ပိုသူလႉ လိုသူကူအစီအစဥ္အတြက္ က်ပ္သိန္း(၁၀၀)မတည္လႉဒါန္းခဲ့တဲ့ ဖိုးခ်စ္

ဖိုးခ်စ္ကေတာ့ ျမန္မာ့ဇာတ္သဘင္ေလာကမွာ ပရိသတ္အားေပးမႈကိုအခိုင္အမာပိုင္ဆိုင္ရရွိထားတဲ့ မင္းသားတစ္လက္ပါ။ သူဟာ ဇာတ္သဘင္ေလာကမွာ (၂၀၀၅−၂၀၀၆)ခုႏွစ္ကစၿပီး တဟုန္ထိုးနာမည္ႀကီးလာခဲ့တဲ့ မႏၲေလးၿမိဳ႕ကဇာတ္မင္းသားတစ္ဦးလည္းျဖစ္ပါတယ္။ ဖိုးခ်စ္ဟာ ဇာတ္မင္းသားတစ္ေယာက္အေနနဲ႔သာ ပရိသတ္အားေပးမႈကိုရရွိထားတာမဟုတ္ဘဲ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ပရိသတ္ေတြရဲ႕အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ပါ။

ၿမိဳ႕ေ႐ႊမင္းသားဖိုးခ်စ္ကေတာ့ ျမန္မာ့ဇာတ္သဘင္ေလာကမွာ ဥကၠ႒တစ္ေယာက္အေနနဲ႔လည္း တာဝန္ယူေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ယခုလို covid-19ေၾကာင့္ အႏုပညာအလုပ္ေတြကိုရပ္နားထားရတဲ့အခ်ိန္ ဇာတ္သဘင္ေလာကမွာစားဝတ္ေနေရးဒုကၡေရာက္ေနၾကတဲ့ ဇာတ္သဘင္အဖြဲ႕သားေတြအတြက္လည္း ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔တတ္ႏိုင္သေလာက္ေထာက္ပံ့လႉဒါန္းမႈေတြျပဳလုပ္ခဲ့ပါေသးတယ္။

ဖိုးခ်စ္ဟာ အလႉအတန္းဘက္မွာလည္း သဒၵါတရားထက္သန္သူတစ္ေယာက္ျဖစ္ၿပီး ဒီေန႔ မွာလည္း ပိုသူလႉ လိုသူကူအစီအစဥ္အတြက္ က်ပ္သိန္းတစ္ရာကို မတည္လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။ အဲဒီအလႉအေၾကာင္းေလးကိုေတာ့ ပရိသတ္ေတြအားလုံး သာဓုေခၚလို႔ရေအာင္ ဖိုးခ်စ္က သူရဲ႕လူမႈကြန္ရက္မွာေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။

Credit Themoon
Source:Phoe Chit

UNICODE 

ဖိုးချစ်ကတော့ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှုကိုအခိုင်အမာပိုင်ဆိုင်ရရှိထားတဲ့ မင်းသားတစ်လက်ပါ။ သူဟာ ဇာတ်သဘင်လောကမှာ (၂၀၀၅−၂၀၀၆)ခုနှစ်ကစပြီး တဟုန်ထိုးနာမည်ကြီးလာခဲ့တဲ့ မန္တလေးမြို့ကဇာတ်မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ ဖိုးချစ်ဟာ ဇာတ်မင်းသားတစ်ယောက်အနေနဲ့သာ ပရိသတ်အားပေးမှုကိုရရှိထားတာမဟုတ်ဘဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။

မြို့ရွှေမင်းသားဖိုးချစ်ကတော့ မြန်မာ့ဇာတ်သဘင်လောကမှာ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့လည်း တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ ယခုလို covid-19ကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားရတဲ့အချိန် ဇာတ်သဘင်လောကမှာစားဝတ်နေရေးဒုက္ခရောက်နေကြတဲ့ ဇာတ်သဘင်အဖွဲ့သားတွေအတွက်လည်း ခေါင်းဆောင်တစ်ယောက်အနေနဲ့တတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

ဖိုးချစ်ဟာ အလှူအတန်းဘက်မှာလည်း သဒ္ဒါတရားထက်သန်သူတစ်ယောက်ဖြစ်ပြီး ဒီနေ့ မှာလည်း ပိုသူလှူ လိုသူကူအစီအစဉ်အတွက် ကျပ်သိန်းတစ်ရာကို မတည်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ အဲဒီအလှူအကြောင်းလေးကိုတော့ ပရိသတ်တွေအားလုံး သာဓုခေါ်လို့ရအောင် ဖိုးချစ်က သူရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။

Credit Themoon
Source:Phoe Chit

Leave a Comment