K-pop စတားတေယာက္လိုျဖစ္ခ်င္လို႔ မ်က္ႏွာကို ဆာဂ်ရီ အႀကိမ္ေပါင္း ၃၀ လုပ္ေဆာင္ခဲ့တဲ့ ထိုင္းအမ်ိဳးသား

ထိုင္းႏိုင္ငံက အမ်ိဳးသားတဦးဟာ သူ႔ရဲ႕ မ်က္ႏွာကို K-pop စတားတေယာက္လိုမ်ိဳး ျဖစ္ေစဖို႔ ပလတ္စတစ္ ဆာဂ်ရီ အႀကိမ္ေရ ၃၀ ေလာက္ ခံယူလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။Ratchadapong Prasit ဆိုတဲ့ အဲ့ဒီအမ်ိဳးသားဟာ ေမြးရာပါမ်က္ႏွာေၾကာင့္ သိမ္ငယ္စိတ္ဝင္ခဲ့ၿပီး သူ႔ရဲ႕ မ်က္ႏွာကို လုံး၀ ေျပာင္းလဲပစ္ခ်င္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ သူဟာ ႏွစ္ေပါင္းမ်ားစြာၾကာ ပိုက္ဆံစုခဲ့ၿပီး သူ႔အသက္ ၂၅ ႏွစ္ အ႐ြယ္မွာေတာ့ သူ႔ရဲ႕ မ်က္ႏွာကို စတင္ေျပာင္းလဲခဲ့ပါတယ္။သူဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ခြဲစိတ္မႈေတြကို စတင္ခံယူခဲ့တာ ျဖစ္ပါတယ္။ သူ႔အတြက္ အလွကုန္ ပစၥည္းလုပ္ငန္းစဥ္ ၃၀ ေၾကာင့္ ထိုင္းဘတ္ ၃ သိန္းေလာက္အထိ ကုန္က်ခဲ့ပါတယ္။ ပလတ္စတစ္ ဆာဂ်ရီကုသမႈကို ခံယူခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ ဘဝဟာ လုံးဝေျပာင္းလဲသြားခဲ့ၿပီး ကုန္က်ခဲ့တဲ့ ပိုက္ဆံ တျပားတခ်ပ္တိုင္းဟာ တန္တယ္လို႔ သူက ဆိုပါတယ္။

အခုလိုမ်ိဳး ခြဲစိတ္ကုသမႈ ခံယူဖို႔ Prasit ဟာ ဖိနပ္ေရာင္းခ်သူတဦးအျဖစ္ လုပ္ကိုင္ၿပီး ေငြစုခဲ့တာပါ။ လက္ရွိမွာေတာ့ သူူဟာ ပတၱယားၿမိဳ႕မွာရွိတဲ့ ျပဇာတ္႐ုံတခုမွာ အကသမားတဦးအေနနဲ႔ လုပ္ကိုင္ေနၿပီး သူဟာ ေအာင္ျမင္သူတေယာက္ ျဖစ္တယ္လို႔ဆိုပါတယ္။သူဟာ သူ႔ရဲ႕ မ်က္ႏွာကိုတင္ ေျပာင္းလဲခဲ့တာ မဟုတ္ပါဘူး။ SHINEE အဖြဲ႕ဝင္တဦးျဖစ္တဲ့ Minho နာမည္ကို သေဘာက်လို႔ သူ႔ရဲ႕ နာမည္ကိုလည္း Minho လို႔ နာမည္ေျပာင္းခဲ့ပါတယ္။Prasit ဟာ ပလတ္စတစ္ဆာဂ်ရီကုသမႈကို စတင္မခံယူခင္ကတည္းက သူဟာ စတင္လူေျပာမ်ားခဲ့တာပါ။ သူဟာ ၂၀၁၇ ခုႏွစ္ ေမလတုန္းက Daily News မီဒီယာနဲ႔ အင္တာဗ်ဴးလုပ္ခဲ့ၿပီးေနာက္ပိုင္း လူထုရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရပါတယ္။ သူ႔ရဲ႕ဘဝကံၾကမၼာကို ေျပာင္းလဲဖို႔ ပလတ္စတစ္ဆာဂ်ရီေတြကို လုပ္ေဆာင္မွာ ျဖစ္တယ္လို႔ အဲ့ဒီတုန္းက ေၾကညာခဲ့ပါတယ္။

