ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာအတွက် အလှူငွေများကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ခင်ပိုးပန်းချီ




Credit The Moon
Source:Khine Hnin Wai

UNICODE

ခင်ပိုးပန်းချီကတော့အနုပညာလောကမှာ အသံချိုချိုလေးနဲ့မြန်မာသံစဉ်တွေကိုသီဆိုတတ်သူတစ်ယောက်အဖြစ် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ် ။ သူမဟာရိုးရိုးယဉ်ယဉ်လေးတွေကိုသာဝတ်ဆင်ပြီး ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေးတစ်ယောက်ဖြစ်တာကြောင့်လည်း ပုရိသတွေရဲ့အားပေးဝန်းရံမှုကိုလက်ခံရရှိထားပါတယ်။

အဆိုတော်ခင်ပိုးပန်းချီကတော့ အလှူအတန်းဘက်မှာလည်း လက်မနှေးဘဲဘာသာရေးကိုင်ရှိုင်းသူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလိုလည်းအလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ (၂၇.၅.၂၀၂၀) ဗုဒ္ဓဟူးနေ့တုန်းကလည်း ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းကြီးကိုအလှူငွေ – ၃၀၀,၀၀၀/- (သုံးသိန်းကျပ်တိတိ) ဒုတိယ အကြိမ်မြောက်သွားရောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မှာလည်း ခိုင်နှင်းဝေပရဟိတအသင်းအတွက် အလှူငွေ(၃)သိန်းကျပ်အား ကိုယ်တိုင်သွားရာက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီအကြောင်းလေးကိုတော့ ခိုင်နှင်းဝေရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ” တေးသံရှင်ခင်ပိုးပန်းချီမှ ကလေးတွေအတွက် အလှူငွေ(၃)သိန်း ကျပ်အား လာရောက်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ တေးသံရှင်ခင်ပိုးပန်းချီရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်…။

Credit The Moon
Source:Khine Hnin Wai

Leave a Comment