ဘြဲ႕မရလည္း ေနပါေစ ေက်ာင္းေတြ ျပန္မဖြင့္ေပးႏိုင္ဘူး လို႔ ျပတ္ျပတ္သားသား ေျပာလိုက္တဲ့ ဖိလစ္ပိုင္ သမၼတ

Covid-19 ကူးစက္ေရာဂါအတြက္ ကာကြယ္ေဆးမရမခ်င္း ေက်ာင္းသားမ်ားကို ေက်ာင္းျပန္တက္ခြင့္ေပးမွာ မဟုတ္ေၾကာင္း ဖိလစ္ပိုင္သမၼတဒူတာေတးက ေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံတခ်ိဳ႕မွာ ေက်ာင္းမ်ားျပန္ဖြင့္ၿပီး သင္ၾကားမႈေတြ ျပန္လည္စတင္ေနၿပီျဖစ္ေသာ္လည္း ဖိလစ္ပိုင္ သမၼတက ယခုကဲ့သို႔ေျပာၾကားလိုက္ျခင္း ျဖစ္ပါတယ္။

သို႔ေသာ္ ေမ ၂၅ ရက္ ေနာက္ပိုင္း ေျပာၾကားခဲ့မႈတြင္ သမၼတဒူတာေတးက “လက္ရွိ အေျခအေန မွာ ေက်ာင္းေတြ ျပန္ဖြင့္ရန္မွာ အႏၲရာယ္ႀကီးပါတယ္။ ေက်ာင္းသားေတြရဲ႕ အသက္အတြက္ အာမမခံႏိုင္ေသးပါဘူး”ဟုဆိုသည္။ကာကြယ္ေဆးရရွိဖို႔က နံပါတ္တစ္ ဦးစားေပးကိစၥျဖစ္ၿပီး ကာကြယ္ေဆးရရွိမွ အရာရာအဆင္ေျပပါလိမ့္မယ္၊ တကယ္လို႔ တစ္ေယာက္မွ ဘြဲ႕မရလည္း မတတ္ႏိုင္ဘူး” လို႔ ၄င္းက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ကပ္ေရာဂါကူးစက္မႈစတင္ျဖစ္ပြားေနာက္ မတ္လမွာ မူလတန္းနဲ႔ အလယ္တန္းေက်ာင္း​ေတြကို ပိတ္ထားခဲ့ၿပီး၊ ဩဂုတ္လကုန္မွာ ေက်ာင္းသားေတြကို ေက်ာင္းျပန္တက္ရန္ မူလက စီစဥ္ထားခဲ့ပါတယ္။

Covid-19 ကာကြယ္ေဆးရရွိဖို႔ တစ္ကမာၻလုံးကသုေတသနပညာရွင္ေတြ အသည္းအသန္ ႀကိဳးပမ္းေနၾကေသာ္လည္း ဘယ္ႏိုင္ငံကမွ ကာကြယ္ေဆးကို ဦးစြာတီထြင္ ေဖာ္ထုတ္ႏိုင္ၿပီး အေျမာက္အျမား ထုတ္လုပ္ျဖန႔္ခ်ိႏိုင္မည္ကို မ ခန႔္မွန္းႏိုင္ေသးပါဘူး။ ဖိလစ္ပိုင္ႏိုင္ငံမွာ စာသင္ေက်ာင္းေတြကို ပုံမွန္အားျဖင့္ ဇြန္လမွ ဧၿပီလအထိ ဖြင့္လွစ္သင္ၾကားေလ့ရွိပါတယ္။ ဒါေပမယ့္ ကူးစက္မႈျမင့္တက္ေနတဲ့ အေျခအေနေၾကာင့္ အစိုးရက ေက်ာင္းေတြကို ဆက္လက္ပိတ္ထားၿပီး တစ္ႏိုင္ငံလုံးကို အဝင္အထြက္ ကန႔္သတ္ပိတ္ဆို႔မႈ တင္းက်ပ္စြာ ခ်မွတ္ထားပါတယ္။

Source – AFP
Credit WE Media

UNICODE 

Covid-19 ကူးစက်ရောဂါအတွက် ကာကွယ်ဆေးမရမချင်း ကျောင်းသားများကို ကျောင်းပြန်တက်ခွင့်ပေးမှာ မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက ပြောကြားခဲ့ပါတယ်။ နိုင်ငံတချို့မှာ ကျောင်းများပြန်ဖွင့်ပြီး သင်ကြားမှုတွေ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ဖိလစ်ပိုင် သမ္မတက ယခုကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

သို့သော် မေ ၂၅ ရက် နောက်ပိုင်း ပြောကြားခဲ့မှုတွင် သမ္မတဒူတာတေးက “လက်ရှိ အခြေအနေ မှာ ကျောင်းတွေ ပြန်ဖွင့်ရန်မှာ အန္တရာယ်ကြီးပါတယ်။ ကျောင်းသားတွေရဲ့ အသက်အတွက် အာမမခံနိုင်သေးပါဘူး”ဟုဆိုသည်။ကာကွယ်ဆေးရရှိဖို့က နံပါတ်တစ် ဦးစားပေးကိစ္စဖြစ်ပြီး ကာကွယ်ဆေးရရှိမှ အရာရာအဆင်ပြေပါလိမ့်မယ်၊ တကယ်လို့ တစ်ယောက်မှ ဘွဲ့မရလည်း မတတ်နိုင်ဘူး” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

ကပ်ရောဂါကူးစက်မှုစတင်ဖြစ်ပွားနောက် မတ်လမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ပိတ်ထားခဲ့ပြီး၊ ဩဂုတ်လကုန်မှာ ကျောင်းသားတွေကို ကျောင်းပြန်တက်ရန် မူလက စီစဉ်ထားခဲ့ပါတယ်။

Covid-19 ကာကွယ်ဆေးရရှိဖို့ တစ်ကမ္ဘာလုံးကသုတေသနပညာရှင်တွေ အသည်းအသန် ကြိုးပမ်းနေကြသော်လည်း ဘယ်နိုင်ငံကမှ ကာကွယ်ဆေးကို ဦးစွာတီထွင် ဖော်ထုတ်နိုင်ပြီး အမြောက်အမြား ထုတ်လုပ်ဖြန့်ချိနိုင်မည်ကို မ ခန့်မှန်းနိုင်သေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ စာသင်ကျောင်းတွေကို ပုံမှန်အားဖြင့် ဇွန်လမှ ဧပြီလအထိ ဖွင့်လှစ်သင်ကြားလေ့ရှိပါတယ်။ ဒါပေမယ့် ကူးစက်မှုမြင့်တက်နေတဲ့ အခြေအနေကြောင့် အစိုးရက ကျောင်းတွေကို ဆက်လက်ပိတ်ထားပြီး တစ်နိုင်ငံလုံးကို အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု တင်းကျပ်စွာ ချမှတ်ထားပါတယ်။

Source – AFP
Credit WE Media

Leave a Comment