မောင်လေးတွေရဲ့ မမ အေးဝတ်ရည်သောင်းရဲ့ ဒီကနေ့ ကျရောက်တဲ့ အသက် (၃၆)နှစ်ပြည့်မွေးနေ့




Source: Aye Thaung’s fb

UNICODE

သောင်းညီအစ်မတွေထဲက အလတ်လေးဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ အသက် (၁၃)နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာသူတစ်ယောက်ပါပဲ။ အေးဝတ်ရည်သောင်းက လွန်လေခဲ့တဲ့နှစ်တွေက အနုပညာလောကထဲက ခဏတာပျောက်ကွယ်သွားခဲ့ပြီး “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း မအေးသောင်းရယ်လို့ ချစ်စနိုးလေးခေါ်ပြီး ဒီနေ့ဒီအချိန်ထိ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ မေလ (၂၇) ရက်နေ့ကတော့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက (၁၉၈၄) ခုနှစ်မှာ ဖွားမြင်ခဲ့သူဖြစ်တာမို့ ဒီနှစ်မှာ သူမရဲ့ အသက် (၃၆) နှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းရမှာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ အသက် (၃၆)နှစ်အရွယ်ထိတိုင် ငယ်ငယ်ကအတိုင်း မပြောင်းလဲပဲ ရင့်ကျက်မှုတွေနဲ့ ပိုလို့တောင် လှလာသေးတယ်နော်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး အေးဝတ်ရည်သောင်းအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Source: Aye Thaung’s fb
Credit – Cele Connections

Leave a Comment