ရဲတပ္ဖြဲ႔ကို ေအာင္ၾကီး ျပန္လည္ တရားစြဲဆိုျပီ

ေနျပည္ ေတာင္ တြင္ ျဖစ္ပြားခဲ့ေသာ ဗစ္တိုးရီးယား အမႈကိစၥ၌ ရဲတပ္ဖြဲ႕ က ျပစ္မႈက်ဴးလြန္သူမွာ ကိုေအာင္ႀကီးျဖစ္ေၾကာင္း စြပ္စြဲခံေသာ္လည္း တရား႐ုံးမွ ျပစ္ မႈမထင္ရွား သည့္ အတြက္ ျပန္လည္လြတ္ေျမာက္လာေသာ ကိုေအာင္ႀကီး နစ္နာမႈ ကို ကုစားသည့္ အေနျဖင့္ တရားမေၾကာင္းအရ ရဲတပ္ဖြဲ႕ကို တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း ကိုေအာင္ႀကီးေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာ ဆိုသည္ ။ကြၽန္ေတာ္တို႔က ကိုေအာင္ႀကီး ကို စြဲခ်က္က လႊတ္တယ္ ဆိုကတည္းက ကြၽန္ေတာ္တို႔ေျပာခဲ့ ပါတယ္။ ကိုေအာင္ႀကီး နစ္နာမႈ အတြက္ ကြၽန္ေတာ္တို႔ အတြက္ ကြၽန္ေတာ္တို႔က တရားမေၾကာင္း အရ ကြၽန္ေတာ္တို႔က ကိုေအာင္ႀကီး နစ္နာမႈအတြက္ ကုစားမႈ ရသမွ်နည္းနဲ႔ ကုစားမႈလုပ္မယ္ဆိုတာ အဲဒီေျပာထားတဲ့စကားကို ကြၽန္ေတာ္တို႔က အတည္အျဖစ္ လုပ္တာပါပဲ ” ဟု ၎ကေျပာ ဆိုသည္။

ထိုသို႔ တရားစြဲဆိုမႈျပဳ လုပ္ရာတြင္ ဗစ္တိုးရီးယား အမႈ ကို စစ္ေဆးခဲ့သည့္ ေနျပည္ေတာ္ရွိ ဒကၡိဏခ႐ိုင္တရား႐ုံး တြင္ တရားစြဲဆို သြားမည္ျဖစ္ေၾကာင္း သိရသည္။ကြၽန္ေတာ္တို႔က တရားမစြဲခင္ႀကိဳၿပီးေတာ့ လုပ္ရမွာေတြ ရွိေသးတယ္။ ကြၽန္ေတာ္တို႔က ဇြန္လ ပထမပတ္ထဲမွာလုပ္မွာပဲ ကြၽန္ေတာ္တို႔က Notice ေပးမယ္။ ဒီအမႈမ်ိဳးက တရားမက်င့္ထုံးအရ အစိုးရဌာနတို႔ ဘာတို႔ကို တရားမေၾကာင္းစြဲရင္ ဘယ္သူ႔ဆီ မွ ခြင့္ေတာင္း စရာမလိုဘူး။ သို႔ေသာ္ တစ္လႀကိဳတင္ၿပီးေတာ့ အေၾကာင္းၾကားရမယ္ ။စြဲမယ့္ဌာနကို ကြၽန္ေတာ္ တို႔က Notice ေပးၿပီးေတာ့ ဘာမွ မတုံ႔ျပန္ရင္ ကြၽန္ေတာ္တို႔ သတ္မွတ္ထား တဲ့ အခ်ိန္ျပည့္သြားတဲ့ အခါ တရား႐ုံးမွာ တိုက္႐ိုက္တရားစြဲေတာ့မွေပါ့။ တရား႐ုံး ကို တရားမမႈ အေနနဲ႔ တရား႐ုံးကို တိုက္႐ိုက္ေလ်ာက္ၿပီး တရားစြဲတာေပါ့။ ရဲတပ္ဖြဲ႕ကိုစြဲမွာ ဘယ္သူေတြလဲဆိုတာကေတာ့ တရားစြဲရင္သိရပါလိမ့္မယ္ ” ဟု ဦးခင္ေမာင္ေဇာ္ကေျပာ ဆိုသည္။

