ကေမာၻဇဘဏ္သူေ႒းကဝယ္ယူလို႔ အရင္းေလးျပန္ရပါၿပီဆိုတဲ့ ေဂၚဖီစိုက္ေတာင္သူမ်ား

ကေမာၻဇဘဏ္ နာယက ဦးေအာင္ကိုဝင္းဟာ ဝယ္သူမရွိလို႔ ပ်က္စီးေတာ့မယ့္ ေဂၚဖီထုပ္ (၅) သိန္းေက်ာ္ကို ကိုယ္တိုင္သြားေရာက္ဝယ္ယူၿပီး ေဂၚဖီထုပ္ေတာင္သူေတြကို ကူညီေပးခဲ့ပါတယ္။

ဦးေအာင္ကိုဝင္းဟာ ရွမ္းျပည္နယ္ေတာင္ပိုင္းက ပအိုဝ့္၊ ေတာင္႐ိုးနဲ႔ ကယန္းတိုင္းရင္းသားေတြ စိုက္ပ်ိဳးထားတဲ့ ေဂၚဖီထုပ္ေရ (၅) သိန္းေလာက္ကို ဝယ္ယူၿပီး ႏိုင္ငံအႏွံအျပားက အက်ဥ္းေထာင္ေတြနဲ႔ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ပခုကၠဴ၊ ျမင္းၿခံ၊ ရမည္းသင္း၊ ေမာ္လၿမိဳင္၊ ေအးသာယာက မိဘမဲ့ေဂဟာေတြနဲ႔ အေျခခံျပည္သူေတြကို စနစ္တက် ျဖန႔္ေဝေပးခဲ့ပါတယ္။

“တစ္ရက္တစ္ရက္ စိုက္ထားခဲ့တာေတြ ဘယ္ပို႔ရမွန္းမသိေတာ့ စိတ္မေကာင္းဘူး။ ဘယ္ေရာင္းရမွန္းလည္း မသိဘူး။ အခုေတာ့ ေနာက္ရာသီဆက္ၿပီး ရင္းႏွီးစိုက္ပ်ိဳးဖို႔ ကြၽန္မ အရင္းေလး ရပါၿပီ” လို႔ ေတာင္႐ိုးလူမ်ိဳး ေတာင္သူတစ္ေယာက္က ေျပာပါတယ္။ အဲဒီစကားသံေၾကာင့္ စိတ္မေကာင္းျဖစ္မိေပမဲ့ သူတို႔ကို ကူညီေပးႏိုင္ခဲ့လို႔ ဝမ္းေျမာက္ပီတိျဖစ္မိတယ္လို႔ ဦးေအာင္ကိုဝင္းရဲ႕သမီး နန္းလိုင္ခမ္းက ေရးသားထားပါတယ္။ ဒါ့အျပင္ ေတာင္သူေတြ လတ္တေလာ အဆင္ေျပေစဖို႔အတြက္း ဆန္( ၃) ျပည္၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ္၊ ကုလားပဲ (၅၀) က်ပ္သား၊ ေငြက်ပ္တစ္ေသာင္းစီကိုလည္း ေပးေဝခဲ့တယ္လို႔ ‌ေဒၚနန္းလိုင္ခမ္းက ေဖာ္ျပထားပါတယ္။

Credit to Original

UNICODE 

ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းဟာ ဝယ်သူမရှိလို့ ပျက်စီးတော့မယ့် ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ကိုယ်တိုင်သွားရောက်ဝယ်ယူပြီး ဂေါ်ဖီထုပ်တောင်သူတွေကို ကူညီပေးခဲ့ပါတယ်။

ဦးအောင်ကိုဝင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ့်၊ တောင်ရိုးနဲ့ ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ရေ (၅) သိန်းလောက်ကို ဝယ်ယူပြီး နိုင်ငံအနှံအပြားက အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ဂေဟာတွေနဲ့ အခြေခံပြည်သူတွေကို စနစ်တကျ ဖြန့်ဝေပေးခဲ့ပါတယ်။

“တစ်ရက်တစ်ရက် စိုက်ထားခဲ့တာတွေ ဘယ်ပို့ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်းရမှန်းလည်း မသိဘူး။ အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ” လို့ တောင်ရိုးလူမျိုး တောင်သူတစ်ယောက်က ပြောပါတယ်။ အဲဒီစကားသံကြောင့် စိတ်မကောင်းဖြစ်မိပေမဲ့ သူတို့ကို ကူညီပေးနိုင်ခဲ့လို့ ဝမ်းမြောက်ပီတိဖြစ်မိတယ်လို့ ဦးအောင်ကိုဝင်းရဲ့သမီး နန်းလိုင်ခမ်းက ရေးသားထားပါတယ်။ ဒါ့အပြင် တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်း ဆန်( ၃) ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့တယ်လို့ ‌ဒေါ်နန်းလိုင်ခမ်းက ဖော်ပြထားပါတယ်။

Credit to Original

Leave a Comment