဖြစ်လာတာကြောင့် ဆေးရုံကို ရောက်သွားခဲ့ပါတယ်“တာဝန်ရှိတဲ့သူတွေက Mike ကို ဆေးရုံ တစ်ခါတည်း ခေါ်သွားတာ နှုတ်ဆက်ခွင့်တောင် မရခဲ့လိုက်ပါဘူး ” ဟု Josh က ပြောပါတယ် Mike ရဲ့ သူငယ်ချင်း Josh ကတော့ သာမန်နေမကောင်းရုံမျှ ဖြစ်ပြီး အဖျားမရှိပါဘူး

ဆေးရုံတက်တဲ့ ပထမရက်မှာ‌တော့ Mike ကို နှာခေါင်းပိုက်မှ တစ်ဆင့် အောက်စီဂျင်ပေးရပြီး mask တွေလည်း အပြည့်တပ်ခဲ့ရပါတယ်“ဆရာဝန်တစ်ယောက်က ကျွန်တော်ရင်ဘတ်ကနေ ပိုက်သွင်းရမယ်‌ဆိုပြီး‌ပြောတဲ့အခါ အရမ်းကို ထိတ်လန့်သွားခဲ့ပါတယ်” ဆိုပြီး Mike က ပြောပါတယ်၄ ရက်အကြာမှာတော့ Mike ကို ဆေးရုံကြီးသို့ ခေါ်ဆောင်သွားခဲ့ပါတယ် Mike ရဲ့ သူငယ်ချင်း Josh ဟာ Mike ကို ဆေးရုံမှာ သွားပြုစုပေးဖို့ စီစဉ်ခဲ့ပါတယ် ” သူ့ဘေးနားမှာ ဘယ်သူမှ မရှိတော့ သူ့ကို စောင့်ရှောက်ပေးချင်တယ် “”ဒီဗိုင်းရပ်စ်က အရမ်းကို ကြောက်ဖို့ ကောင်းပါတယ်” လို့ Josh က ပြောကြားပါတယ်

Mike ဟာ ရက်သတ္တပတ် လေးပတ်အကျော်လောက် ရင်ဘတ်ထဲကို ပိုက်သွင်းခဲ့ရပါတယ် Mike သူငယ်ချင်း Josh ကတော့ ရောဂါမကူးစက်ဖို့ ဆေးရုံက ကန့်သတ်ချက်‌တွေကြောင့် Mike ကို သွားကြည့်ခွင့်မရခဲ့ပါဘူးဒါပေမယ့် Josh ဟာ Mike ရဲ့ အခြေအနေကို သိရဖို့ ၄ နာရီခြားတစ်ခါလောက် ဖုန်းနဲ့ဆက်သွယ်ခဲ့ပါတယ်..အဲ့နောက်ပိုင်းမှာတော့ Josh ဟာ ဆေးရုံမှ Nurse တွေရဲ့ အကူအညီနဲ့ Mike နဲ့ Video call ပြောခွင့်ရပါတယ်
Mike က ကိုမာ ဖြစ်နေသလိုပါပဲ ဗိုင်းရပ်စ်က အရမ်းဆိုးရွားပြီး ကြောက်ဖို့ ကောင်းပါတယ်Mike ဟာ ရောဂါပိုး ကင်းစင်းခါနီးပြီး ကိုဗစ်မှနေပြန်ကောင်းခါစ ဖြစ်လာပါပြီ

သူတို့နှစ်ယောက်လုံးဟာ ကပ်ရောဂါကာလ အတွင်း Winter ပါတီကို ‌သွားရောက်ခဲ့တာကြောင့်လည်း အွန်လိုင်းက တစ်ဆင့် လူတွေရဲ့ ပြင်းပြင်း ထန်ထန် ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ် တစ်ချို့သူတွေကလည်း Mike ဟာ ဗိုင်းရပ်စ် ကူးစက်တာ‌နဲ့ပဲ တန်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်“မကောင်းတဲ့ ဝေဖန်မှုတွေကြောင့် စိတ်ထိခိုက်ရပါတယ်” လို့ Mike ကပြောပါတယ်“ဒါပေမယ့် ချစ်ခြင်းမေတ္တာတွေ အပြုသဘောဆောင်တဲ့ မှတ်ချက်နဲ့ ဂရုစိုက်မှုတွေ အများကြီးရရှိတာကြောင့်လည်း အဲ့လောက် စိတ်မထိခိုက်တော့ပါဘူး”Mike ဟာ ဆေးရုံကဆင်းပြီးနောက် McDonald မှ ချိစ်ဘာဂါ / အားလူကြော်နဲ့ စတော်ဘယ်ရီ မစ်ရှိတ် တို့ကို မှယူခဲ့ပါတယ်“အစားအသောက်တွေစားရတာ အရသာပြောင်းနေတယ် ကျွန်တော် အရသာခံစားမှုတစ်ချို့ ပျောက်သွားတယ်လို့ ထင်တယ် ဒါပေမယ့် အဆင်ပြေပါတယ်” လို့ Mike ဟာ သူခံစားရတဲ့ အခြေအနေတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်

Credit SYL Video

Leave a Comment