RAIN နဲ့လက်ထပ်ပြီးနောက် ဘဝက ပိုပျော်ရွှင်စရာကာင်းလာကြောင်း ပြောလာတဲ့ Kim Tae-hee

အဆိုတော်၊ သရုပ်ဆောင် မင်းသားချော RAIN နဲ့ မင်းသမီးချော Kim Tae-hee တို့ဟာ January 19,2017 မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီးတော့ ခုဆိုရင် ကလေးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားကြတဲ့ ပျော်ရွှင်စရာ မိသားစုလည်းပဲ ဖြစ်ပါတယ်။


မင်းသမီးချော Kim Tae-hee က သူမလက်ထပ်ပြီးနောက်မှာ ဘယ်လိုမျိုး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ကြလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ April 29 ရက်နေ့ ဒီကနေ့မှာတော့ Kim Tae-hee က အင်တာဗျူးတစ်ခုမှာ သူမရဲ့ ဘဝနဲ့ ပတ်သက်ပြီးတော့ ခုလိုပြောပြပေးခဲ့တာပါ။ အင်တာဗျူးတဲ့သူက သူမကို မိခင်တစ်ယောက်အနေနဲ့ရော Rain နဲ့ လက်ထပ်လိုက်ရတဲ့အပေါ် ခံစားချက်ကို မေးမြန်းခဲ့တာ ဖြစ်ပြီး သူမက ခုလို ဖြေကြားခဲ့ပါတယ် “ ကျွန်မရဲ့ ကလေးတွေကို အရမ်းချစ်တဲ့အတွက် အကောင်းဆုံးတွေပဲ လုပ်ပေးနိုင်အောင် ကျွန်မကြိုးစားပါတယ် နောက်ပြီး ကလေးတွေနဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးဖြစ်အောင် သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနိုင်တာမျိုးကို ပိုသဘောကျပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

သူမက ထပ်ပြီးတော့ “ ကျွန်မရဲ့ မိသားစုတွေ ဘေးနားမှာရှိနေတဲ့အတွက် ကျွန်မ အားအင်တွေ ရပါတယ် သူတို့က ကျွန်မကို အထီးကျန်ခြင်းတွေ မခံစားမိအောင် လုပ်ပေးကြတယ် တစ်စုံတစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့အခါ သင့်ကို level အသစ်၊ အတွေ့အကြုံသစ်ကို ပေးမှာပါ ။ တစ်ခါတစ်လေ ကျွန်မအတွက် နည်းနည်းတော့ ခက်ခဲပေမယ့် အဲဒီ့အရာက ပိုပြီး ပျော်ရွှင်တဲ့သူအဖြစ် ဖြစ်လာခဲ့ပါတယ် လက်ထပ်လိုက်တာက ကျွန်မကို ပိုပြီးကောင်းမွန်တဲ့ သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေပါတယ် ကျွန်မရဲ့ ခံစားချက်တွေကို ပိုပြီး ကျယ်ပြန့်လာစေပါတယ်” ဆိုပြီး သူမပျော်ရွှင်နေရတဲ့ အကြောင်းကို ဝေမျှပေးခဲ့ပါတယ်။

Source: SBS Star

Credit to Aunty May

 

Leave a Comment