တကၠသိုလ္မ်ားကို ဇူလိုင္လကုန္ပိုင္းခန္႔တြင္ ဖြင့္လွစ္မည္

တကၠသိုလ္မ်ား၏ ေက်ာင္းဖြင့္ခ်ိန္ႏွင့္ ေျဖဆိုရန္က်န္ရွိေနသည့္ ဘာသာရပ္မ်ားကို ဇူလိုင္လကုန္ပိုင္းခန္႔တြင္ ျပဳလုပ္ႏိုင္ရန္ လ်ာထားေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္းက The Voice သတင္းစာသို႔ ေျပာၾကားသည္။လက္ရွိတြင္ အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လအတြင္း အထက္တန္းအဆင့္မွစတင္ၿပီး ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေနသည့္အတြက္ အဆင့္ျမင့္ပညာဦးစီးဌာနလက္ေအာက္ရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ေကာလိပ္မ်ားကိုလည္း ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ စီစဥ္ရေတာ့မည္ျဖစ္ၿပီး ျပန္လည္ဖြင့္လွစ္သည့္အခ်ိန္ကို အတိအက်သတ္မွတ္ၿပီးပါက ေက်ာင္းသားေက်ာင္းသူမ်ားကို ႏွစ္ပတ္ခန္႔ ႀကိဳတင္အသိေပးအေၾကာင္းၾကားမည္ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

“အခုအေျခခံက ဖြင့္ၿပီဆိုေတာ့ ဆရာတို႔လည္း ဖြင့္ဖို႔ျပင္ဆင္ရေတာ့မယ္။ ဖြင့္ဖို႔နဲနဲေတာ့ေနာက္က်ဦးမယ္။ ဇူလိုင္လကုန္ပိုင္းေလာက္ေတာ့ ခန္႔မွန္းရတာဘဲ။ ၿပီးေတာ့ တကၠသိုလ္ေတြမွာ Quarantine ထားတဲ့အေပၚမူတည္ေသးတယ္”ဟု ေဒါက္တာသိန္းဝင္းက ဆိုသည္။အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္အတြက္ Quarantine စင္တာမ်ားအျဖစ္ ဖြင့္လွစ္ထားသည့္ေက်ာင္းမ်ားကို ပညာေရးဝန္ႀကီးဌာကိုျပန္လည္လႊဲေျပာင္းေပးရမည္ျဖစ္သည့္အတြက္ ဆက္လက္ထားရွိရန္လိုအပ္ပါက တကၠသိုလ္ဒီဂရီေကာလိပ္မ်ားကိုအသုံးျပဳရန္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ၫႊန္ၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ေက်ာင္းကို မေန႔က ထိုင္းကျပန္လာတဲ့သူ ၁၀ ေယာက္ စထားတယ္။ ျပည္ခ႐ိုင္တစ္ခုလုံးအတြက္ ကြၽန္ေတာ့္ေက်ာင္းကို Quarantine စင္တာအျဖစ္သုံးဖို႔ေ႐ြးထားတယ္။ အဲ့ဒီေတာ့ ေက်ာင္းျပန္ဖြင့္ဖို႔က ဇြန္လကုန္ေတာင္ မျဖစ္ႏိုင္ေသးဘူးလို႔ထင္တယ္”ဟု ျပည္တကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းက ေျပာဆိုသည္။တကၠသိုလ္မ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဆရာဆရာမမ်ားကို ယခုအခါ ျပန္လည္ေခၚယူေနၿပီျဖစ္ၿပီး ေရာဂါျဖစ္ပြားရာေဒသမ်ားသို႔ သြားေရာက္ၿပီး တာဝန္က်ရရာတကၠသိုလ္သို႔ ျပန္လာမည့္ဆရာဆရာမမ်ားသည္ သတ္မွတ္ေပးထားသည့္ေနရာမ်ားတြင္ ၂၁ ရက္ အသြားအလာကန္႔သတ္ခံရမည္ျဖစ္ၿပီး၊ေရာဂါမျဖစ္ပြားသည့္ေဒသမွျပန္လာမည့္ ဆရာဆရာမမ်ားသည္ ေနထိုင္ရာအေဆာင္မ်ားတြင္ အသြားအလာကန္႔သတ္ခံရမည္ျဖစ္သည္။တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ေပါင္း ၁၀၀ ေက်ာ္ရွိၿပီး စာေမးပြဲေျဖဆိုရန္အတြက္ ဘာသာရပ္ႏွစ္ခုက်န္ရွိေနေသးသည္။