ရဲတပ္ဖြဲ႕က ကိုေအာင္ႀကီးကို ဗစ္တိုးရီးယားအမႈ က်ဴးလြန္သည္သူဟု စြပ္စြဲခံေသာ္လည္း သက္ေသ ၂ဝ ခန႔္စစ္ေဆးၿပီးခ်ိန္တြင္ က်ဴးလြန္သူျဖစ္ေၾကာင္း သက္ေသမျပႏိုင္သည့္အတြက္ ၁၃ႀကိမ္ေျမာက္႐ုံးခ်ိန္တြင္ တရားရွင္လႊတ္ေပးရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။အဆိုပါ ဗစ္တိုးရီးယားအမႈ ကိစၥႏွင့္ ပတ္သက္ၿပီး တရားခံ အမွန္မေပၚေပါက္သည့္ အတြက္ ရဲစည္းကမ္းကမ္း လုပ္ထုံးလုပ္နည္းမ်ားႏွ င့္အညီ ဌာနတြင္း အေရးယူမႈမ်ားျပဳလုပ္ထားေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံးေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲတြင္ေျပာဆိုထားေသာ္လည္း မည္သည့္ရာထူးအဆင့္ရွိသူမ်ားႏွင့္မည္သူကိုအေရးယူထားေၾကာင္းကို ေျပာဆိုျခင္း မရွိေပ။

ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူသည္ ၂၀၁၉ ခုနှစ္ ဇူလိုင္လ အတြင္း က ျပဳလု ပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဗစ္တိုးရီးယားအမႈ က်ဴးလြန္သူမွာ ကိုေအာင္ႀကီးျဖစ္ၿပီး ကေလးငယ္တြင္ ကိုေအာင္ႀကီး၏ သုတ္ပိုးေတြ႕ရွိေၾကာင္း၊ အမႈစစ္ေဆးရာ တြင္ အဓိကသက္ေသျဖစ္သည့္ ဆရာမႏွင္းႏုသည္ သက္ရွိသက္ေသျဖစ္သည့္အတြက္ သူေျပာခ်င္မွေျပာလိမ့္မည္ျဖစ္ေၾကာင္း၊ ျပည္သူအမ်ားက ျပစ္မႈက်ဴးလြန္သူ ဟု ထင္ျမင္ယူဆ သူမ်ားသည္ အမႈႏွင့္ မသက္ဆိုင္ေၾကာင္းေစသာ လူထု ေဝဖန္မႈမ်ားေသာ အခ်က္မ်ားကိုေျပာဆိုခဲ့ သူလည္းျဖစ္သည္။

ေလးစားမွုျဖင္႔ ခရစ္ဒက္ Khit Thit

UNICODE

နေပြည် တောင် တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယား အမှုကိစ္စ၌ ရဲတပ်ဖွဲ့ က ပြစ်မှုကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ကြောင်း စွပ်စွဲခံသော်လည်း တရားရုံးမှ ပြစ် မှုမထင်ရှား သည့် အတွက် ပြန်လည်လွတ်မြောက်လာသော ကိုအောင်ကြီး နစ်နာမှု ကို ကုစားသည့် အနေဖြင့် တရားမကြောင်းအရ ရဲတပ်ဖွဲ့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ကပြော ဆိုသည် ။ကျွန်တော်တို့က ကိုအောင်ကြီး ကို စွဲချက်က လွှတ်တယ် ဆိုကတည်းက ကျွန်တော်တို့ပြောခဲ့ ပါတယ်။ ကိုအောင်ကြီး နစ်နာမှု အတွက် ကျွန်တော်တို့ အတွက် ကျွန်တော်တို့က တရားမကြောင်း အရ ကျွန်တော်တို့က ကိုအောင်ကြီး နစ်နာမှုအတွက် ကုစားမှု ရသမျှနည်းနဲ့ ကုစားမှုလုပ်မယ်ဆိုတာ အဲဒီပြောထားတဲ့စကားကို ကျွန်တော်တို့က အတည်အဖြစ် လုပ်တာပါပဲ ” ဟု ၎င်းကပြော ဆိုသည်။

