တစ္မိသားစုလုံး ကိုဗစ္ကူးစက္ခံရၿပီး ခင္ပြန္း ေသဆုံးခဲ့တဲ့အျပင္ ေနာက္ဆုံးအမွတ္တရ အခ်စ္ေတာ္ေခြးေလးပါ ဆုံးရႈံးရမယ့္ အျဖစ္….

ဂ်က္ဂီေလး က်မတို႔မိသားစုဆီျပန္လာႏိုင္ရန္ဆုေတာင္းေပးေသာမိတ္ေဆြမ်ားအားလုံးကိုအထူးေက်းဇူးတင္ပါတယ္။ အတူေနရဖို႔ ဆက္လက္၍ဆုေတာင္းေပးဖို႔ေမတၱာရပ္ခံအပ္ပါတယ္။ မေန႔ကက်မရဲ႕တူေလးကဂ်က္ဂီကိုလက္ခံ‌ေကြၽး‌ေမြးထား‌ေသာ ဆရာဝန္ေဒါက္တာအန္တီနဲ႔အဆက္အသြယ္ရပီးယေန႔၂၆.၅.၂၀၂၀ ညေန၄နာရီအခ်ိန္တြင္ဂ်က္ကီေလးအားျပန္လည္ရမဲ့အထင္နဲ႔သြားေရာက္ေစာင့္ဆိုင္းခဲ့ပါသည္။ဆရာဝန္အန္တီရဲ႕သေဘာတူညီခ်က္အရဂ်က္ကီကိုက်မတို႔ေခၚလို႔လိုက္လွ်င္ေခၚယူသြားႏိုင္ေၾကာင္းမလိုက္လွ်င္ဆရာမႀကီးအားေပးပါမယ္ဆိုပီးဆရာမႀကီးဘက္ကိုၾကည့္ေပးခဲ့ပါတယ္။ တကယ္လက္ေတြ႕ေရာက္လာတဲ့အခ်ိန္တြင္ဂ်က္ကီေလးလဲမပါလာခဲ့ပါ၊ အေဝးကေနေမွ်ာ္လင့္ခ်က္ေတြနဲ႔ သြားခဲ့ပါတယ္။ ေရာဂါလုံးဝေပ်ာက္ကင္းပီးအျပင္မွာQဝင္တဲ့ရက္ပါျပည့္ပီးခဲ့ေသာ္လဲမလိုလားအပ္ေသာျပသနာျဖစ္မွာဆိုးလို႔အျပင္မထြက္ခဲ့ပါ။ ဂ်က္ကီေလးအတြက္မျဖစ္မေနအျပင္ထြက္လာခဲ့ရေသာ္လဲလက္ေတြ႕မွာဂ်က္ကီေလးမပါလာတဲ့အျပင္ ေဒါက္တာအန္တီႏွင့္အတူ ကိုသန႔္စင္အပါအဝင္လူ၈ေယာက္ခန႔္ကား၃စီးနဲ႔ေရာက္လာခဲ့ပါတယ္။ က်မကလဲလူ၅ေယာက္ထက္ပိုမစုေဝးရဆိုတဲ့အခ်က္ေၾကာင့္က်မႏွင့္အတူ ၊က်မတူ‌ေလး၊ကြၽန္မတို႔ကိုကားေမာင္းပို႔ေပးတဲ့က်မအကိုပဲပါခဲ့ပါတယ္

