အေမရိကန္မွာ ကုိဗစ္ကူးစက္ခံရတဲ့ ျမန္မာတခ်ဳိ႕ကုိ အဓမၼအလုပ္ဆင္းခုိင္းေန

အေမရိကန္ျပည္ေထာင္စု၊ အင္ဒီယာနာ ျပည္နယ္က ဖုိဒ့္ဝိန္းၿမိဳ႕ဟာ ျမန္မာႏိုင္ငံကလာတဲ့ တိုင္းရင္းသားေပါင္းစုံ ေနထိုင္တဲ့ ၿမိဳ႕ေလးတၿမိဳ႕ျဖစ္ၿပီး လူဦးေရ အခ်ိဳးအစားအရၾကည့္ရင္ ျမန္မာႏိုင္ငံသားေတြဟာ ဒုတိယအမ်ားဆုံး လူနည္းစုအဆင့္ေလာက္မွာ ရွိေနတာပါ။မဝင္းလို႔ နာမည္ေပးထားတဲ့ ျမန္မာအမ်ိဳးသမီး ဟာ အင္ဒီယားနားျပည္နယ္ ဖို႔ဒ္ဝိန္းၿမိဳ႕ Nishikawa Cooper (nisco) ကားပစၥည္းတပ္ဆင္တဲ့ စက္႐ုံမွာ ေလးႏွစ္ေက်ာ္ လုပ္ကိုင္ေနသူျဖစ္ပါတယ္။ ဧၿပီလကုန္ပိုင္းေလာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ကူးစက္ခံရၿပီး ေဝဒနာခံစားခဲ့ရသူပါ။

ႏွစ္ပတ္ေက်ာ္ ၁၄ ရက္ အိမ္မွာပဲ Q ဝင္ေနရၿပီး သက္သာလာခဲ့သူ ျဖစ္ပါတယ္။ အခုခ်ိန္ထိ ေဝဒနာလုံး၀ ေပ်ာက္ကင္းတဲ့အဆင့္ မေရာက္ေသးေပမယ့္ စက္႐ုံေတြ ျပန္ဖြင့္ေနတဲ့အတြက္ မျဖစ္မေန အလုပ္ ျပန္ဆင္းဖို႔ ဖိအားေပးခံေနရတာေၾကာင့္ စိတ္ထိခုိက္ေနရပါတယ္။က်န္းမာေရးဌာနရဲ႕ ၫြန္ၾကားခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူတဦးမွာ တလ ဒါမွမဟုတ္ ႏွစ္လအတြင္း ဗိုင္းရပ္စ္ရွိေနေသးေၾကာင္းနဲ႔ အျခားသူေတြကိုလည္း ကူးစက္ႏိုင္တယ္လို႔ သတိေပးထားတဲ့အတြက္ စက္႐ုံကို မျဖစ္မေန ျပန္ဆင္းတဲ့အခ်ိန္မွာ အျခားသူေတြကို ေရာဂါ ကူးစက္မွာကိုလည္း စုိးရိမ္ေနတယ္လုိ႔ ဆုိပါတယ္။သူ အလုပ္လုပ္တဲ့ Nishikawa Cooper ကားပစၥည္းစက္႐ုံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ကာကြယ္ေရးေတြ မလုပ္ေသးဘူးလုိ႔လည္း မဝင္းကေျပာပါတယ္။ လူတဦး နဲ႔တဦး နီးနီးကပ္ကပ္ရပ္ၿပီး ပစၥည္းေတြကို တလွည့္စီကိုင္ၿပီးတပ္ဆင္ရတဲ့အတြက္လည္း ေရာဂါကူးစက္ဖို႔ ပိုၿပီးလြယ္ကူေၾကာင္း သူက ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ျမန္မာဒုကၡသည္အမ်ားစု အေျခခ်ေနထိုင္တဲ့ အင္ဒီယားနားျပည္နယ္ ဖို႔ဒ္ဝိန္းၿမိဳ႕က Allen county မွာ ဗိုင္းရပ္စ္ကူးစက္ခံရသူစုစုေပါင္း ၆၀၀ ေက်ာ္ရွိေနၿပီး အဲဒီထဲက အာရွသား စုစုေပါင္း ၁၅၀ ေက်ာ္မွာ ျမန္မာက ၁၀၀ ေက်ာ္ ကူးစက္ခံထားရတယ္လို႔ ဖို႔ဒ္ဝင္းၿမိဳ႕ခံ ကိုေက်ာ္သက္က ေျပာပါတယ္။ ေရာဂါကူးစက္ခံရသူ ျမန္မာ အမ်ားစုက ကားပစၥည္းတပ္ဆင္တဲ့ စက္႐ုံေတြနဲ႔ အသားစက္႐ုံေတြမွာ လုပ္ေနၾကသူေတြျဖစ္တယ္လို႔ ဆုိပါတယ္။