Credit The Voice

UNICODE

တက္ကသိုလ်များ၏ ကျောင်းဖွင့်ချိန်နှင့် ဖြေဆိုရန်ကျန်ရှိနေသည့် ဘာသာရပ်များကို ဇူလိုင်လကုန်ပိုင်းခန့်တွင် ပြုလုပ်နိုင်ရန် လျာထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက The Voice သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများကို ဇူလိုင်လအတွင်း အထက်တန်းအဆင့်မှစတင်ပြီး ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့်အတွက် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ရတော့မည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်သည့်အချိန်ကို အတိအကျသတ်မှတ်ပြီးပါက ကျောင်းသားကျောင်းသူများကို နှစ်ပတ်ခန့် ကြိုတင်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။“အခုအခြေခံက ဖွင့်ပြီဆိုတော့ ဆရာတို့လည်း ဖွင့်ဖို့ပြင်ဆင်ရတော့မယ်။ ဖွင့်ဖို့နဲနဲတော့နောက်ကျဦးမယ်။ ဇူလိုင်လကုန်ပိုင်းလောက်တော့ ခန့်မှန်းရတာဘဲ။ ပြီးတော့ တက္ကသိုလ်တွေမှာ Quarantine ထားတဲ့အပေါ်မူတည်သေးတယ်”ဟု ဒေါက်တာသိန်းဝင်းက ဆိုသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် Quarantine စင်တာများအဖြစ် ဖွင့်လှစ်ထားသည့်ကျောင်းများကို ပညာရေးဝန်ကြီးဌာကိုပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည့်အတွက် ဆက်လက်ထားရှိရန်လိုအပ်ပါက တက္ကသိုလ်ဒီဂရီကောလိပ်များကိုအသုံးပြုရန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။“ကျွန်တော်တို့ကျောင်းကို မနေ့က ထိုင်းကပြန်လာတဲ့သူ ၁၀ ယောက် စထားတယ်။ ပြည်ခရိုင်တစ်ခုလုံးအတွက် ကျွန်တော့်ကျောင်းကို Quarantine စင်တာအဖြစ်သုံးဖို့ရွေးထားတယ်။ အဲ့ဒီတော့ ကျောင်းပြန်ဖွင့်ဖို့က ဇွန်လကုန်တောင် မဖြစ်နိုင်သေးဘူးလို့ထင်တယ်”ဟု ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ပြောဆိုသည်။

တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများကို ယခုအခါ ပြန်လည်ခေါ်ယူနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားရာဒေသများသို့ သွားရောက်ပြီး တာဝန်ကျရရာတက္ကသိုလ်သို့ ပြန်လာမည့်ဆရာဆရာမများသည် သတ်မှတ်ပေးထားသည့်နေရာများတွင် ၂၁ ရက် အသွားအလာကန့်သတ်ခံရမည်ဖြစ်ပြီး၊ရောဂါမဖြစ်ပွားသည့်ဒေသမှပြန်လာမည့် ဆရာဆရာမများသည် နေထိုင်ရာအဆောင်များတွင် အသွားအလာကန့်သတ်ခံရမည်ဖြစ်သည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၀၀ ကျော်ရှိပြီး စာမေးပွဲဖြေဆိုရန်အတွက် ဘာသာရပ်နှစ်ခုကျန်ရှိနေသေးသည်။

Credit The Voice

Leave a Comment