ချစ်ခင်မြတ်နိုးရတဲ့ ပရိသတ်တွေအတွက် သူ့နာမည်နဲ့ Mask တွေလေးလက်ဆောင်ပေးသွားမယ့် ရန်အောင်




Credit The Moon
Source-Yan Aung

UNICODE

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ရန်အောင်ကတော့ အကယ်ဒမီဆုကြီး (၆)ဆု ရရှိထားတဲ့အထိကို အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ရုံသာမက အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုများစွာရရှိခဲ့သူဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်တော့ အကယ်ဒမီများရှင်မင်းသားကြီး ရန်အောင်ကတော့ ချစ်ရတဲ့ပရိသတ်တွေအတွက် တူဖြစ်သူဖန်တီးပေးထားတဲ့ သူနာမည်နဲ့ Mask တွေလက်ဆောင်ပေးသွားမယ့်အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။ “ချစ်သူ ခင်သူ မြတ်နိုးသူများခင်ဗျာ..တနေ့က Mask လေးတွေ လိုချင်တယ်ဆိုလို့ လက်ဆောင်ပေးဖို့ အခု၁၀၀ မှာထားပါတယ်ခင်ဗျာတကယ် သေချာတပ်မယ့် သူများအတွက် ပါ။လိုချင်သူများဆီရောက်ဖို့ရာ ကျွန်တော့ We Love Yan Aung အဖွဲ့မှမဥမ္မာ က စီစဉ်တကျ ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် Ohn Mar ဆီမှာ (သို့)ဒီပုံအောက်မှာ မှာထားရင် ပိုအဆင်ပြေပါ့မယ်ခင်ဗျာ…”ဆိုပြီး ရေးသားထားပါတယ်။

ဒါ့အပြင် ရန်အောင်ကတော့ ဝိုင်းကူညီပေးတဲ့ ညီမဥမ္မာနှင့် Mask တွေကို စနစ်တကျချုပ်လုပ်ပေးတဲ့ တူတော်မောင်ကိုလည်း ကျေးဇူးစကားဆိုထားပါသေးတယ်။ပရိသတ်ကြီးရေ ရန်အောင်ကတော့ သူနာမည်ပါတဲ့Mask လေးတွေကို ချစ်ပရိသတ်တွေအတွက် လက်ဆောင်ပေးဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်နော်။

Credit The Moon
Source-Yan Aung

Leave a Comment