လမ္း မ ေပါက္ ၊ စာသင္ေက်ာင္း မရွိတဲ ႔ရြာေလး မွာ တာ၀န္က် တဲ႔ ေက်ာင္းဆရာေလး ရဲ႕ အံ႔မခန္း စြမ္းေဆာင္မႈ မ်ား …

လြယ္ပတ္ ေက်း႐ြာ ကို ေက်ာင္းဆရာျပန္ေရာက္ လာလို႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြ နဲ႕အတူ ႐ြာသားေတြ က ေပ်ာ္႐ႊင္ၾကေပ မယ့္ ဒါဟာ ေက်ာင္းဆရာ ရဲ႕ ေနာက္ဆုံး အႀကိမ္ အျဖစ္ ျပန္ေရာက္လာတာ ကိုေတာ့ သူတို႔ေတြ မသိၾက ပါဘူး ။ ေက်ာင္း ဆရာျဖစ္သူ မိုင္းထြန္းေ႐ႊ ကိုယ္တိုင္ကလည္း သူတို႔ကို မေျပာျပပါဘူး။ သူတို႔ေတြ စိတ္မေကာင္းျဖစ္တာ ကို မျမင္ခ်င္ လို႔ မေျပာျပတာ လို႔ မိုင္းထြန္းေ႐ႊ က ေျပာ ပါတယ္ ။လြယ္ပတ္ေက်း႐ြာ ဟာ တန႔္ယန္းၿမိဳ႕နယ္ထဲက ေက်း႐ြာတစ္႐ြာျဖစ္ၿပီး ေတာင္တန္းပတ္ပတ္လည္ရဲ႕ၾကားမွာ အိမ္တန္းရွည္ေတြနဲ႕ အင္မတန္လွပတဲ့ ေက်း႐ြာေလးျဖစ္ ပါတယ္ ။ဒီေက်း႐ြာေလး ကို လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၁၀ လပိုင္းက မိုင္းထြန္းေ႐ႊနဲ႕ မိုင္းေနဗီရွင္းဆိုတဲ့ လူႏွစ္ေယာက္က ေက်ာင္းဆရာလုပ္ဖို႔ ေရာက္လာၾကပါတယ္။ သူတို႔ႏွစ္ေယာက္ ဟာ TEI လို႔ေခၚတဲ့ တအာင္းပညာေရး အင္စတီက်ဴ႕က ဦးစီးဦးေဆာင္ဖြင့္လွစ္ထားတဲ့ ကိုယ္ထူကိုယ္ထစာသင္ေက်ာင္းမွာ စာသင္ၾကားေပးဖို႔ လာေရာက္ၾကတာျဖစ္ ပါတယ္ ။ ဒါဟာ လြယ္ပတ္ေက်း႐ြာ ရဲ႕ တစ္သက္တာ မွာ ပထမဆုံး ေက်ာင္းစဖြင့္ျခင္း၊ ေက်ာင္းဆရာရွိဖူးျခင္း ျဖစ္ပါတယ္။

လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ၿမိဳ႕ျပနဲ႕ အင္မတန္ေဝးလံ တဲ့ ဒီေက်း႐ြာေလးဟာ စာသင္ေက်ာင္းရွိဖို႔ ေနေနသာသာ ေက်း႐ြာလမ္းေတာင္ ၿခဳံႏြယ္ပိတ္ေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ၿပီးမွသာ ေရာက္နိုင္မွာ ျဖစ္ ပါတယ္ ။ဒီေက်း႐ြာကို ေရာက္ရွိ ဖို႔ ေက်ာင္းဆရာျဖစ္သူ မိုင္းထြန္းေ႐ႊနဲ႕ မိုင္းေနဗီးရွင္းတို႔ဟာ နာရီေပါင္းမ်ားစြာ လမ္းေလွ်ာက္ၿပီးမွသာ ေရာက္လာၾကပါတယ္။ အဲဒီအခ်ိန္က မိုးရာသီျဖစ္တဲ့အတြက္ လမ္းေတြဟာ လည္း ႐ြံ႕ေတြ ပြက္ေတြ နဲ႕ အင္မတန္ ခက္ခဲၾကမ္းတမ္း တဲ့ လမ္းခရီးပါ ။မိုင္းထြန္းေ႐ႊက “စစေရာက္တုန္းက ကိုယ္မျမင္ဖူးတဲ့ အရာေတြ သက္ကယ္အိမ္ေတြဆိုေတာ့ တစ္မ်ိဳးႀကီးပဲ။ ႐ြာသားေတြနဲ႕လည္း ယုံၾကည္မႈေတြ သိပ္မရွိေတာ့ စိတ္ထဲေနလို႔မေကာင္းဘူး။ ဒီတိုင္းေနလည္း မထူးဘူးဆိုၿပီး ႐ြာသားေတြ နဲ႕ ဘယ္လို အဆင္ေျပေအာင္ေနမလဲ အၿမဲစဥ္းစားျဖစ္တယ္။ စာသင္ေက်ာင္းေတြ ေဆာက္မယ္ဆိုေတာ့ လည္း သူတို႔က စာသင္ေက်ာင္းဆိုတာ မရွိဖူးဘူးေလ။ လုပ္ေပးမယ္ပဲ ေျပာတယ္ ။ အဲတုန္းက သူ တို႔ လုပ္ခ်င္စိတ္ မရွိဘူး ” လို႔ ေျပာပါတယ္။