သူဟာ လုပ္ငန္းခြင္မွာေရာ၊ ကိုယ္ေရးကိုယ္တာ ဘဝမွာေရာ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုပါတယ္။ သူဟာ အကသမား တေယာက္ျဖစ္ခ်င္ခဲ့ၿပီ ပတၱယားျပဇာတ္႐ုံတခုမွာ လူေ႐ြးပြဲကို ၇ ႀကိမ္ဝင္ခဲ့ေပမယ့္ အေၾကာင္းျပခ်က္ေတြေၾကာင့္ အႀကိမ္တိုင္း အပယ္ခံခ့ရပါတယ္။ ဒါ့အျပင္ မိန္းကေလးေတြက သူနဲ႔ တြဲဖို႔ တြန႔္ဆုတ္ေနတာေၾကာင့္ အခ်စ္ကံလည္း ေခခဲ့ရတယ္လို႔ ဆိုပါတယ္။အခုေတာ့ ဆာဂ်ရီ မျပဳလုပ္မီနဲ႔ ျပဳလုပ္ၿပီး ႐ိုက္ကူးထားတဲ့ သူ႔ရဲ႕ ပုံေတြေၾကာင့္ သူဟာ နာမည္ႀကီးေနၿပီျဖစ္ပါတယ္။ အခုေတာ့ သူဟာ ပတၱယားျပဇာတ္႐ုံမွာ အလုပ္လုပ္ကိုင္ေန႐ုံသမာက ထိုင္းႏိုင္ငံရဲ႕ “One Man” အစီအစဥ္မွာလည္း ေနာက္ဆုံးဆန္ခါတင္ၿပိဳင္ပြဲဝင္ ျဖစ္ေနပါၿပီ။ သူဟာ ထိုင္း႐ုပ္သံ အစီအစဥ္ေတာ္ေတာ္မ်ားမ်ားမွာလည္း ပါဝင္လာခဲ့ၿပီး အခုေတာ့ ဆိုရွယ္မီဒီယာမွာပါ နာမည္ႀကီးေနၿပီ ျဖစ္ပါတယ္။သူဟာ ခြဲစိတ္မႈခံယူခဲ့ၿပီးတဲ့ေနာက္ Daily News မီဒီယာနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး တခုမွာ ကမာၻကို သူ႔ရဲ႕ ပလတ္စတစ္ ဆာဂ်ရီ ျပဳျပင္ေျပာင္းလဲမႈအေၾကာင္း ေဝမွ်ဖို႔ ရွက္႐ြံ႕ေနမွာ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ သူ႔လိုမ်ိဳးပဲ ပလတ္စတစ္ ဆာဂ်ရီေၾကာင့္ ေျပာင္းလဲသြားခဲ့တဲ့ ေနာက္တဦးကေတာ့ Miyyo Rizone ဆိုသူ ျဖစ္ပါတယ္။ သူဟာ ၂၀၁၉ ခုႏွစ္မွာ ကာတြန္းဇာတ္ေကာင္ပုံစံ ရရွိဖို႔ ခြဲစိတ္ကုသမႈမ်ားစြာကို ခံယူခဲ့ပါတယ္။

Credit to Original
Ref: nestia

UNICODE

ထိုင်းနိုင်ငံက အမျိုးသားတဦးဟာ သူ့ရဲ့ မျက်နှာကို K-pop စတားတယောက်လိုမျိုး ဖြစ်စေဖို့ ပလတ်စတစ် ဆာဂျရီ အကြိမ်ရေ ၃၀ လောက် ခံယူလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။Ratchadapong Prasit ဆိုတဲ့ အဲ့ဒီအမျိုးသားဟာ မွေးရာပါမျက်နှာကြောင့် သိမ်ငယ်စိတ်ဝင်ခဲ့ပြီး သူ့ရဲ့ မျက်နှာကို လုံး၀ ပြောင်းလဲပစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ နှစ်ပေါင်းများစွာကြာ ပိုက်ဆံစုခဲ့ပြီး သူ့အသက် ၂၅ နှစ် အရွယ်မှာတော့ သူ့ရဲ့ မျက်နှာကို စတင်ပြောင်းလဲခဲ့ပါတယ်။သူဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ခွဲစိတ်မှုတွေကို စတင်ခံယူခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက် အလှကုန် ပစ္စည်းလုပ်ငန်းစဉ် ၃၀ ကြောင့် ထိုင်းဘတ် ၃ သိန်းလောက်အထိ ကုန်ကျခဲ့ပါတယ်။ ပလတ်စတစ် ဆာဂျရီကုသမှုကို ခံယူခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့ပြီး ကုန်ကျခဲ့တဲ့ ပိုက်ဆံ တပြားတချပ်တိုင်းဟာ တန်တယ်လို့ သူက ဆိုပါတယ်။

