မီးေလာင္တဲ့အထဲ ေနအိမ္ပါသြားတဲ့ ဇာတ္အဖြဲ႕က လူ(၅)ေယာက္ကို ကူညီေပးသြားမယ့္ ယုန္ေလး

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ယုန္ေလးကေတာ့ အမွန္တကယ္ အကူအညီလိုအပ္ေနတဲ့ သူေတြကို လိုက္လံကူညီေပးေနတာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။ အခုတစ္ေခါက္မွာလည္း မီးေဘးအႏၲရာယ္နဲ႔ႀကဳံရၿပီး မီးေလာင္တဲ့ အထဲ ေနအိမ္ပါသြားခဲ့တဲ့ ဇာတ္သဘင္က ညီမေလး (၅)ေယာက္အတြက္ကိုလည္း ကူညီေပးသြားဦးမွာပါ။

အခုလို Covid ေၾကာင့္ ဇာတ္သဘင္ေတြနားထားရခ်ိန္မွာ ျပည္ႀကီးတံခြန္ရပ္ကြက္ မီးေလာင္မႈမွာ ဇာတ္အဖြဲ႕က ညီမေလး(၅)ေယာက္ရဲ႕ ေနအိမ္ေတြ မီးထဲပါသြားတယ္ဆိုတဲ့ သတင္းကိုၾကားေတာ့ စိတ္မေကာင္းျဖစ္မိတာေၾကာင့္ ယုန္ေလးက (၂)သိန္း၊ ပိုင္တံခြန္က (၅)သိန္းနဲ႔ ကိုၿဖိဳး Pioneer က (၃)သိန္း မတည္ၿပီး လႉဒါန္းေပးသြာမွာပဲျဖစ္ပါတယ္။တျခားေသာသူေတြလည္း ကူညီမႈမွာ ပါဝင္ေပးၾကဖို႔ ယုန္ေလးက ေမတၱာရပ္ခံထားပါေသးတယ္။

ပရိသတ္ႀကီးေရ ယုန္ေလးရဲ႕ အမွန္တကယ္ ဒုကၡေရာက္ေနတဲ့ သူေတြကို လိုက္လ့ကူညီေနတဲ့ စိတ္ထားေလးကေတာ့ မြန္ျမတ္လြန္းလွတဲ့ စိတ္ထားေလးပါပဲ။ အခုလို ကူညီတဲ့ အျပင္ ယုန္ေလးက ဇာတ္သဘင္ေလာကမွ ေန႔စား အႏုပညာရွင္ ယိမ္းသမမ်ား အားလုံးကို သူ႔ရဲ႕ သီခ်င္းမွန္ သမွ် အႏုပညာေၾကးေပးစရာမလိုဘဲ လြတ္လြတ္လပ္လပ္ ဆိုႏိုင္ပါတယ္လို႔လည္း ခြင့္ျပဳေပးလိုက္ပါေသးတယ္။

Credit – CeleGabar
Source – Yone Lay

UNICODE

ပရိသတ်တွေရဲ့ အချစ်တော် ယုန်လေးကတော့ အမှန်တကယ် အကူအညီလိုအပ်နေတဲ့ သူတွေကို လိုက်လံကူညီပေးနေတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ အခုတစ်ခေါက်မှာလည်း မီးဘေးအန္တရာယ်နဲ့ကြုံရပြီး မီးလောင်တဲ့ အထဲ နေအိမ်ပါသွားခဲ့တဲ့ ဇာတ်သဘင်က ညီမလေး (၅)ယောက်အတွက်ကိုလည်း ကူညီပေးသွားဦးမှာပါ။

အခုလို Covid ကြောင့် ဇာတ်သဘင်တွေနားထားရချိန်မှာ ပြည်ကြီးတံခွန်ရပ်ကွက် မီးလောင်မှုမှာ ဇာတ်အဖွဲ့က ညီမလေး(၅)ယောက်ရဲ့ နေအိမ်တွေ မီးထဲပါသွားတယ်ဆိုတဲ့ သတင်းကိုကြားတော့ စိတ်မကောင်းဖြစ်မိတာကြောင့် ယုန်လေးက (၂)သိန်း၊ ပိုင်တံခွန်က (၅)သိန်းနဲ့ ကိုဖြိုး Pioneer က (၃)သိန်း မတည်ပြီး လှူဒါန်းပေးသွာမှာပဲဖြစ်ပါတယ်။တခြားသောသူတွေလည်း ကူညီမှုမှာ ပါဝင်ပေးကြဖို့ ယုန်လေးက မေတ္တာရပ်ခံထားပါသေးတယ်။

ပရိသတ်ကြီးရေ ယုန်လေးရဲ့ အမှန်တကယ် ဒုက္ခရောက်နေတဲ့ သူတွေကို လိုက်လ့ကူညီနေတဲ့ စိတ်ထားလေးကတော့ မွန်မြတ်လွန်းလှတဲ့ စိတ်ထားလေးပါပဲ။ အခုလို ကူညီတဲ့ အပြင် ယုန်လေးက ဇာတ်သဘင်လောကမှ နေ့စား အနုပညာရှင် ယိမ်းသမများ အားလုံးကို သူ့ရဲ့ သီချင်းမှန် သမျှ အနုပညာကြေးပေးစရာမလိုဘဲ လွတ်လွတ်လပ်လပ် ဆိုနိုင်ပါတယ်လို့လည်း ခွင့်ပြုပေးလိုက်ပါသေးတယ်။

Credit – CeleGabar
Source – Yone Lay

Leave a Comment