ေက်ာင္းဖြင့္ခ်ိန္ ၄ လေက်ာ္ၿပီး မွသာ ဖြင့္ရတဲ့အတြက္ စာသင္ေက်ာင္းကို ယာယီအားျဖင့္ ဘုန္းႀကီးေက်ာင္းရဲ႕ ဇရပ္မွာပဲ သင္ေစခဲ့ပါတယ္။ အဲတုန္းက ေက်ာင္းတက္တဲ့ ေက်ာင္းသားဦေရဟာ ၄၀ ဝန္းက်င္သာ ရွိတာမို႔ အိမ္ေထာင္စုေပါင္း ၈၇ အိမ္ရွိေန တဲ့ ဒီေက်း႐ြာ မွာ ေက်ာင္းတက္ တဲ့ ကေလးဦးေရဟာ အင္မတန္ နည္းပါတယ္။ေနာက္ပိုင္း မွာေတာ့ ေက်ာင္းေန ႐ြယ္ကေလးေတြ ေက်ာင္းတက္လာဖို႔ ေက်ာင္းဆရာ ၂ ေယာက္ဟာ ေက်း႐ြာထဲကို တစ္အိမ္တက္တစ္အိမ္ဆင္းသြားေရာက္ခဲ့ၿပီး ပညာေရးရဲ႕ ေကာင္းက်ိဳးကို ရွင္းျပရပါေတာ့တယ္။“ေက်ာင္းလုပ္ ဖို႔ အစည္းအေဝးေခၚ လည္း အဆင္ မေျပေတာ့ တစ္အိမ္တက္ တစ္အိမ္ဆင္း ေက်ာင္းဖြင့္ရျခင္းရဲ႕ အက်ိဳးရလဒ္ေတြ ေျပာျပၿပီး စည္း႐ုံးတယ္။ ေက်ာင္းဖြင့္ရင္ ဘယ္လိုဖြံ႕ၿဖိဳးတိုးတက္ လာမယ္ ။ ၿပီးေတာ့ ကေလးေတြ ပညာတတ္ရင္ ဘယ္လို အက်ိဳးရွိမလဲ အာေပါက္ေအာင္ ရွင္းျပခဲ့ရတယ္” လို႔ မိုင္းထြန္းေ႐ႊက ေျပာ ပါတယ္ ။

ေနာက္ပိုင္း မွာေတာ့ ေက်း႐ြာသားေတြဟာ ေက်ာင္းဆရာ ႏွစ္ေယာက္ရဲ႕ စည္း႐ုံးမႈေတြေၾကာင့္ စာသင္ေက်ာင္း စတင္ေဆာက္လုပ္ပါေတာ့တယ္။ စာသင္ေက်ာင္းေဆာင္ တစ္ေဆာင္ နဲ႕ ေက်ာင္းကပ္ရပ္မွာ ေက်ာင္းဆရာေတြ ေနထိုင္ဖို႔ အိမ္ေသးတစ္လုံးပါ ထပ္ေဆာက္ေပးပါတယ္။ေနာက္ပိုင္း မွာေတာ့ ေက်ာင္းဆရာ ၂ ေယာက္ဟာ တစ္ဆင့္တိုးၿပီး ၿမိဳ႕ျပနဲ႕ ေဝးလြန္းတာမို႔ ခရီးသြားခရီးလာလို႔ ပိုမိုအဆင္ေျပေအာင္ ဆိုင္ကယ္လမ္းေဖာက္လုပ္ဖို႔ စတင္စည္း႐ုံး ပါေတာ့ တယ္ ။ ဒါ့အျပင္ တစ္႐ြာနဲ႕တစ္႐ြာ သြားလာေနတဲ့ လမ္းေတြကိုလည္း ၿခဳံေတြမရွိေအာင္ ရွင္းဖို႔လည္း စည္း႐ုံးရပါတယ္။“အရင္တုန္းက ေျခလ်င္ နဲ႕လာတာ အဆင္မေျပဘူး။ ကြၽန္ေတာ္လည္း အဲေလာက္ခရီးေဝး မသြားဖူးဘူးေလ။ ဆိုင္ကယ္လမ္းကို ႐ြာသားေတြသာ စည္းလုံးညီၫြတ္မႈရွိရင္ ရနိုင္တယ္ဆိုၿပီးေတာ့ ေဖာက္ တယ္ ။ တစ္႐ြာနဲ႕တစ္႐ြာ သြားဖို႔ဆိုလည္း ၿခဳံေတြနဲ႕ ျပည့္ေနတယ္။ ႐ြာသားေတြကို ေခၚတယ္။ အခ်ိဳ႕က မသြားခ်င္ဘူး။ အဲဒါကို သူတို႔ဆီသြားၿပီး ဓားေတြ ေပါက္တူးေတြ ယူၿပီး ကိုယ္တိုင္လုပ္မွ သူတို႔လိုက္လုပ္လာတာ။ အဲကေန တစ္ျဖည္းျဖည္း သူတို႔နဲ႕ ယုံၾကည္မႈရွိလာတာ” ဆိုၿပီး မိုင္းထြန္းေ႐ႊက ႀကဳံေတြ႕ခဲ့ရတဲ့ အေျခအေနကို ေျပာျပ ပါတယ္ ။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အၿပီးမွာ လြယ္ပတ္ေက်း႐ြာ ဟာ ဆိုင္ကယ္လမ္း ေပါက္သြားသလို ေက်ာင္းေန႐ြယ္ ကေလးငယ္ေတြ တိုးလာပါတယ္။ ဒါ့အျပင္ ေက်ာင္းဆရာ ၂ ေယာက္ဟာ ေက်း႐ြာသားေတြရဲ႕ ယုံၾကည္မႈကိုလည္း ရသြားတယ္ လို႔ ဆိုရမွာျဖစ္ပါတယ္။၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ေရာက္ေတာ့ မိုင္းေနဗီးရွင္းဟာ ရွမ္းျပည္ေတာင္ပိုင္း ဘက္ တာဝန္က်သြားၿပီး မိုင္းထြန္းေ႐ႊကေတာ့ လြယ္ပတ္ေက်း႐ြာေက်ာင္းဆရာအျဖစ္ ထပ္လုပ္ရျပန္ပါတယ္။ ေနာက္ေက်ာင္းဆရာအသစ္တစ္ဦးနဲ႕အတူေပါ့ ။