အခုလိုမျိုး ခွဲစိတ်ကုသမှု ခံယူဖို့ Prasit ဟာ ဖိနပ်ရောင်းချသူတဦးအဖြစ် လုပ်ကိုင်ပြီး ငွေစုခဲ့တာပါ။ လက်ရှိမှာတော့ သူူဟာ ပတ္တယားမြို့မှာရှိတဲ့ ပြဇာတ်ရုံတခုမှာ အကသမားတဦးအနေနဲ့ လုပ်ကိုင်နေပြီး သူဟာ အောင်မြင်သူတယောက် ဖြစ်တယ်လို့ဆိုပါတယ်။သူဟာ သူ့ရဲ့ မျက်နှာကိုတင် ပြောင်းလဲခဲ့တာ မဟုတ်ပါဘူး။ SHINEE အဖွဲ့ဝင်တဦးဖြစ်တဲ့ Minho နာမည်ကို သဘောကျလို့ သူ့ရဲ့ နာမည်ကိုလည်း Minho လို့ နာမည်ပြောင်းခဲ့ပါတယ်။Prasit ဟာ ပလတ်စတစ်ဆာဂျရီကုသမှုကို စတင်မခံယူခင်ကတည်းက သူဟာ စတင်လူပြောများခဲ့တာပါ။ သူဟာ ၂၀၁၇ ခုနှစ် မေလတုန်းက Daily News မီဒီယာနဲ့ အင်တာဗျူးလုပ်ခဲ့ပြီးနောက်ပိုင်း လူထုရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ သူ့ရဲ့ဘဝကံကြမ္မာကို ပြောင်းလဲဖို့ ပလတ်စတစ်ဆာဂျရီတွေကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ အဲ့ဒီတုန်းက ကြေညာခဲ့ပါတယ်။

သူဟာ လုပ်ငန်းခွင်မှာရော၊ ကိုယ်ရေးကိုယ်တာ ဘဝမှာရော မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ အကသမား တယောက်ဖြစ်ချင်ခဲ့ပြီ ပတ္တယားပြဇာတ်ရုံတခုမှာ လူရွေးပွဲကို ၇ ကြိမ်ဝင်ခဲ့ပေမယ့် အကြောင်းပြချက်တွေကြောင့် အကြိမ်တိုင်း အပယ်ခံခ့ရပါတယ်။ ဒါ့အပြင် မိန်းကလေးတွေက သူနဲ့ တွဲဖို့ တွန့်ဆုတ်နေတာကြောင့် အချစ်ကံလည်း ခေခဲ့ရတယ်လို့ ဆိုပါတယ်။အခုတော့ ဆာဂျရီ မပြုလုပ်မီနဲ့ ပြုလုပ်ပြီး ရိုက်ကူးထားတဲ့ သူ့ရဲ့ ပုံတွေကြောင့် သူဟာ နာမည်ကြီးနေပြီဖြစ်ပါတယ်။ အခုတော့ သူဟာ ပတ္တယားပြဇာတ်ရုံမှာ အလုပ်လုပ်ကိုင်နေရုံသမာက ထိုင်းနိုင်ငံရဲ့ “One Man” အစီအစဉ်မှာလည်း နောက်ဆုံးဆန်ခါတင်ပြိုင်ပွဲဝင် ဖြစ်နေပါပြီ။ သူဟာ ထိုင်းရုပ်သံ အစီအစဉ်တော်တော်များများမှာလည်း ပါဝင်လာခဲ့ပြီး အခုတော့ ဆိုရှယ်မီဒီယာမှာပါ နာမည်ကြီးနေပြီ ဖြစ်ပါတယ်။သူဟာ ခွဲစိတ်မှုခံယူခဲ့ပြီးတဲ့နောက် Daily News မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ကမ္ဘာကို သူ့ရဲ့ ပလတ်စတစ် ဆာဂျရီ ပြုပြင်ပြောင်းလဲမှုအကြောင်း ဝေမျှဖို့ ရှက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူ့လိုမျိုးပဲ ပလတ်စတစ် ဆာဂျရီကြောင့် ပြောင်းလဲသွားခဲ့တဲ့ နောက်တဦးကတော့ Miyyo Rizone ဆိုသူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ ကာတွန်းဇာတ်ကောင်ပုံစံ ရရှိဖို့ ခွဲစိတ်ကုသမှုများစွာကို ခံယူခဲ့ပါတယ်။

Credit to Original
Ref: nestia

Leave a Comment