အသက္၁၀ႏွစ္ေအာက္ကေလး၂ေယာက္ျပန္ဖယ္လိုက္မယ္ဆိုရင္ဒီလူ၈ေယာက္နဲ႔စကားေျပာႏိုင္သူဆိုရင္ က်မရယ္ က်မတူေလးရယ္ပဲရွိတာပါ။ဂ်က္ကီေလးမပါလာပဲညိဳႏႈိင္းမဲ့အေၾကာင္းေခြးေလးတစ္ေကာင္အစားျပန္ေပးမဲ့အေၾကာင္းပဲေျပာေနပါတယ္ေနာက္ဆုံးစကားေျပာလို႔အဆင္မေျပတဲ့အဆုံးမွာအန္တီေဒါက္တာကသူပင္ပန္းေနၿပီျဖစ္ေၾကာင္းေနာက္ေန႔မွေျပာမယ္ျဖစ္ေၾကာင္းနဲ႔ပဲအဆုံးသတ္ခဲ့ရပါတယ္။က်မလက္မေလ်ာ့ပဲေနာက္တစ္ႀကိမ္ဆရာမႀကီးကားေနာက္လိုက္ပီးေတာင္းပန္ပီးထပ္ေျပာခဲ့ပါတယ္။ ဆရာမႀကီးေျပာတာကလုံးဝမဆက္သြယ္ပါနဲ႔သူလူေတြနဲ႔သာဆက္သြယ္မွာျဖစ္ေၾကာင္းေျပာၾကားရင္းေနာက္ဆုံးမွာေတာ့က်မရဲ႕သားေလးရယ္က်မရယ္ရင္ထဲအဆင္မေျပေတာ့လို႔မ်က္ရည္ေတြနဲ႔သာေတြ႕ဆုံမႈကိုအဆုံးသတ္ခဲ့ရပါတယ္။ က်မသည္က်မရဲ႕အိမ္ေထာင္ဦးစီးကိုဆုံးရႉံးခဲ့ပီးပါၿပီ၊က်မခင္ပြန္းရဲ႕ကိုယ္ပြားေလးကိုေတာ့မဆုံးရွံုးခ်င္‌‌ေတာ့ပါဘူး။ က်မရဲ႕သားေလးသည္ေဆး႐ုံတက္ကတည္းကဂ်က္ကီကိုေခၚေပးဆိုတာႀကီးပဲေျပာေနခဲ့ပါတယ္။ယခုအခ်ိန္ထိေန႔ရက္တိုင္းလဲမ်က္ရည္က်ရပါတယ္ပူေလာင္ေနရပါတယ္။ ဒီေန႔ဆိုရင္သားႀကီးဝမ္းနည္းမႈကေတာ္ေတာ္ႀကီးမားေနပါတယ္ ဂ်က္ကီေလးျပန္လာမယ္ဆိုလို႔ေတာင္ဟင္းေတြခ်က္ထားဖို႔ပူဆာေနခဲ့တာပါ။က်မမိသားစုတန္းဖိုးထားရတဲ့အရာေတြကိုထပ္ပီးမဆုံးရွံးုခ်င္ေတာ့ပါဘူး။ လူေတြထင္သလိုအိမ္ေစာင့္ေခြးလဲမဟုတ္ခဲ့ပါ။ က်မရဲ႕ခင္ပြန္းသြားေလရာေခၚသြားပါတယ္အေကာင္းဆုံးထားတယ္ဆိုတာက်မခင္ပြန္းတာဝန္က်ရာၿမိဳ႕ကမိတ္ေဆြတိုင္းသိပါတယ္။ က်မခင္ပြန္း႐ုံးပိတ္ရက္ရန္ကုန္ျပန္လာတိုင္းက်မတို႔မိသားစုအခန္းထဲမွာေနပီးကေလးေတြနဲ႔ေပ်ာ္႐ြင္စြာေဆာ့ကစားတဲ့ဂ်က္ကီေလးပါ။က်မသည္လဲဂ်က္ကီအားမိသားစုတစ္ေယာက္အေနနဲ႔ပဲသတ္မွတ္ထားပါတယ္။က်မခင္ပြန္းကလဲမိသားစုအေၾကာင္းဖုန္းေျပာတဲ့အခ်ိန္ဆိုဂ်က္ကီအေၾကာင္းအၿမဲပါပါတယ္။