ကိုဗစ္ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ဖို႔ ဖို႔ဒ္ဝင္းၿမိဳ႕က စက္႐ုံေတြကို လြန္ခဲ့တဲ့ ႏွစ္လ ေလာက္က ပိတ္ထားၿပီး ၿပီးခဲ့တဲ့ သတင္းပတ္က ျပန္စဖြင့္တဲ့အတြက္ အလုပ္သမားေတြ စၿပီး အလုပ္ဆင္းေနရတာျဖစ္ပါတယ္။ ႏွစ္လေလာက္ lock down လုပ္ၿပီး အခုလို စက္႐ုံေတြျပန္ဖြင့္ခ်ိန္မွာ ေရာဂါကာကြယ္ေရးမလုပ္ႏိုင္ၾကေသးပါဘူး။အင္ဒီယားနားျပည္နယ္တစ္ခုလုံး ကိုဗစ္ေၾကာင့္ ေသဆုံးသူေပါင္း ၁၈၀၀ ေက်ာ္ရွိသြားၿပီး၊ ကူးစက္ခံရသူေပါင္း ၃၀၀၀ ေထာင္ေက်ာ္ ရွိေနပါတယ္။ ျမန္မာအသိုင္းအဝိုင္း အမ်ားစုရွိတဲ့ Allen county မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၆၆ ေယာက္ရွိေနၿပီး ကူးစက္သူေပါင္း ၁၃၀၀ ေက်ာ္ရွိေနၿပီး အဲဒီထဲမွာ ျမန္မာ ၁၀၀ ေက်ာ္ ပါဝင္တယ္လို႔ သိရပါတယ္။

Credit to Original

UNICODE

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာ ပြည်နယ်က ဖိုဒ့်ဝိန်းမြို့ဟာ မြန်မာနိုင်ငံကလာတဲ့ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ မြို့လေးတမြို့ဖြစ်ပြီး လူဦးရေ အချိုးအစားအရကြည့်ရင် မြန်မာနိုင်ငံသားတွေဟာ ဒုတိယအများဆုံး လူနည်းစုအဆင့်လောက်မှာ ရှိနေတာပါ။မဝင်းလို့ နာမည်ပေးထားတဲ့ မြန်မာအမျိုးသမီး ဟာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ Nishikawa Cooper (nisco) ကားပစ္စည်းတပ်ဆင်တဲ့ စက်ရုံမှာ လေးနှစ်ကျော် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဧပြီလကုန်ပိုင်းလောက်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရပြီး ဝေဒနာခံစားခဲ့ရသူပါ။

နှစ်ပတ်ကျော် ၁၄ ရက် အိမ်မှာပဲ Q ဝင်နေရပြီး သက်သာလာခဲ့သူ ဖြစ်ပါတယ်။ အခုချိန်ထိ ဝေဒနာလုံး၀ ပျောက်ကင်းတဲ့အဆင့် မရောက်သေးပေမယ့် စက်ရုံတွေ ပြန်ဖွင့်နေတဲ့အတွက် မဖြစ်မနေ အလုပ် ပြန်ဆင်းဖို့ ဖိအားပေးခံနေရတာကြောင့် စိတ်ထိခိုက်နေရပါတယ်။ကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတဦးမှာ တလ ဒါမှမဟုတ် နှစ်လအတွင်း ဗိုင်းရပ်စ်ရှိနေသေးကြောင်းနဲ့ အခြားသူတွေကိုလည်း ကူးစက်နိုင်တယ်လို့ သတိပေးထားတဲ့အတွက် စက်ရုံကို မဖြစ်မနေ ပြန်ဆင်းတဲ့အချိန်မှာ အခြားသူတွေကို ရောဂါ ကူးစက်မှာကိုလည်း စိုးရိမ်နေတယ်လို့ ဆိုပါတယ်။သူ အလုပ်လုပ်တဲ့ Nishikawa Cooper ကားပစ္စည်းစက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးတွေ မလုပ်သေးဘူးလို့လည်း မဝင်းကပြောပါတယ်။ လူတဦး နဲ့တဦး နီးနီးကပ်ကပ်ရပ်ပြီး ပစ္စည်းတွေကို တလှည့်စီကိုင်ပြီးတပ်ဆင်ရတဲ့အတွက်လည်း ရောဂါကူးစက်ဖို့ ပိုပြီးလွယ်ကူကြောင်း သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာဒုက္ခသည်အများစု အခြေချနေထိုင်တဲ့ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က Allen county မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၆၀၀ ကျော်ရှိနေပြီး အဲဒီထဲက အာရှသား စုစုပေါင်း ၁၅၀ ကျော်မှာ မြန်မာက ၁၀၀ ကျော် ကူးစက်ခံထားရတယ်လို့ ဖို့ဒ်ဝင်းမြို့ခံ ကိုကျော်သက်က ပြောပါတယ်။ ရောဂါကူးစက်ခံရသူ မြန်မာ အများစုက ကားပစ္စည်းတပ်ဆင်တဲ့ စက်ရုံတွေနဲ့ အသားစက်ရုံတွေမှာ လုပ်နေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ဖို့ဒ်ဝင်းမြို့က စက်ရုံတွေကို လွန်ခဲ့တဲ့ နှစ်လ လောက်က ပိတ်ထားပြီး ပြီးခဲ့တဲ့ သတင်းပတ်က ပြန်စဖွင့်တဲ့အတွက် အလုပ်သမားတွေ စပြီး အလုပ်ဆင်းနေရတာဖြစ်ပါတယ်။ နှစ်လလောက် lock down လုပ်ပြီး အခုလို စက်ရုံတွေပြန်ဖွင့်ချိန်မှာ ရောဂါကာကွယ်ရေးမလုပ်နိုင်ကြသေးပါဘူး။အင်ဒီယားနားပြည်နယ်တစ်ခုလုံး ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၁၈၀၀ ကျော်ရှိသွားပြီး၊ ကူးစက်ခံရသူပေါင်း ၃၀၀၀ ထောင်ကျော် ရှိနေပါတယ်။ မြန်မာအသိုင်းအဝိုင်း အများစုရှိတဲ့ Allen county မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၆ ယောက်ရှိနေပြီး ကူးစက်သူပေါင်း ၁၃၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ မြန်မာ ၁၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

Credit to Original

Leave a Comment