ဒီႏွစ္မွာေတာ့ လြယ္ပတ္ေက်း႐ြာမွာ ေရရရွိဖို႔ ပထမဆုံးလုပ္ငန္းစဥ္ အျဖစ္ ေက်ာင္းဆရာ ၂ ေယာက္က စတင္ႀကိဳးစားၾကပါတယ္။ လြယ္ပတ္ေက်း႐ြာခံေတြ ေရသြားေရာက္ ခပ္ယူတဲ့ေနရာဟာ ေဝးလြန္းတာမို႔ ေရတစ္ပုံးရရွိဖို႔ အင္မတန္ ခက္ခဲပါတယ္။“ေရလည္း ေရစီးေခ်ာင္းမွာ အေဝးႀကီးသြားခပ္ရတာ။ သူတို႔အလုပ္ကလည္း ညေနာက္က်မွ ျပန္လာၾကတာ။ အဲဒါနဲ႕ ေရကို ေရစီးေခ်ာင္းကေန ႐ြာေရာက္လာတဲ့အထိ ဝါးနဲ႕လုပ္ဖို႔ စည္း႐ုံးတယ္။ အဲဒါလုပ္ေတာ့ ဝါးေတြ အမ်ားႀကီး ကုန္တယ္။ ေရေရာက္ေတာ့ ေရပိုက္အလႉရွင္ေတြ လိုက္ရွာေပးေတာ့ အလႉရွင္ရလာတယ္။ အခုဆို ေရလည္း အဆင္ေျပလာတယ္” လို႔ မိုင္းထြန္းေ႐ႊက ေျပာပါတယ္။တစ္စတစ္စ ဖြံ႕ၿဖိဳးတိုးတက္လာတဲ့ လြယ္ပတ္ေက်း႐ြာမွာ ေက်ာင္းဆရာ မိုင္းထြန္းေ႐ႊနဲ႕ ေက်း႐ြာသားေတြ ဆက္ဆံေရးဟာလည္း မိသားစုသဖြယ္ ျဖစ္လာပါေတာ့တယ္။ ဆိုင္ကယ္လမ္းေပါက္လို႔ ေက်း႐ြာသားေတြကလည္း ဆိုင္ကယ္ကို စတင္ဝယ္စီးလာပါေတာ့တယ္။စာသင္ေက်ာင္းေဆာင္ဟာလည္း တျဖည္းျဖည္းတိုးတက္လာၿပီး ၿခံဝင္းဟာလည္း က်ယ္လာပါတယ္။ ေက်ာင္းသားေတြထိုင္ဖို႔ ထိုင္ခုံေတြကလည္း ဝါးကေန သစ္ေတြအျဖစ္ ေျပာင္းလဲလာပါတယ္။ ေက်ာင္းဆရာရဲ႕ ၿခံဝင္းဟာလည္း အၿမဲတမ္း သန႔္ရွင္းသပ္ရပ္ေနတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ေက်း႐ြာသားေတြဟာ စာသင္ေက်ာင္းဝင္းနဲ႕ ေက်ာင္းဆရာတို႔ရဲ႕အေဆာင္ကို ေန႕စဥ္သန႔္ရွင္းေရး လာလုပ္ ေပးၾကပါတယ္။ ဟင္းေကာင္းရွိရင္လည္း ေက်ာင္းဆရာကို ပထမဦးဆုံး လာေရာက္ေပးၾကသလို ေက်ာင္းဆရာ စားဝတ္ေနေရး အဆင္ေျပေအာင္လည္း ေက်း႐ြာသားေတြက စဥ္ဆက္မပ်က္ ေထာက္ပံ့ေပးခဲ့ၾကပါတယ္။မိုင္းထြန္းေ႐ႊဟာ လြယ္ပတ္ေက်း႐ြာကို ကားလမ္းေပါက္ဖို႔ စိတ္ဆႏၵရွိတဲ့အတြက္ ေက်း႐ြာသားေတြနဲ႕ လမ္းေဖာက္လုပ္ဖို႔ စည္း႐ုံးခဲ့ပါတယ္။ တကယ္တမ္း ကားလမ္းေပါက္ဖို႔ဟာ အင္မတန္ ခက္ခဲပါတယ္။အေၾကာင္းအရင္းကေတာ့ ေဖာက္လုပ္ရမယ့္လမ္းဟာ အင္မတန္ေဝးလြန္းသလို ေဖာက္ရမယ့္လမ္းဟာလည္း ေက်ာက္ေတြ အင္မတန္မ်ားတာမို႔ ျဖစ္နိုင္ေျခက နည္းပါတယ္။ ဒါေၾကာင့္ ေက်း႐ြာသားေတြက အလုပ္မ်ားေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေပးၿပီး ေက်ာင္းဆရာျဖစ္သူ မိုင္းထြန္းေ႐ႊရဲ႕ စည္း႐ုံးမႈကို ေခါင္းေရွာင္ၾကပါတယ္။