က်မသည္ျဖစ္ရပ္ဆိုးႀကီးအားျဖတ္သန္းခဲ့ရတဲ့အတြက္အခ်ိဳ႕ေသာလူေတြနဲ႔အတိုက္အခံမျဖစ္ေအာင္ေနခ်င္ပါတယ္။ဒီအေၾကာင္းအရာမေျပာျပပဲထားခ်င္ခဲ့ေပမဲ့အဆင္မေျပေတာ့လို႔ပါ။ဂ်က္ကီကက်မတို႔မိသားစုကိုလြမ္းေနမွာပါ၊က်မတို႔မိသားစုပူေလာင္ျခင္းမ်ားစြာနဲ႔ဂ်က္ကီကိုလြမ္းေနပါတယ္။က်မတို႔မိသားစုအတြက္က်မတို႔မိသားစုဝင္ဂ်က္ကီေလးလိုအပ္ပါတယ္၊ယခုမွျပန္လည္တည္ေဆာက္ေနတဲ့က်မတို႔မိသားစုရဲ႕စိတ္ခံစားခ်က္ကိုနားလည္ေပးၾကပါ။ ယခုညဆရာဝန္အန္တီအားဖုန္းဆက္ခဲ့ပါတယ္။ဂ်က္ကီအားက်မကိုမတိုင္ပင္အေၾကာင္းမၾကားပဲသူကိုလာေပးေသာကိုသန႔္စင္ဆိုသူအားယခုညျပန္လည္ေပးအပ္လိုက္ပီးဂ်က္ကီအားစြန႔္လြတ္လိုက္ၿပီဟုေျပာပါတယ္။ ကိုသန႔္စင္ကိုဒီေန႔မွေတြ႕ဖူးေသာ္လည္းစကားေျပာရာတြင္စိတ္သေဘာထားခ်င္းမတိုက္ဆိုင္ခဲ့ပါ၊ယခုလက္ရွိဂ်က္ကီအားယူထားေသာကိုသန႔္စင္ကိုညိဳးငယ္ေသာစိတ္ထားျဖင့္ေတာင္းပန္အပ္ပါတယ္။ဂ်က္ကီေလးအားယခုခ်က္ခ်င္းျပန္လိုခ်င္ပါတယ္က်မရဲ႕သားေလးက်မတို႔မိသားစုအတြက္သနားေသာအားျဖင့္ျပန္လည္ေပးအပ္ေပးပါ။ အေျခအတင္လဲစကားမမ်ားခ်င္ပါဘူး၊ေအးခ်မ္းစြာေပ်ာ္႐ြင္ျခင္းနဲ႔ပဲအဆုံးသတ္ခ်င္ပါတယ္။

အေဖမရွိေတာ့လို႔ဒီလိုျဖစ္တာ ဆိုတဲ့သားေလးရဲ႕စကားကို အေဖမရွိ‌ေတာ့ေပမဲ့အေမတစ္ေယာက္အေန နဲ႔ သူတို႔‌ေလး‌ေတြရဲ႕ေရွ႕မားမားမတ္မတ္ရပ္တည္ၿပီး ဂ်က္ဂီကိုရေအာင္ေခၚေပးပါရေစ။ ေစတနာျဖင့္ေစာင့္ေရွာက္ခဲ့ေသာဆရာဝန္အန္တီမွစြန႔္လြတ္လိုက္ပီးျဖစ္ေသာေၾကာင့္ယခုဂ်က္ကီအားလက္ဝယ္တြင္ရွိေသာကိုသန႔္စင္ဂ႐ုဏာစိတ္ပရဟိတစိတ္ျဖင့္ဂ်က္ကီအားအျမန္ဆုံးျပန္လည္ေပးအပ္ဖို႔ေတာင္းပန္အပ္ပါတယ္။ ႏွစ္ဘက္စလုံးအဆင္ေျပသြားမွာပါ အန္တ‌ီကိုေတြ႕ၿပီးကိုယ့္ဟာကိုယ္ညႇိပါလို႔ ကိုသန႔္ဇင္ေျပာခဲ့ပါတယ္။ အန္တီေဒါက္တာကသူစြန႔္လြတ္လိုက္ပါၿပီဟု‌ေျပာသည့္အတြက္‌ေၾကာင့္ဂ်က္ဂီကိုလာ‌ေခၚခြင့္ျပဳပါ။ ဂ်က္ကီအားသတ္ဖို႔မေျပာခဲ့သလိုမည္သူကိုမွေပးဖို႔မေျပာခဲ့ပါ။ ဂ်က္ကီအားကယ္တင္ေပးခဲ့ေသာကိုေအာင္ေက်ာ္မိုးႏွင့္ဂ်က္ဂီအားမိမိပိုင္ၿခံတြင္ေစတနာျဖင့္လက္ခံ၊ေစာင့္ေရွာက္ေပးခဲ့ေသာညီမေလးႏွင္းအိ၊ ဂ်က္ကီေလးအားဂ႐ုဏာစိတ္သားသမီးစိတ္ေစတနာျဖင့္‌ေကြၽး‌ေမြး‌ေစာင့္‌ေရွာက္‌ေပးခဲ့‌ေသာဆရာမႀကီးေဒါက္တာခင္လင္းသူတို႔အားလံုးကိုေက်းဇူးတင္ပါတယ္။ ေက်းဇူးတင္ထိုက္သူအားလုံးကိုလဲေက်းဇူးတင္ပါတယ္။