ထိုသို့ တရားစွဲဆိုမှုပြု လုပ်ရာတွင် ဗစ်တိုးရီးယား အမှု ကို စစ်ဆေးခဲ့သည့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံး တွင် တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။ကျွန်တော်တို့က တရားမစွဲခင်ကြိုပြီးတော့ လုပ်ရမှာတွေ ရှိသေးတယ်။ ကျွန်တော်တို့က ဇွန်လ ပထမပတ်ထဲမှာလုပ်မှာပဲ ကျွန်တော်တို့က Notice ပေးမယ်။ ဒီအမှုမျိုးက တရားမကျင့်ထုံးအရ အစိုးရဌာနတို့ ဘာတို့ကို တရားမကြောင်းစွဲရင် ဘယ်သူ့ဆီ မှ ခွင့်တောင်း စရာမလိုဘူး။ သို့သော် တစ်လကြိုတင်ပြီးတော့ အကြောင်းကြားရမယ် ။စွဲမယ့်ဌာနကို ကျွန်တော် တို့က Notice ပေးပြီးတော့ ဘာမှ မတုံ့ပြန်ရင် ကျွန်တော်တို့ သတ်မှတ်ထား တဲ့ အချိန်ပြည့်သွားတဲ့ အခါ တရားရုံးမှာ တိုက်ရိုက်တရားစွဲတော့မှပေါ့။ တရားရုံး ကို တရားမမှု အနေနဲ့ တရားရုံးကို တိုက်ရိုက်လျောက်ပြီး တရားစွဲတာပေါ့။ ရဲတပ်ဖွဲ့ကိုစွဲမှာ ဘယ်သူတွေလဲဆိုတာကတော့ တရားစွဲရင်သိရပါလိမ့်မယ် ” ဟု ဦးခင်မောင်ဇော်ကပြော ဆိုသည်။

ရဲတပ်ဖွဲ့က ကိုအောင်ကြီးကို ဗစ်တိုးရီးယားအမှု ကျူးလွန်သည်သူဟု စွပ်စွဲခံသော်လည်း သက်သေ ၂ဝ ခန့်စစ်ဆေးပြီးချိန်တွင် ကျူးလွန်သူဖြစ်ကြောင်း သက်သေမပြနိုင်သည့်အတွက် ၁၃ကြိမ်မြောက်ရုံးချိန်တွင် တရားရှင်လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ဗစ်တိုးရီးယားအမှု ကိစ္စနှင့် ပတ်သက်ပြီး တရားခံ အမှန်မပေါ်ပေါက်သည့် အတွက် ရဲစည်းကမ်းကမ်း လုပ်ထုံးလုပ်နည်းများနှ င့်အညီ ဌာနတွင်း အရေးယူမှုများပြုလုပ်ထားကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသော်လည်း မည်သည့်ရာထူးအဆင့်ရှိသူများနှင့်မည်သူကိုအရေးယူထားကြောင်းကို ပြောဆိုခြင်း မရှိပေ။

ဒုရဲချုပ် အောင်နိုင်သူသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်း က ပြုလု ပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှု ကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ပြီး ကလေးငယ်တွင် ကိုအောင်ကြီး၏ သုတ်ပိုးတွေ့ရှိကြောင်း၊ အမှုစစ်ဆေးရာ တွင် အဓိကသက်သေဖြစ်သည့် ဆရာမနှင်းနုသည် သက်ရှိသက်သေဖြစ်သည့်အတွက် သူပြောချင်မှပြောလိမ့်မည်ဖြစ်ကြောင်း၊ ပြည်သူအများက ပြစ်မှုကျူးလွန်သူ ဟု ထင်မြင်ယူဆ သူများသည် အမှုနှင့် မသက်ဆိုင်ကြောင်းစေသာ လူထု ဝေဖန်မှုများသော အချက်များကိုပြောဆိုခဲ့ သူလည်းဖြစ်သည်။

လေးစားမှုဖြင့် ခရစ်ဒက် Khit Thit

Leave a Comment