“ကြၽန္ေတာ္ သူတို႔ကိုေျပာတာ။ ခင္ဗ်ားတို႔အလုပ္က တစ္သက္လုံး လုပ္လို႔လည္း ၿပီးမွာမဟုတ္ဘူး။ ဒီလမ္းဆိုတာက လုပ္မွၿပီးမွာ။ အကုန္လုံး တစ္ခါတည္းၿပီးဖို႔ လုပ္ရမယ္ေျပာတာ မဟုတ္ဘူး။ နည္းနည္းခ်င္း လုပ္ရမယ္လို႔ ေျပာတာလို႔ သူတို႔ကို ေျပာလိုက္တယ္” ဆိုၿပီး သူက ဆိုပါတယ္။သီတင္းကြၽတ္ေက်ာင္းပိတ္ရက္ေရာက္ေတာ့ မိုင္းထြန္းေ႐ႊဟာ သ့ူရဲ႕ဇာတိ႐ြာျဖစ္တဲ့ ကြတ္ခိုင္ၿမိဳ႕နယ္ ေလာ့ခြမ္အုပ္စု ဝဂၤကာဘာေက်း႐ြာကို ျပန္သြားပါတယ္။အဲဒီေနာက္မွာေတာ့ ႐ြာသားေတြဟာ ကိုယ့္အဝတ္အစား၊ ကိုယ္အစားအေသာက္ကိုယ္စီနဲ႕ ေပါက္တူး၊ ေပါက္ျပားေတြ ထမ္းၿပီး လမ္းမွာတင္ ညအိပ္ၿပီးေတာ့ ကားလမ္း သြားေဖာက္ပါေတာ့တယ္။ ပိတ္ရက္ၿပီးေတာ့ မိုင္းထြန္းေ႐ႊက ျပန္လာပါတယ္။“ကြၽန္ေတာ္ထင္တာက သူတို႔ကြၽန္ေတာ့္ကို စိတ္ဆိုးလို႔ လုပ္တယ္မွတ္ၿပီး စိတ္မေကာင္းျဖစ္ေနတာ။ သူတို႔ကို ျပန္ေမးၾကည့္ေတာ့ သူတို႔က ငါတို႔ဆရာေကာင္းဖို႔အတြက္ ခိုင္းတာကို ငါတို႔က ျငင္းေနတာ မျဖစ္သင့္ဘူးဆိုၿပီးေတာ့ လာလုပ္တာတဲ့” လို႔ ေျပာပါတယ္။

ေက်ာင္းဆရာ၂ ဦးစလုံးအပါအဝင္ ႐ြာသားေတြဟာ လမ္းမွာညအိပ္ၿပီး လမ္းေတြေဖာက္လုပ္ပါေတာ့တယ္။ အစားအေသာက္ အခက္အခဲျဖစ္လာတာေၾကာင့္ ကိုယ္ထူကိုယ္ထ လမ္းေဖာက္လုပ္တာကိုျမင္ၿပီး အနယ္နယ္ရပ္ရပ္က အလႉရွင္ေတြက လာေရာက္လႉဒါန္းတာေၾကာင့္ လမ္းေဖာက္တာ အဆင္ေျပလာပါတယ္။ကားလမ္းကို မနားတမ္းေဖာက္လုပ္လာၿပီး ၄၅ ရက္အၾကာမွေတာ့ လမ္းေဖာက္တာ ေအာင္ျမင္စြာ ၿပီးဆုံးသြား ပါေတာ့တယ္။ လမ္းဖြင့္ပြဲမွာေတာ့ ကားတစ္စီးဟာ လြယ္ပတ္႐ြာကို ပထမဆုံးအျဖစ္ ေရာက္ရွိလာၾကပါေတာ့တယ္။

ဒီလိုနဲ႕ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ဟာ ၿပီးဆုံးသြားလို႔ ေက်ာင္းဆရာ ႏွစ္ေယာက္ဟာ ေနရပ္ကိုယ္စီျပန္ၾကပါ ေတာ့တယ္။ ေက်ာင္းဆရာ မိုင္းထြန္းေ႐ႊက မဖြံ႕ၿဖိဳးမတိုးတက္ေသးတဲ့ ေက်း႐ြာတစ္႐ြာကို ထပ္မံ တာဝန္ထမ္းေဆာင္ခ်င္တာေၾကာင့္ ဖြံ႕ၿဖိဳးသင့္သေလာက္ ဖြံ႕ၿဖိဳးလာေနတဲ့ လြယ္ပတ္ေက်း႐ြာမွာ တာဝန္ မထမ္းေဆာင္ေတာ့ဘူးလို႔ ေျပာပါတယ္။ေဆာင္းပါးေရးသူတို႔ လြယ္ပတ္ေက်း႐ြာေရာက္တိုင္း ႐ြာသားေတြက ေက်ာင္းဆရာ မိုင္းထြန္းေ႐ႊ ဘယ္ေတာ့ ျပန္လာမလဲလို႔ အၿမဲလိုလို ေမးပါတယ္။“ဒီႏွစ္လည္း အဲဒီေက်ာင္းဆရာပဲ ျပန္လာမွာမလား” လို႔ ႐ြာသားေတြက မၾကာခဏ ေမးေလ့ရွိပါတယ္။သံေယာဇဥ္ မပ်က္နိုင္တဲ့ မိုင္းထြန္းေ႐ႊဟာ လြယ္ပတ္ေက်း႐ြာကို ၿပီးခဲ့တဲ့ ေမလ ၁၉ ရက္မွာ သြားေရာက္ခဲ့ပါတယ္။ ဒါဟာ ႐ြာသားေတြကို ေနာက္ဆုံးႏႈတ္ဆက္ဖို႔ လာတယ္ဆိုတာကို မသိတဲ့အတြက္ အကုန္လုံးက ဝမ္းသာၾကပါတယ္။“ကြၽန္ေတာ္ ဒီ႐ြာမွာ ေက်ာင္းဆရာလာမလုပ္ေတာ့ဘူးလို႔ သူတို႔ကို မေျပာျပဘူး။ သူတို႔ ဝမ္းနည္းမွာ ေၾကာက္တယ္။ သူတို႔က ျပန္လာမွာလားေမးေတာ့ ကြၽန္ေတာ္က မသိေသးဘူးလို႔ပဲ ေျပာထားတယ္။ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ေက်ာင္းဆရာ သက္တမ္းမွာ အျခားဒီလို႐ြာေတြ သြားခ်င္ေသးတယ္ေလ။ အားရင္ေတာ့ လြယ္ပတ္ကို လာအုံးမွာပါ” လို႔ ေျပာပါတယ္။႐ြာသားေတြကေတာ့ ေက်ာင္းဖြင့္ခ်ိန္ေရာက္ရင္ ႐ြာအက်ိဳး သယ္ပိုးေဆာင္႐ြက္ခဲ့တဲ့ မိုင္းထြန္းေ႐ႊကို ဧကန္မလြဲ ေစာင့္ေမွ်ာ္ေနၾကမွာပါ။