Credit to Original

UNICODE

ဂျက်ဂီလေး ကျမတို့မိသားစုဆီပြန်လာနိုင်ရန်ဆုတောင်းပေးသောမိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။ အတူနေရဖို့ ဆက်လက်၍ဆုတောင်းပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။ မနေ့ကကျမရဲ့တူလေးကဂျက်ဂီကိုလက်ခံ‌ကျွေး‌မွေးထား‌သော ဆရာဝန်ဒေါက်တာအန်တီနဲ့အဆက်အသွယ်ရပီးယနေ့၂၆.၅.၂၀၂၀ ညနေ၄နာရီအချိန်တွင်ဂျက်ကီလေးအားပြန်လည်ရမဲ့အထင်နဲ့သွားရောက်စောင့်ဆိုင်းခဲ့ပါသည်။ဆရာဝန်အန်တီရဲ့သဘောတူညီချက်အရဂျက်ကီကိုကျမတို့ခေါ်လို့လိုက်လျှင်ခေါ်ယူသွားနိုင်ကြောင်းမလိုက်လျှင်ဆရာမကြီးအားပေးပါမယ်ဆိုပီးဆရာမကြီးဘက်ကိုကြည့်ပေးခဲ့ပါတယ်။ တကယ်လက်တွေ့ရောက်လာတဲ့အချိန်တွင်ဂျက်ကီလေးလဲမပါလာခဲ့ပါ၊ အဝေးကနေမျှော်လင့်ချက်တွေနဲ့ သွားခဲ့ပါတယ်။ ရောဂါလုံးဝပျောက်ကင်းပီးအပြင်မှာQဝင်တဲ့ရက်ပါပြည့်ပီးခဲ့သော်လဲမလိုလားအပ်သောပြသနာဖြစ်မှာဆိုးလို့အပြင်မထွက်ခဲ့ပါ။ ဂျက်ကီလေးအတွက်မဖြစ်မနေအပြင်ထွက်လာခဲ့ရသော်လဲလက်တွေ့မှာဂျက်ကီလေးမပါလာတဲ့အပြင် ဒေါက်တာအန်တီနှင့်အတူ ကိုသန့်စင်အပါအဝင်လူ၈ယောက်ခန့်ကား၃စီးနဲ့ရောက်လာခဲ့ပါတယ်။ ကျမကလဲလူ၅ယောက်ထက်ပိုမစုဝေးရဆိုတဲ့အချက်ကြောင့်ကျမနှင့်အတူ ၊ကျမတူ‌လေး၊ကျွန်မတို့ကိုကားမောင်းပို့ပေးတဲ့ကျမအကိုပဲပါခဲ့ပါတယ်

