ႏွာေခါင္းစည္း မတပ္လုိ႔ ဒဏ္ရုိက္ျခင္း ေနာက္ကြယ္က ရုိက္စားခြင္ အခ်ဳိ႕

ႏွာေခါင္းစည္း (Mask) တပ္ေစခ်င္လုိ႔ အေရးယူတာလား? ရုိက္စားလုပ္ေနၾကတာလား

ယခုတေလာ ၿမိဳ႕နယ္ အေတာ္မ်ားမ်ားမွာ mask မတပ္ရင္ ဒဏ္ေငြရုိက္ၿပီး အေရးယူတဲ့ ျဖစ္ရပ္ေတြ ခပ္စိတ္စိတ္ ၾကားလာရပါတယ္။ လူေတြ mask တပ္ေအာင္ အာဏာပုိင္ေတြက အမိန္႔နဲ႔ အေရးယူလာတဲ့ သေဘာပါ။ ဒီကာလႀကီးထဲမွာေတာ့ အျပင္ထြက္ရင္ mask က မျဖစ္မေန တပ္ရမွာပါ။ အေရးယူတဲ့ လူကလည္း မ်က္စိလ်င္လ်င္နဲ႔ ေသေသခ်ာခ်ာ အေရးယူ ရမွာပါ။ ဒါေပမယ့္ အေရးယူတဲ့ ေနရာမွာ ဆင္ျခင္ဥာဏ္နဲ႔ အေရးယူသင့္ပါတယ္။

ေအာက္မွာ ေဖာ္ျပထားတဲ့ ေစတနာ႔ဝန္ထမ္း အကုိ ႀကံဳခဲ့ရတဲ့ ျဖစ္စဥ္လုိ ကားေမာင္းလာတဲ့ လူအေတာ္မ်ားမ်ား ျဖစ္ေနၾကတယ္လုိ႔ ၾကားရပါတယ္။ ထုတ္ျပန္ထားတဲ့ စည္းကမ္းကုိပဲ ေသခ်ာ နားမလည္ တာလား၊ ရုိက္စား လုပ္တာလား ဆိုတာကေတာ့ ဖမ္းတဲ့သူ ကုိယ္တုိင္ပဲ သိပါလိမ့္မယ္။ တာဝန္ရွိသူမ်ားလည္း ေအာက္ေျခ ေျမျပင္မွာ ဘယ္လုိ ျဖစ္ေနလဲဆုိတာကုိ သိၾကၿပီး ျပန္လည္ ျပင္ဆင္ႏုိင္ၾကပါေစလို႔ ဒီကေန တုိက္တြန္းလုိက္ရပါတယ္။ ေစတနာ႔ဝန္ထမ္းအကုိရဲ႕ ပုိ႔စ္ကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္-

“ေလွနံဓါးထစ္ နဲ႔ Mask Campaignကို အေရာင္ဆိုးေနတဲ့သူေတြ – ကားထဲမွန္ပိတ္စီးတယ္ သူတို႔ဆင္းလာပါေျပာခ်ိန္ mask တပ္ၿပီး က်ေနာ္ ေအာက္ဆင္းရင္ mask တပ္​ေၾကာင္း ေျပာျပတယ္။ က်ဴပ္ကိုယ္တိုင္က Volunteer ျဖစ္ေၾကာင္း ရွင္းျပတယ္။မရဘူး တိုင္းက အမိန္႔ Mask ၂ခု ၅၀၀၀ တ့ဲဗ်ာ။ သူတို႔ၾကည့္ေတာ့ ေမးေစ့ mask တပ္ေလးေတြ။ က်ဳပ္တို႔ Mask Campaign ေထာက္ခံသူေတြေတာင္ ၿငဳိျငင္ရင္ ျပည္သူက မၾကည္ျဖဴတာ ဘာဆန္းလဲ။သည္လို႐ိုက္စားေတြေၾကာင့္ေပါ့ Mask Campaign ႐ုပ္ဆိုးေနရတယ္။ ေထြအုပ္ေတြကို ေသခ်ာသင္ေပးၾကပါ လုပ္လိုက္ရင္ ေပါက္ကရ ေတြခ်ည္းဘဲ။ လူႀကီးေတြ သိေအာင္ေျပာျပၾကပါဦး။”

zin ye naung
09259355858

UNICODE

နှာခေါင်းစည်း (Mask) တပ်စေချင်လို့ အရေးယူတာလား? ရိုက်စားလုပ်နေကြတာလား

ယခုတလော မြို့နယ် အတော်များများမှာ mask မတပ်ရင် ဒဏ်ငွေရိုက်ပြီး အရေးယူတဲ့ ဖြစ်ရပ်တွေ ခပ်စိတ်စိတ် ကြားလာရပါတယ်။ လူတွေ mask တပ်အောင် အာဏာပိုင်တွေက အမိန့်နဲ့ အရေးယူလာတဲ့ သဘောပါ။ ဒီကာလကြီးထဲမှာတော့ အပြင်ထွက်ရင် mask က မဖြစ်မနေ တပ်ရမှာပါ။ အရေးယူတဲ့ လူကလည်း မျက်စိလျင်လျင်နဲ့ သေသေချာချာ အရေးယူ ရမှာပါ။ ဒါပေမယ့် အရေးယူတဲ့ နေရာမှာ ဆင်ခြင်ဉာဏ်နဲ့ အရေးယူသင့်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ စေတနာ့ဝန်ထမ်း အကို ကြုံခဲ့ရတဲ့ ဖြစ်စဉ်လို ကားမောင်းလာတဲ့ လူအတော်များများ ဖြစ်နေကြတယ်လို့ ကြားရပါတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းကိုပဲ သေချာ နားမလည် တာလား၊ ရိုက်စား လုပ်တာလား ဆိုတာကတော့ ဖမ်းတဲ့သူ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ တာဝန်ရှိသူများလည်း အောက်ခြေ မြေပြင်မှာ ဘယ်လို ဖြစ်နေလဲဆိုတာကို သိကြပြီး ပြန်လည် ပြင်ဆင်နိုင်ကြပါစေလို့ ဒီကနေ တိုက်တွန်းလိုက်ရပါတယ်။ စေတနာ့ဝန်ထမ်းအကိုရဲ့ ပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“လှေနံဓါးထစ် နဲ့ Mask Campaignကို အရောင်ဆိုးနေတဲ့သူတွေ – ကားထဲမှန်ပိတ်စီးတယ် သူတို့ဆင်းလာပါပြောချိန် mask တပ်ပြီး ကျနော် အောက်ဆင်းရင် mask တပ်ကြောင်း ပြောပြတယ်။ ကျူပ်ကိုယ်တိုင်က Volunteer ဖြစ်ကြောင်း ရှင်းပြတယ်။မရဘူး တိုင်းက အမိန့် Mask ၂ခု ၅၀၀၀ တဲ့ဗျာ။ သူတို့ကြည့်တော့ မေးစေ့ mask တပ်လေးတွေ။ ကျုပ်တို့ Mask Campaign ထောက်ခံသူတွေတောင် ငြိုငြင်ရင် ပြည်သူက မကြည်ဖြူတာ ဘာဆန်းလဲ။သည်လိုရိုက်စားတွေကြောင့်ပေါ့ Mask Campaign ရုပ်ဆိုးနေရတယ်။ ထွေအုပ်တွေကို သေချာသင်ပေးကြပါ လုပ်လိုက်ရင် ပေါက်ကရ တွေချည်းဘဲ။ လူကြီးတွေ သိအောင်ပြောပြကြပါဦး။”

zin ye naung
09259355858

Leave a Comment