Credit to Original
ဓာတ္ပုံ – မိုင္းထြန္းေ႐ႊ
ေက်ာင္းဆရာ #လြယ္ပတ္ #ႏႈတ္ဆက္ခ်ိန္

UNICODE

လွယ်ပတ် ကျေးရွာ ကို ကျောင်းဆရာပြန်ရောက် လာလို့ ကျောင်းသူ၊ ကျောင်းသားတွေ နဲ့အတူ ရွာသားတွေ က ပျော်ရွှင်ကြပေ မယ့် ဒါဟာ ကျောင်းဆရာ ရဲ့ နောက်ဆုံး အကြိမ် အဖြစ် ပြန်ရောက်လာတာ ကိုတော့ သူတို့တွေ မသိကြ ပါဘူး ။ ကျောင်း ဆရာဖြစ်သူ မိုင်းထွန်းရွှေ ကိုယ်တိုင်ကလည်း သူတို့ကို မပြောပြပါဘူး။ သူတို့တွေ စိတ်မကောင်းဖြစ်တာ ကို မမြင်ချင် လို့ မပြောပြတာ လို့ မိုင်းထွန်းရွှေ က ပြော ပါတယ် ။လွယ်ပတ်ကျေးရွာ ဟာ တန့်ယန်းမြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပြီး တောင်တန်းပတ်ပတ်လည်ရဲ့ကြားမှာ အိမ်တန်းရှည်တွေနဲ့ အင်မတန်လှပတဲ့ ကျေးရွာလေးဖြစ် ပါတယ် ။ဒီကျေးရွာလေး ကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ၁၀ လပိုင်းက မိုင်းထွန်းရွှေနဲ့ မိုင်းနေဗီရှင်းဆိုတဲ့ လူနှစ်ယောက်က ကျောင်းဆရာလုပ်ဖို့ ရောက်လာကြပါတယ်။ သူတို့နှစ်ယောက် ဟာ TEI လို့ခေါ်တဲ့ တအာင်းပညာရေး အင်စတီကျူ့က ဦးစီးဦးဆောင်ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာ စာသင်ကြားပေးဖို့ လာရောက်ကြတာဖြစ် ပါတယ် ။ ဒါဟာ လွယ်ပတ်ကျေးရွာ ရဲ့ တစ်သက်တာ မှာ ပထမဆုံး ကျောင်းစဖွင့်ခြင်း၊ ကျောင်းဆရာရှိဖူးခြင်း ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြို့ပြနဲ့ အင်မတန်ဝေးလံ တဲ့ ဒီကျေးရွာလေးဟာ စာသင်ကျောင်းရှိဖို့ နေနေသာသာ ကျေးရွာလမ်းတောင် ခြုံနွယ်ပိတ်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှသာ ရောက်နိုင်မှာ ဖြစ် ပါတယ် ။ဒီကျေးရွာကို ရောက်ရှိ ဖို့ ကျောင်းဆရာဖြစ်သူ မိုင်းထွန်းရွှေနဲ့ မိုင်းနေဗီးရှင်းတို့ဟာ နာရီပေါင်းများစွာ လမ်းလျှောက်ပြီးမှသာ ရောက်လာကြပါတယ်။ အဲဒီအချိန်က မိုးရာသီဖြစ်တဲ့အတွက် လမ်းတွေဟာ လည်း ရွံ့တွေ ပွက်တွေ နဲ့ အင်မတန် ခက်ခဲကြမ်းတမ်း တဲ့ လမ်းခရီးပါ ။မိုင်းထွန်းရွှေက “စစရောက်တုန်းက ကိုယ်မမြင်ဖူးတဲ့ အရာတွေ သက်ကယ်အိမ်တွေဆိုတော့ တစ်မျိုးကြီးပဲ။ ရွာသားတွေနဲ့လည်း ယုံကြည်မှုတွေ သိပ်မရှိတော့ စိတ်ထဲနေလို့မကောင်းဘူး။ ဒီတိုင်းနေလည်း မထူးဘူးဆိုပြီး ရွာသားတွေ နဲ့ ဘယ်လို အဆင်ပြေအောင်နေမလဲ အမြဲစဉ်းစားဖြစ်တယ်။ စာသင်ကျောင်းတွေ ဆောက်မယ်ဆိုတော့ လည်း သူတို့က စာသင်ကျောင်းဆိုတာ မရှိဖူးဘူးလေ။ လုပ်ပေးမယ်ပဲ ပြောတယ် ။ အဲတုန်းက သူ တို့ လုပ်ချင်စိတ် မရှိဘူး ” လို့ ပြောပါတယ်။