အသက်၁၀နှစ်အောက်ကလေး၂ယောက်ပြန်ဖယ်လိုက်မယ်ဆိုရင်ဒီလူ၈ယောက်နဲ့စကားပြောနိုင်သူဆိုရင် ကျမရယ် ကျမတူလေးရယ်ပဲရှိတာပါ။ဂျက်ကီလေးမပါလာပဲညိုနှိုင်းမဲ့အကြောင်းခွေးလေးတစ်ကောင်အစားပြန်ပေးမဲ့အကြောင်းပဲပြောနေပါတယ်နောက်ဆုံးစကားပြောလို့အဆင်မပြေတဲ့အဆုံးမှာအန်တီဒေါက်တာကသူပင်ပန်းနေပြီဖြစ်ကြောင်းနောက်နေ့မှပြောမယ်ဖြစ်ကြောင်းနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်။ကျမလက်မလျော့ပဲနောက်တစ်ကြိမ်ဆရာမကြီးကားနောက်လိုက်ပီးတောင်းပန်ပီးထပ်ပြောခဲ့ပါတယ်။ ဆရာမကြီးပြောတာကလုံးဝမဆက်သွယ်ပါနဲ့သူလူတွေနဲ့သာဆက်သွယ်မှာဖြစ်ကြောင်းပြောကြားရင်းနောက်ဆုံးမှာတော့ကျမရဲ့သားလေးရယ်ကျမရယ်ရင်ထဲအဆင်မပြေတော့လို့မျက်ရည်တွေနဲ့သာတွေ့ဆုံမှုကိုအဆုံးသတ်ခဲ့ရပါတယ်။ ကျမသည်ကျမရဲ့အိမ်ထောင်ဦးစီးကိုဆုံးရှူံးခဲ့ပီးပါပြီ၊ကျမခင်ပွန်းရဲ့ကိုယ်ပွားလေးကိုတော့မဆုံးရှုံးချင်‌‌တော့ပါဘူး။ ကျမရဲ့သားလေးသည်ဆေးရုံတက်ကတည်းကဂျက်ကီကိုခေါ်ပေးဆိုတာကြီးပဲပြောနေခဲ့ပါတယ်။ယခုအချိန်ထိနေ့ရက်တိုင်းလဲမျက်ရည်ကျရပါတယ်ပူလောင်နေရပါတယ်။ ဒီနေ့ဆိုရင်သားကြီးဝမ်းနည်းမှုကတော်တော်ကြီးမားနေပါတယ် ဂျက်ကီလေးပြန်လာမယ်ဆိုလို့တောင်ဟင်းတွေချက်ထားဖို့ပူဆာနေခဲ့တာပါ။ကျမမိသားစုတန်းဖိုးထားရတဲ့အရာတွေကိုထပ်ပီးမဆုံးရှံးုချင်တော့ပါဘူး။ လူတွေထင်သလိုအိမ်စောင့်ခွေးလဲမဟုတ်ခဲ့ပါ။ ကျမရဲ့ခင်ပွန်းသွားလေရာခေါ်သွားပါတယ်အကောင်းဆုံးထားတယ်ဆိုတာကျမခင်ပွန်းတာဝန်ကျရာမြို့ကမိတ်ဆွေတိုင်းသိပါတယ်။ ကျမခင်ပွန်းရုံးပိတ်ရက်ရန်ကုန်ပြန်လာတိုင်းကျမတို့မိသားစုအခန်းထဲမှာနေပီးကလေးတွေနဲ့ပျော်ရွင်စွာဆော့ကစားတဲ့ဂျက်ကီလေးပါ။ကျမသည်လဲဂျက်ကီအားမိသားစုတစ်ယောက်အနေနဲ့ပဲသတ်မှတ်ထားပါတယ်။ကျမခင်ပွန်းကလဲမိသားစုအကြောင်းဖုန်းပြောတဲ့အချိန်ဆိုဂျက်ကီအကြောင်းအမြဲပါပါတယ်။