ကျောင်းဖွင့်ချိန် ၄ လကျော်ပြီး မှသာ ဖွင့်ရတဲ့အတွက် စာသင်ကျောင်းကို ယာယီအားဖြင့် ဘုန်းကြီးကျောင်းရဲ့ ဇရပ်မှာပဲ သင်စေခဲ့ပါတယ်။ အဲတုန်းက ကျောင်းတက်တဲ့ ကျောင်းသားဦရေဟာ ၄၀ ဝန်းကျင်သာ ရှိတာမို့ အိမ်ထောင်စုပေါင်း ၈၇ အိမ်ရှိနေ တဲ့ ဒီကျေးရွာ မှာ ကျောင်းတက် တဲ့ ကလေးဦးရေဟာ အင်မတန် နည်းပါတယ်။နောက်ပိုင်း မှာတော့ ကျောင်းနေ ရွယ်ကလေးတွေ ကျောင်းတက်လာဖို့ ကျောင်းဆရာ ၂ ယောက်ဟာ ကျေးရွာထဲကို တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ခဲ့ပြီး ပညာရေးရဲ့ ကောင်းကျိုးကို ရှင်းပြရပါတော့တယ်။“ကျောင်းလုပ် ဖို့ အစည်းအဝေးခေါ် လည်း အဆင် မပြေတော့ တစ်အိမ်တက် တစ်အိမ်ဆင်း ကျောင်းဖွင့်ရခြင်းရဲ့ အကျိုးရလဒ်တွေ ပြောပြပြီး စည်းရုံးတယ်။ ကျောင်းဖွင့်ရင် ဘယ်လိုဖွံ့ဖြိုးတိုးတက် လာမယ် ။ ပြီးတော့ ကလေးတွေ ပညာတတ်ရင် ဘယ်လို အကျိုးရှိမလဲ အာပေါက်အောင် ရှင်းပြခဲ့ရတယ်” လို့ မိုင်းထွန်းရွှေက ပြော ပါတယ် ။

နောက်ပိုင်း မှာတော့ ကျေးရွာသားတွေဟာ ကျောင်းဆရာ နှစ်ယောက်ရဲ့ စည်းရုံးမှုတွေကြောင့် စာသင်ကျောင်း စတင်ဆောက်လုပ်ပါတော့တယ်။ စာသင်ကျောင်းဆောင် တစ်ဆောင် နဲ့ ကျောင်းကပ်ရပ်မှာ ကျောင်းဆရာတွေ နေထိုင်ဖို့ အိမ်သေးတစ်လုံးပါ ထပ်ဆောက်ပေးပါတယ်။နောက်ပိုင်း မှာတော့ ကျောင်းဆရာ ၂ ယောက်ဟာ တစ်ဆင့်တိုးပြီး မြို့ပြနဲ့ ဝေးလွန်းတာမို့ ခရီးသွားခရီးလာလို့ ပိုမိုအဆင်ပြေအောင် ဆိုင်ကယ်လမ်းဖောက်လုပ်ဖို့ စတင်စည်းရုံး ပါတော့ တယ် ။ ဒါ့အပြင် တစ်ရွာနဲ့တစ်ရွာ သွားလာနေတဲ့ လမ်းတွေကိုလည်း ခြုံတွေမရှိအောင် ရှင်းဖို့လည်း စည်းရုံးရပါတယ်။“အရင်တုန်းက ခြေလျင် နဲ့လာတာ အဆင်မပြေဘူး။ ကျွန်တော်လည်း အဲလောက်ခရီးဝေး မသွားဖူးဘူးလေ။ ဆိုင်ကယ်လမ်းကို ရွာသားတွေသာ စည်းလုံးညီညွတ်မှုရှိရင် ရနိုင်တယ်ဆိုပြီးတော့ ဖောက် တယ် ။ တစ်ရွာနဲ့တစ်ရွာ သွားဖို့ဆိုလည်း ခြုံတွေနဲ့ ပြည့်နေတယ်။ ရွာသားတွေကို ခေါ်တယ်။ အချို့က မသွားချင်ဘူး။ အဲဒါကို သူတို့ဆီသွားပြီး ဓားတွေ ပေါက်တူးတွေ ယူပြီး ကိုယ်တိုင်လုပ်မှ သူတို့လိုက်လုပ်လာတာ။ အဲကနေ တစ်ဖြည်းဖြည်း သူတို့နဲ့ ယုံကြည်မှုရှိလာတာ” ဆိုပြီး မိုင်းထွန်းရွှေက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြ ပါတယ် ။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အပြီးမှာ လွယ်ပတ်ကျေးရွာ ဟာ ဆိုင်ကယ်လမ်း ပေါက်သွားသလို ကျောင်းနေရွယ် ကလေးငယ်တွေ တိုးလာပါတယ်။ ဒါ့အပြင် ကျောင်းဆရာ ၂ ယောက်ဟာ ကျေးရွာသားတွေရဲ့ ယုံကြည်မှုကိုလည်း ရသွားတယ် လို့ ဆိုရမှာဖြစ်ပါတယ်။၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရောက်တော့ မိုင်းနေဗီးရှင်းဟာ ရှမ်းပြည်တောင်ပိုင်း ဘက် တာဝန်ကျသွားပြီး မိုင်းထွန်းရွှေကတော့ လွယ်ပတ်ကျေးရွာကျောင်းဆရာအဖြစ် ထပ်လုပ်ရပြန်ပါတယ်။ နောက်ကျောင်းဆရာအသစ်တစ်ဦးနဲ့အတူပေါ့ ။

ဒီနှစ်မှာတော့ လွယ်ပတ်ကျေးရွာမှာ ရေရရှိဖို့ ပထမဆုံးလုပ်ငန်းစဉ် အဖြစ် ကျောင်းဆရာ ၂ ယောက်က စတင်ကြိုးစားကြပါတယ်။ လွယ်ပတ်ကျေးရွာခံတွေ ရေသွားရောက် ခပ်ယူတဲ့နေရာဟာ ဝေးလွန်းတာမို့ ရေတစ်ပုံးရရှိဖို့ အင်မတန် ခက်ခဲပါတယ်။“ရေလည်း ရေစီးချောင်းမှာ အဝေးကြီးသွားခပ်ရတာ။ သူတို့အလုပ်ကလည်း ညနောက်ကျမှ ပြန်လာကြတာ။ အဲဒါနဲ့ ရေကို ရေစီးချောင်းကနေ ရွာရောက်လာတဲ့အထိ ဝါးနဲ့လုပ်ဖို့ စည်းရုံးတယ်။ အဲဒါလုပ်တော့ ဝါးတွေ အများကြီး ကုန်တယ်။ ရေရောက်တော့ ရေပိုက်အလှူရှင်တွေ လိုက်ရှာပေးတော့ အလှူရှင်ရလာတယ်။ အခုဆို ရေလည်း အဆင်ပြေလာတယ်” လို့ မိုင်းထွန်းရွှေက ပြောပါတယ်။တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာတဲ့ လွယ်ပတ်ကျေးရွာမှာ ကျောင်းဆရာ မိုင်းထွန်းရွှေနဲ့ ကျေးရွာသားတွေ ဆက်ဆံရေးဟာလည်း မိသားစုသဖွယ် ဖြစ်လာပါတော့တယ်။ ဆိုင်ကယ်လမ်းပေါက်လို့ ကျေးရွာသားတွေကလည်း ဆိုင်ကယ်ကို စတင်ဝယ်စီးလာပါတော့တယ်။စာသင်ကျောင်းဆောင်ဟာလည်း တဖြည်းဖြည်းတိုးတက်လာပြီး ခြံဝင်းဟာလည်း ကျယ်လာပါတယ်။ ကျောင်းသားတွေထိုင်ဖို့ ထိုင်ခုံတွေကလည်း ဝါးကနေ သစ်တွေအဖြစ် ပြောင်းလဲလာပါတယ်။ ကျောင်းဆရာရဲ့ ခြံဝင်းဟာလည်း အမြဲတမ်း သန့်ရှင်းသပ်ရပ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ကျေးရွာသားတွေဟာ စာသင်ကျောင်းဝင်းနဲ့ ကျောင်းဆရာတို့ရဲ့အဆောင်ကို နေ့စဉ်သန့်ရှင်းရေး လာလုပ် ပေးကြပါတယ်။ ဟင်းကောင်းရှိရင်လည်း ကျောင်းဆရာကို ပထမဦးဆုံး လာရောက်ပေးကြသလို ကျောင်းဆရာ စားဝတ်နေရေး အဆင်ပြေအောင်လည်း ကျေးရွာသားတွေက စဉ်ဆက်မပျက် ထောက်ပံ့ပေးခဲ့ကြပါတယ်။မိုင်းထွန်းရွှေဟာ လွယ်ပတ်ကျေးရွာကို ကားလမ်းပေါက်ဖို့ စိတ်ဆန္ဒရှိတဲ့အတွက် ကျေးရွာသားတွေနဲ့ လမ်းဖောက်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်။ တကယ်တမ်း ကားလမ်းပေါက်ဖို့ဟာ အင်မတန် ခက်ခဲပါတယ်။အကြောင်းအရင်းကတော့ ဖောက်လုပ်ရမယ့်လမ်းဟာ အင်မတန်ဝေးလွန်းသလို ဖောက်ရမယ့်လမ်းဟာလည်း ကျောက်တွေ အင်မတန်များတာမို့ ဖြစ်နိုင်ခြေက နည်းပါတယ်။ ဒါကြောင့် ကျေးရွာသားတွေက အလုပ်များနေတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး ကျောင်းဆရာဖြစ်သူ မိုင်းထွန်းရွှေရဲ့ စည်းရုံးမှုကို ခေါင်းရှောင်ကြပါတယ်။