ကျမသည်ဖြစ်ရပ်ဆိုးကြီးအားဖြတ်သန်းခဲ့ရတဲ့အတွက်အချို့သောလူတွေနဲ့အတိုက်အခံမဖြစ်အောင်နေချင်ပါတယ်။ဒီအကြောင်းအရာမပြောပြပဲထားချင်ခဲ့ပေမဲ့အဆင်မပြေတော့လို့ပါ။ဂျက်ကီကကျမတို့မိသားစုကိုလွမ်းနေမှာပါ၊ကျမတို့မိသားစုပူလောင်ခြင်းများစွာနဲ့ဂျက်ကီကိုလွမ်းနေပါတယ်။ကျမတို့မိသားစုအတွက်ကျမတို့မိသားစုဝင်ဂျက်ကီလေးလိုအပ်ပါတယ်၊ယခုမှပြန်လည်တည်ဆောက်နေတဲ့ကျမတို့မိသားစုရဲ့စိတ်ခံစားချက်ကိုနားလည်ပေးကြပါ။ ယခုညဆရာဝန်အန်တီအားဖုန်းဆက်ခဲ့ပါတယ်။ဂျက်ကီအားကျမကိုမတိုင်ပင်အကြောင်းမကြားပဲသူကိုလာပေးသောကိုသန့်စင်ဆိုသူအားယခုညပြန်လည်ပေးအပ်လိုက်ပီးဂျက်ကီအားစွန့်လွတ်လိုက်ပြီဟုပြောပါတယ်။ ကိုသန့်စင်ကိုဒီနေ့မှတွေ့ဖူးသော်လည်းစကားပြောရာတွင်စိတ်သဘောထားချင်းမတိုက်ဆိုင်ခဲ့ပါ၊ယခုလက်ရှိဂျက်ကီအားယူထားသောကိုသန့်စင်ကိုညိုးငယ်သောစိတ်ထားဖြင့်တောင်းပန်အပ်ပါတယ်။ဂျက်ကီလေးအားယခုချက်ချင်းပြန်လိုချင်ပါတယ်ကျမရဲ့သားလေးကျမတို့မိသားစုအတွက်သနားသောအားဖြင့်ပြန်လည်ပေးအပ်ပေးပါ။ အခြေအတင်လဲစကားမများချင်ပါဘူး၊အေးချမ်းစွာပျော်ရွင်ခြင်းနဲ့ပဲအဆုံးသတ်ချင်ပါတယ်။

အဖေမရှိတော့လို့ဒီလိုဖြစ်တာ ဆိုတဲ့သားလေးရဲ့စကားကို အဖေမရှိ‌တော့ပေမဲ့အမေတစ်ယောက်အနေ နဲ့ သူတို့‌လေး‌တွေရဲ့ရှေ့မားမားမတ်မတ်ရပ်တည်ပြီး ဂျက်ဂီကိုရအောင်ခေါ်ပေးပါရစေ။ စေတနာဖြင့်စောင့်ရှောက်ခဲ့သောဆရာဝန်အန်တီမှစွန့်လွတ်လိုက်ပီးဖြစ်သောကြောင့်ယခုဂျက်ကီအားလက်ဝယ်တွင်ရှိသောကိုသန့်စင်ဂရုဏာစိတ်ပရဟိတစိတ်ဖြင့်ဂျက်ကီအားအမြန်ဆုံးပြန်လည်ပေးအပ်ဖို့တောင်းပန်အပ်ပါတယ်။ နှစ်ဘက်စလုံးအဆင်ပြေသွားမှာပါ အန်တ‌ီကိုတွေ့ပြီးကိုယ့်ဟာကိုယ်ညှိပါလို့ ကိုသန့်ဇင်ပြောခဲ့ပါတယ်။ အန်တီဒေါက်တာကသူစွန့်လွတ်လိုက်ပါပြီဟု‌ပြောသည့်အတွက်‌ကြောင့်ဂျက်ဂီကိုလာ‌ခေါ်ခွင့်ပြုပါ။ ဂျက်ကီအားသတ်ဖို့မပြောခဲ့သလိုမည်သူကိုမှပေးဖို့မပြောခဲ့ပါ။ ဂျက်ကီအားကယ်တင်ပေးခဲ့သောကိုအောင်ကျော်မိုးနှင့်ဂျက်ဂီအားမိမိပိုင်ခြံတွင်စေတနာဖြင့်လက်ခံ၊စောင့်ရှောက်ပေးခဲ့သောညီမလေးနှင်းအိ၊ ဂျက်ကီလေးအားဂရုဏာစိတ်သားသမီးစိတ်စေတနာဖြင့်‌ကျွေး‌မွေး‌စောင့်‌ရှောက်‌ပေးခဲ့‌သောဆရာမကြီးဒေါက်တာခင်လင်းသူတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကိုလဲကျေးဇူးတင်ပါတယ်။

Credit to Original

Leave a Comment