“ကျွန်တော် သူတို့ကိုပြောတာ။ ခင်ဗျားတို့အလုပ်က တစ်သက်လုံး လုပ်လို့လည်း ပြီးမှာမဟုတ်ဘူး။ ဒီလမ်းဆိုတာက လုပ်မှပြီးမှာ။ အကုန်လုံး တစ်ခါတည်းပြီးဖို့ လုပ်ရမယ်ပြောတာ မဟုတ်ဘူး။ နည်းနည်းချင်း လုပ်ရမယ်လို့ ပြောတာလို့ သူတို့ကို ပြောလိုက်တယ်” ဆိုပြီး သူက ဆိုပါတယ်။သီတင်းကျွတ်ကျောင်းပိတ်ရက်ရောက်တော့ မိုင်းထွန်းရွှေဟာ သ့ူရဲ့ဇာတိရွာဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် လော့ခွမ်အုပ်စု ဝင်္ဂကာဘာကျေးရွာကို ပြန်သွားပါတယ်။အဲဒီနောက်မှာတော့ ရွာသားတွေဟာ ကိုယ့်အဝတ်အစား၊ ကိုယ်အစားအသောက်ကိုယ်စီနဲ့ ပေါက်တူး၊ ပေါက်ပြားတွေ ထမ်းပြီး လမ်းမှာတင် ညအိပ်ပြီးတော့ ကားလမ်း သွားဖောက်ပါတော့တယ်။ ပိတ်ရက်ပြီးတော့ မိုင်းထွန်းရွှေက ပြန်လာပါတယ်။“ကျွန်တော်ထင်တာက သူတို့ကျွန်တော့်ကို စိတ်ဆိုးလို့ လုပ်တယ်မှတ်ပြီး စိတ်မကောင်းဖြစ်နေတာ။ သူတို့ကို ပြန်မေးကြည့်တော့ သူတို့က ငါတို့ဆရာကောင်းဖို့အတွက် ခိုင်းတာကို ငါတို့က ငြင်းနေတာ မဖြစ်သင့်ဘူးဆိုပြီးတော့ လာလုပ်တာတဲ့” လို့ ပြောပါတယ်။

ကျောင်းဆရာ၂ ဦးစလုံးအပါအဝင် ရွာသားတွေဟာ လမ်းမှာညအိပ်ပြီး လမ်းတွေဖောက်လုပ်ပါတော့တယ်။ အစားအသောက် အခက်အခဲဖြစ်လာတာကြောင့် ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ်တာကိုမြင်ပြီး အနယ်နယ်ရပ်ရပ်က အလှူရှင်တွေက လာရောက်လှူဒါန်းတာကြောင့် လမ်းဖောက်တာ အဆင်ပြေလာပါတယ်။ကားလမ်းကို မနားတမ်းဖောက်လုပ်လာပြီး ၄၅ ရက်အကြာမှတော့ လမ်းဖောက်တာ အောင်မြင်စွာ ပြီးဆုံးသွား ပါတော့တယ်။ လမ်းဖွင့်ပွဲမှာတော့ ကားတစ်စီးဟာ လွယ်ပတ်ရွာကို ပထမဆုံးအဖြစ် ရောက်ရှိလာကြပါတော့တယ်။

ဒီလိုနဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဟာ ပြီးဆုံးသွားလို့ ကျောင်းဆရာ နှစ်ယောက်ဟာ နေရပ်ကိုယ်စီပြန်ကြပါ တော့တယ်။ ကျောင်းဆရာ မိုင်းထွန်းရွှေက မဖွံ့ဖြိုးမတိုးတက်သေးတဲ့ ကျေးရွာတစ်ရွာကို ထပ်မံ တာဝန်ထမ်းဆောင်ချင်တာကြောင့် ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးလာနေတဲ့ လွယ်ပတ်ကျေးရွာမှာ တာဝန် မထမ်းဆောင်တော့ဘူးလို့ ပြောပါတယ်။ဆောင်းပါးရေးသူတို့ လွယ်ပတ်ကျေးရွာရောက်တိုင်း ရွာသားတွေက ကျောင်းဆရာ မိုင်းထွန်းရွှေ ဘယ်တော့ ပြန်လာမလဲလို့ အမြဲလိုလို မေးပါတယ်။“ဒီနှစ်လည်း အဲဒီကျောင်းဆရာပဲ ပြန်လာမှာမလား” လို့ ရွာသားတွေက မကြာခဏ မေးလေ့ရှိပါတယ်။သံယောဇဉ် မပျက်နိုင်တဲ့ မိုင်းထွန်းရွှေဟာ လွယ်ပတ်ကျေးရွာကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ သွားရောက်ခဲ့ပါတယ်။ ဒါဟာ ရွာသားတွေကို နောက်ဆုံးနှုတ်ဆက်ဖို့ လာတယ်ဆိုတာကို မသိတဲ့အတွက် အကုန်လုံးက ဝမ်းသာကြပါတယ်။“ကျွန်တော် ဒီရွာမှာ ကျောင်းဆရာလာမလုပ်တော့ဘူးလို့ သူတို့ကို မပြောပြဘူး။ သူတို့ ဝမ်းနည်းမှာ ကြောက်တယ်။ သူတို့က ပြန်လာမှာလားမေးတော့ ကျွန်တော်က မသိသေးဘူးလို့ပဲ ပြောထားတယ်။ကျွန်တော်ကတော့ ကျွန်တော့်ကျောင်းဆရာ သက်တမ်းမှာ အခြားဒီလိုရွာတွေ သွားချင်သေးတယ်လေ။ အားရင်တော့ လွယ်ပတ်ကို လာအုံးမှာပါ” လို့ ပြောပါတယ်။ရွာသားတွေကတော့ ကျောင်းဖွင့်ချိန်ရောက်ရင် ရွာအကျိုး သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မိုင်းထွန်းရွှေကို ဧကန်မလွဲ စောင့်မျှော်နေကြမှာပါ။

Credit to Original
ဓာတ်ပုံ – မိုင်းထွန်းရွှေ
ကျောင်းဆရာ #လွယ်ပတ် #နှုတ်ဆက်ချိန်

Leave a Comment